Technical help

Thursday, June 16, 2011

ငါးခြင်္သေ့


ငါးခြင်္သေ့

တချိန်လုံး စောင့်ကြည့်ခံနေရတယ်
မာန်မဖီရဘူး အသံမမြည်ရဘူး
လက်သည်းခြေသည်းတွေကအစ
စူးရှစရာ မပါရဘူး

ကိုယ့်ကိုယ်ကိုဘာကောင်လို့
မပီပြင်မထင်ရှားတဲ့ အမှတ်အသားကိုပိုင်တယ်
သမိုင်းလို့တော့ တိတိကျကျမပြောနိုင်ဘူး
ဒဏ္ဍာရီစာအုပ်တွေထဲမှာတောင် ရှာမတွေ့နိုင်ဘူး

ကမ္ဘာလှည့်တွေနဲ့ ရင်းနှီးဖို့လိုတယ်
နိုင်ငံတကာကို ဖမ်းစားနိုင်ဖို့လိုတယ်
စီးပွားရေးအရ တွက်ခြေကိုက်ရမယ်
ဗျူဟာကျတဲ့ တည်နေရာမှာ ချထားတယ်

ပါးစပ်အဟောင်းသားပေမယ့်
ရေပန်းဖွားဖွားတွေ မနေမနား လွှင့်ထုတ်ပေးတယ်
အကောင်ကြီးလေ ဖျော်ဖြေမှုပိုပေးနိုင်လေ
ရောင်စုံဆလိုက်နဲ့ ပုံရိပ်ယောင်တွေ ဖန်ဆင်းပေးတာလည်း ရှိတယ်

ခေသူတော့မဟုတ်ပေဘူး
မပြုံးမရယ် ခပ်တည်တည် အနေအထားနဲ့တောင်မှ
လမ်းသွားလမ်းလာတွေကို တဖျတ်ဖျတ် မီးပွင့်သွားစေသေးတယ်

ပန်ဒိုရာ
၁၆.၀၆.၂၀၁၁

16 comments:

  1. ခေသူတော့မဟုတ်ပေဘူး
    မပြုံးမရယ် ခပ်တည်တည် အနေအထားနဲ့တောင်မှ
    လမ်းသွားလမ်းလာတွေကို တဖျတ်ဖျတ် မီးပွင့်သွားစေသေးတယ်...

    မိုက်တယ်မမ....
    ခံစားအားပေးလျှက်..

    ReplyDelete
  2. ငါးလိုလဲ ရေမကူးတတ်
    ခြင်္သေ့လိုလဲ မဟောက်တတ်
    ယောက်ယက်ခတ်နေတဲ့ လူတွေကြား
    ခပ်ကြွားကြွားရပ်။

    ReplyDelete
  3. မှန်လိုက်လေ..မားလိုင်းရင်း... ရယ်။

    ReplyDelete
  4. ကိုယ့်ကိုယ်ကိုဘာကောင်လို့
    မပီပြင်မထင်ရှားတဲ့ အမှတ်အသားကိုပိုင်တယ်း)

    သဘောအကျဆုံးစကားလုံးး)

    ReplyDelete
  5. ဒီကဗျာလေး ကို သဘောကျတယ်။

    ReplyDelete
  6. I like this poem.

    Actually it is a "YAE THU CHIN THAE"

    ReplyDelete
  7. ကဗျာတစ်ပုဒ်လုံးကိုကြိုက်တယ်....

    ReplyDelete
  8. တောက်ပကြယ်စင်June 17, 2011 at 4:25 PM

    မေဓာဝီပြောတာ သဘောကျလို့ သူ့အတိုင်းပဲ ပြန်ရေးပေးလိုက်တယ်။ "ငါးလိုလဲ ရေမကူးတတ်
    ခြင်္သေ့လိုလဲ မဟောက်တတ်
    ယောက်ယက်ခတ်နေတဲ့ လူတွေကြား
    ခပ်ကြွားကြွားရပ်" ကဗျာလေးအရမ်းမိုက်တယ်။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

    ReplyDelete
  9. ကဗျာလေးက လှသလို သရုပ်ဖော် ပုံလေးကိုလည်း ကြိုက်တယ်၊ စကားလုံး တစ်လုံးချင်းစီက ကိုယ့်ကိုယ်ကို ဘာကောင်မှန်း မပီပြင်တဲ့ အဲဒီ အကောင်ကြီးကို တည့်တည့်ပဲ..။ တနေ့တော့ သူ့ဆီမှာ မီးပွင်တစ်ခုလောက် လာခြွေဦးမယ်၊ ခေသူမဟုတ်တဲ့ ကမ္ဘာကျော် ဆိုတော့လည်း...။

    ReplyDelete
  10. သဘောကျတယ် ပန်ပန်ရေ၊ ကဗျာရော ပုံလေးရော...ပါဖက်ပဲ.... :)

    ReplyDelete
  11. စစ်သွေးကြွကိုသွားနောက်ပြန်ပြီ၊ :)

    ReplyDelete
  12. မပန်ရေ... ကဗျာလေးကို သိပ်ကြိုက်တယ်။ “ကိုယ့်ကိုယ်ကိုဘာကောင်လို့
    မပီပြင်မထင်ရှားတဲ့ အမှတ်အသားကိုပိုင်တယ်
    သမိုင်းလို့တော့ တိတိကျကျမပြောနိုင်ဘူး” ဆိုတဲ့ စကားစုလေးက စင်္ကာပူနဲ့ ဒက်ထိပဲ။ ဒါကြောင့်လည်း သူတို့နိုင်ငံရဲ့ အထိမ်းအမှတ်ပုံက ငါးခြင်္သေ့ ဖြစ်နေသလား မသိဘူးနော်။ :D
    တစ်ပုဒ်လုံးကို ကြိုက်တယ်။ ပုံလေးလည်း ကြိုက်တယ်။

    ReplyDelete
  13. ကဗျာလေးတွေကိုလာအားပေးသွားတယ်နော်

    ReplyDelete
  14. ကဗျာလေး လာဖတ်သွားတယ်
    လန်းတယ်ဗျို့

    ခင်မင်တဲ့
    seesein

    ReplyDelete
  15. ဆိုပြမယ်ဆို။

    ReplyDelete
  16. ကဗျာလေးက ပီပီပြင်ပြင်..။

    ReplyDelete