Technical help

Friday, December 3, 2010

ဒုက္ခဗေဒ



ညဥ့်နက်သန်းခေါင် အိပ်ရေးပျက်သလောက် စာတစ်ပုဒ်မှ ထွက်မလာနိုင်တာလည်း တစ်ဒုက္ခ
မြင်မြင်သမျှ ပြောချင်သမျှ ဟိုကြည့်ဒီကြည့် မျိုမျိုချနေရတာကလည်း တစ်ဒုက္ခ
နောက်ကောက်ကျန်ခဲ့မှာစိုးလို့ ဖီလင်တွေခါချ တကူးတက ဒန်ဒန်ကြည့်ရတာလည်း တစ်ဒုက္ခ
ထူးထွေသည့်အံ့ရာသော် ၀ါကျတွေ မနေမနား ထွေပြား ရှည်လျားပေးရတာလည်း တစ်ဒုက္ခ
ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ်၊ လူမှုကွန်ယက်၊ နက်စကားလုံး သိသိသမျှ စာထဲ ထည့်သုံးနေရတာလည်း တစ်ဒုက္ခ
မသိမသာ အွန်လိုင်းမှာ လူရာဝင်ချင်နေတဲ့ ရောဂါတွေကလည်း တစ်ဒုက္ခ
ကိုယ်ရောက်နေတဲ့တောအုပ် မှောင်မှန်းမသိလင်းမှန်းမသိ မှန်းသန်းရမ်းနေကြတာကလည်း တစ်ဒုက္ခ
ပြောရင်းပြောရင်း အစွန်းရောက်ဒေါသနဲ့ ဃောသသံတွေ ထူလာရတာကလည်း တစ်ဒုက္ခ
အဝေးပြေးလမ်းမကြီးတွေ ထုတ်ချင်းပေါက် ဖြောင့်ဖြူးလွန်းတာကလည်းတစ်ဒုက္ခ
ဘီလီယံဒေါ်လာပရောဂျက်တွေက လည်ပင်းရောက်အောင်ဆို့နေကြတာကလည်း တစ်ဒုက္ခ
ဘယ်ဘက်ကလှည်းတစ်ရာဝင်ပေမယ့် ညာဘက်ကတစ်မှုန် ကြဲမပေးတာကလည်း တစ်ဒုက္ခ
သေစရာရောဂါရှိနေရတဲ့အထဲ နေစရာစားစရာမရှိကြတာကလည်း တစ်ဒုက္ခ
ကျိုးလွယ်ပဲ့လွယ် နှစ်ဆယ့်တစ်ရာစုကို ဖွဖွရွရွလေး ထိန်းကိုင်နေရတာကလည်း တစ်ဒုက္ခ
လောကဓံနဲ့ အမှန်တရားက အရင် ရင်ကြားစေ့သွားကြတာကလည်း တစ်ဒုက္ခ
အိတ်ပေါက်နဲ့ဖားကောက်သလို ပိတ်မရဆို့မရတဲ့ ကိစ္စကလည်း တစ်ဒုက္ခ
သိမ်းထားတဲ့ နောက်ဆုံးဖဲချပ်ကို ဘယ်တော့ထုတ်သုံးမလဲ ချိန်ဆရတာကလည်း တစ်ဒုက္ခ
ဘလက်ခ်ဟိုးလ်းထဲက ဒုက္ခကတ္တရာအိုးကို မဟူရာဆေးသွားဆိုးချင်မိတာကလည်း တစ်ဒုက္ခ။

ပန်ဒိုရာ


20 comments:

  1. ဒုက္ခတွေအကြောင်း စဉ်းစားနေရတာလည်း
    ဒုက္ခ ... :P

    ReplyDelete
  2. မမရဲ့ ဒုက္ခတွေကို လာချောင်းကြည့်သွားတယ်...
    ပျော်ပါစေ မမ

    နှင်း

    ReplyDelete
  3. ဒုက္ခအိုးထဲကကျနော်.
    အမေ့ရဲ့ဒုက္ခအိုးလေး
    ပါတိတ်ဆွဲရတဲ့ဒုက္ခ
    မျိုချ.လူရာဝင်.
    ကိုယ့်ဒုက္ခနဲ့ကိုယ်။
    ရေးချင်လို့ရေးနေတာလား
    လူရာဝင်ချင်လို့ရေးနေတာလားလဲကိုယ့်ကိုယ်ကိုသံသယဖြစ်နေခဲ့.
    သို့ပဒရ

    ReplyDelete
  4. ပုံဆွဲထားတာအတော်ပီပြင်တယ်။
    good nite

    ReplyDelete
  5. စာမေးပွဲ ပရော့ဂျက်တွေ ခေါင်းပေါ်ပုံနေတာတောင် ဘလော့ကို မကြည့်ဘဲ မနေနိုင်တာကလည်း ဒုက္ခ။ :P

    ReplyDelete
  6. ဖတ်လို့ကောင်းသား။ တောဘုန်းကြီး တရားဟောသလိုပ။ သံဝေဂတွေ နာနာလုပ်ပေးပါ။ ကျန်းမာပါစေ။

    ReplyDelete
  7. မောင်မျိုးDecember 3, 2010 at 9:59 AM

    ဒီလိုပဲ ဒုက္ခ နဲ့ ကျနော်လည်း သူတစ်ပြန် ကိုယ်တစ်ပြန် ပုတ်သတ်နေကြတာပဲး)

    ReplyDelete
  8. လောကဓံမိုးတွေကြားထဲမှာ သူလိုကိုယ်လို ဒုက္ခခြုံထည်လေးခြုံ ဒုက္ခမီးလှုံ ဒုက္ခရေနွေးကြမ်းလေးသောက်ရင်း သူ့ ဒုက္ခ ကိုယ့်ဒုက္ခတွေ ပြိုင်ပြိုင်နေရတာလဲ ဒုက္ခ

    ReplyDelete
  9. သြော် ဒုက္ခ ဒုက္ခ ဒုက္ခ ၊ နဲနဲလျှော့ပါ...။

    ReplyDelete
  10. ဒုက္ခဗေဒ ဆိုတာ ရုက္ခဗေဒရဲ့ အမြွှာထင်ပါရဲ့ :-)

    ReplyDelete
  11. အော် ဒုက်ခကိုလဲ အအားမထားပါလားနော် . . .

    ReplyDelete
  12. လူဖြစ်ရတာကိုက ဒုက္ခ....တဲ့....

    ReplyDelete
  13. ဘလက်ခ်ဟိုးလ်းထဲက ဒုက္ခကတ္တရာအိုးကို မဟူရာဆေးသွားဆိုးချင်မိတာကလည်း တစ်ဒုက္ခ။


    ဆေးသွားဆိုးပြီး မဲမှောင် သွားတာလည်း တစ်ဒုက္ခ

    ReplyDelete
  14. အဝေးပြေးလမ်းမကြီး လှည်းတရာဝင်ပေမဲ့ ကတ္တရာအိုးဘယ်တော့ ထုတ်သုံးမလဲ ကလည်းတဒုက္ခ.....
    ( လောလောဆယ်...ကွန်ကရစ်လမ်းကြီးတောင် ခနခန ပျက်နေလို့၊ သည်းခံပါကွယ်)
    ညည့်နက်သန်းခေါင် ဟိုကြည့်ဒီကြည့် ဒန်ဒန်ကြည့်ရတာ တဒုက္ခ
    ( ဒါကတော့ကွယ်...လူရှင်းအောင် စောင့်ပြီးမှ ကြည့်ရတာမို့လား..အဲဒီ..ဒန်..ဒန်..ဒန်..ကြီးက အဟင်း..ပြောချင်တော့ပါဘူး)

    ReplyDelete
  15. အချိန်တွေရှားပါးတဲ့အထဲက အချိန်လုပြီး ဘလော့ဂင်းရတဲ့ဒုက္ခက အရမ်းပင်ပန်းတာပဲ မပန်ရယ်။ :D

    ReplyDelete
  16. မပန်....
    “မသိမသာ အွန်လိုင်းမှာ လူရာဝင်ချင်နေတဲ့ ရောဂါတွေကလည်း တစ်ဒုက္ခ”.........
    အဲ့ဒီမှာ....ရီမိတယ်..........ဟိဟိ.....။
    ဒွတ်ခနော်...........:P

    ခင်မင်ခြင်းအားဖြင့်........
    ဏီလင်းညို

    ReplyDelete
  17. ကိုပန်ဒိုရာရှင့်... ရို့စ် ဘလော့ဂ်လေးကို အလည်ရောက်လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပြန်လာလည်ပြီး စာဖတ်သွားပါတယ်။ ဒါနဲ့ စကားမစပ်လေ ဘာလို့ နာမည်ကို ပန်ဒိုရာလို့ ပေးတာလဲပာင်။ ပိာို အင်္ဂလိပ် ရုပ်ရှင်ကို ကြိုက်လို့လား။ လင့်ခ်ယူသွားတယ်နော်။ ခွင့်တောင်းတာပါ။

    ReplyDelete
  18. ဒေါ်ပန်ရေ ...
    များလိုက်တဲ့ ဒုက္ခတွေပါလားးးး နော်။
    ယမ္ပိစံ္ဆ န လဘတိ တံပံ ဒုက္ခံ တဲ့ ... အနက်ဖွင့်ရရင်တော့ ... ယံ ပိုက်ဆံ ငါ့မှာမရှိ တံပိ ဒုက္ခံ တဲ့။ ဟဲဟဲ နောက်တာပါ။ လိုချင်တာ မရခြင်းသည်လည်း ဆင်းရဲသတဲ့။
    သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာ ဒုက္ခာ ... အကျဉ်းချုပ်ရင် စွဲလမ်းရာ အာရုံဖြစ်တဲ့ ခန္ဓာ ငါးပါးဟာ ဒုက္ခ ပါပဲ ... လို့ ဆိုထားတယ် မဟုတ်လား။ အဟမ်းးး ကြုံတုန်း တရားဟောကြည့်တာ။ ကိုပန်ဒိုရာ :)))

    ReplyDelete
  19. မွေးဖွားလာကတည်းက ပိုးမွှားတွေ ကြားမှာမို့ ငရဲကလူ
    ပြာပူမကြောက် ဆိုသလိုပါလားလို့ ကိုယ့်ကိုယ်ကိုယ်
    နညးနည်းတော့ ဝေဖန်ရေး ကွင်းဆင်းမိလေသလားတောင် မရေမရာပါ ...
    ကာယ ၊ စိတ္တ သုခ နှစ်ဖြာ ပြည့်စုံပါစေ ...
    ငြိမ်းစိုးဦး

    ReplyDelete