Technical help

Tuesday, June 7, 2011

ပြောနေရင်း လိုင်းကျသွားတယ်



ပြောနေရင်း လိုင်းကျသွားတယ်

ပြောတော့ပြောနေတာပဲ ပြောနေရင်း ပြောနေရင်း ဟော ဗြုန်းဆို လိုင်းကျသွားတာ အစကတည်းက လွယ်တာမဟုတ်ဘူး လိုင်းပေါ်ရောက်လာဖို့ကို လိုင်းဝင်လာဖို့ကို လိုင်းမိသွားဖို့ကို လိုင်းတင်ပေးထားရတာ လိုင်းသွင်းပေးထားရတာ လိုင်းချိတ်ပေးထားရတာ ကြားလား ကြားလား ကျားလား ကြောင်လား ပြောရင်း လိုင်းကြောင်သွားပြန်ပြီ လိုင်းဟာ ပြန်တက်ဖို့လုပ်တယ် ကုတ်ကတ်တွယ်ဖက် ခြစ်ခြုပ်ပြီး တက်လာတယ် ပြန်လျှောသွားလိုက် တွယ်တက်လာလိုက် အောက်ခြေကို ဒုတ်ဒုတ်ထိဆင်းသွားလိုက် ပေါလောပေါ်လာလိုက် လိုင်းဟာ ယက်ကန်ယက်ကန်နဲ့ တစ်ယောက်ယောက် ကောက်တင်ပေးလိုက်ရင်တော့ ပိုလွယ်မယ် လိုင်းဟာ လှိုင်းတွေကြားမှာ ပေါ်လိုက်နစ်လိုက် လိုင်းနစ်ရာ ၀ါးကူထိုးပေးကြပါဦး လိုင်းက မောကြီးပန်းကြီး အသံတောင်ပြာနေပြီ ငိုသံပါကြီးနဲ့ လည်ချောင်းသံကြီးနဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေတာ အကြောတွေ တငင်ငင် ဆွဲနေတာ ပြတ်တောင်းတောင်းနဲ့ တက်လာပြန်ပြီ ဟိုမှာတွန့်လိမ်တွန့်လိမ်နဲ့ ထော့ကျိုးထော့ကျိုးနဲ့ လိုင်းမလန့်စေနဲ့ လိုင်းကို ညင်သာစွာကိုင်တွယ်ကြပါ မမြင်ရတော့လည်း ခက်သား မှန်းမှန်းပြီး လိုင်းကို လှမ်းဆယ်နေရတာ လိုင်းပူးနေသလား လိုင်းပြုတ်သွားတာလား ဟိုဖက်မှာက ဘာဖြစ်နေမှန်းမသိ တမင်လွှတ်ချလိုက်တာလား လွတ်ကျသွားသလား အိပ်ပျော်သွားတာလား လန့်နိုးသွားတာလား တစ်ယောက်ယောက် နှောက်ယှက်သလား တစ်ယောက်ယောက် ကူညီသလား အက်ဆီးဒန့်လား အင်ဆီးဒန့်လား သေရေးရှင်ရေးလား အပျော်သက်သက်ပဲလား ကျူနေသလား ချူနေသလား ဟဲလို ဟဲလို အသံကြားလား ဒီစာကြောင်းကို မြင်ရလား ဒီဖောင့်နဲ့အဆင်ပြေရဲ့လား ပြောရင်းဆိုရင်း လိုင်းကျသွားပြန်ပြီ။

ပန်ဒိုရာ
၁၆.၄.၂၀၁၁ - ၂.၆.၂၀၁၁

17 comments:

  1. မပန်ရေ... ဒီမှာလဲ လိုင်းကကျလိုက်တက်လိုက်နဲ့ မနည်းကုတ်ကက်တက်လာရတာ...ခုကွန်မန့်ပေးဖို့ကို ဘုရားသွားရှိခိုးပုတီးစိပ်ပြီးမှရတာ...လိုင်းက တကယ်ပါပဲ.....။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  2. လိုင်းပေါ်မတက်နဲ့ဆို
    တက်လိုက်ကျလိုက်နဲ့ဟာကို
    ပြန်ဆင်းခဲ့လေ
    သြော် ခက်လိုက်တာနော်

    ReplyDelete
  3. လိုင်းကောင်းတုန်းမို့ ၀ိုင်းပြုံတက်တာ ကျိုးကျသွားလို့နေမှာ သတိပေးစာတမ်းကပ်ထားမယ် လိုင်းဝင်သောသူများ ကြည့်ဝင်ပါ အ၀င်မတော်က ကျနိုင်သည်...


    ခင်မင်တဲ့
    seesein

    ReplyDelete
  4. လိုင်း မကျ၊ လိုင်း မကြောင်၊ လိုင်း မပူး၊ လိုင်း မပြုတ်ဖို့အရေးကို လှိုင်းစီးသလို ခံစားမှု အနိမ့်အမြင့်တွေနဲ့ ဖတ်သွားရတာ ကောင်းလိုက်တာ..

    ReplyDelete
  5. လိုင်းဖြုတ်ထားတာလား..ပန်ပန်..။

    (စီဘောက်လိုင်း)

    ReplyDelete
  6. လိုင်းကိုညင်သာစွာကိုင်တွယ်ကြပါ၊
    စိတ်ရှည်ပါ၊ဆန္ဒတွေမစောကြပါနဲ့၊ကွိကွိ

    ReplyDelete
  7. ဟော...ရေးရင်း ရေးရင်း ရေးနေရင်းပဲ လိုင်းခလုတ်တိုက်၊ လိုင်းချော်လဲ၊ လိုင်းဒူးပြဲ...ဟယ်...နိုင်ငံရေးတွေ ပါကုန်ပြီ။ ဟိဟိ...။

    အင်းးးးး လိုင်းကျတဲ့ အကြောင်းလေးလည်း ပန်ပန်တို့လက်ထဲရောက်တော့ ကဗျာဖြစ်သွားသကိုး...ဂွတ်၏။ :)

    ReplyDelete
  8. လိုင်းပေါ်မတက်လို့ကလည်း မဖြစ်
    လူတွေရဲ့ လူမှုရေးက လိုင်းပေါ်မှာပဲ ရှိတာ...

    ပုံ
    လိုင်းပေါ်ကလူ :-)

    ReplyDelete
  9.ဲအဲဒီ့လိုင်းတွေကြားမှာ စိတ်ရှည်သည်းခံမှုတွေ ပြုစုပျိုးထောင်ရတာ ခဏခဏပါပဲ မပန်ရေ

    ReplyDelete
  10. လိုင်း တွေ လှိုင်းထနေတယ်ထင်တယ် မမပန်။း)
    ဟလို ဟလို ကြားလား ကြားလား ဟာကွာပြောနေရင်း လိုင်းကျသွားတယ်။း)

    ခင်မင်လေးစားလျက်

    ReplyDelete
  11. ဒီမှာလည်း လိုင်းမကောင်းဘူး မောက်စ်လည်း ဖိရိုးရိုးနဲ့ တော်တော် ချိုင့်နေပြီး)


    ဟလို ကြားတယ် ကြားတယ် အယ်... လိုင်းကျသွားပြီ

    ReplyDelete
  12. ဟုတ်ပါ့ အရေးကောင်းရင် ဒိန်းဒေါင်ကဖျက်ပြီ..
    ဒီမှာကျူလို့ကောင်းတုန်း သူကကျပြီ.. ဟိဟိ

    ခင်မင်လျှက်
    ကိုကိုးအိမ်(မန္တလေး)

    ထပ်ဖြည့်
    တင်တာတစ်ခါနဲ့မရဘူး ပြုတ်ကျသွားလို့ ထပ်ဖြည့်လိုက်တာ

    ReplyDelete
  13. မနေ့ကတင် လိုင်းပူးခံရသေးတယ်။

    ReplyDelete
  14. အရင်ကတော့ Shrek ကြီးဆို။
    မခေါ်ဘဲနေလိုက်ပါလားအေ။

    ReplyDelete
  15. ကိုအောင်(ပျူနိုင်ငံ)June 10, 2011 at 11:19 PM

    လိုင်းကျတဲ့အချိန်မှာ ပြောနေမိလို့လား ... :P

    ReplyDelete
  16. ပုံရိပ်June 12, 2011 at 11:12 PM

    အင်တာနက်ကဖေးလေးမှာ ကပ်ထားလိုက်ရရင် ကောင်းမယ်။

    ReplyDelete
  17. တောက်ပကြယ်စင်June 17, 2011 at 4:35 PM

    ဟိုင်း ပန်ပန်ရေ ကြားလား ကျားလား ကြောင်လား ဟယ်လို ဟယ်လို...(ပြောနေရင်းနဲ့ လိုင်းက ခေါင်းတောင် အဖော်မခံဘူး၊ တူနဲ့ပြန်ရိုက်ချခံရတယ်ထင်တယ်) ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete