Technical help

Friday, July 1, 2011

ပတ်ဘလစ်ရေကူးကန်ထဲမှာ ၀တ်လစ်စလစ် ငါးကလေးတစ်ကောင် တွေ့လိုက်တယ်

ပတ်ဘလစ်ရေကူးကန်ထဲမှာ ၀တ်လစ်စလစ် ငါးကလေးတစ်ကောင် တွေ့လိုက်တယ်

လူအများကူးတဲ့ ရေကူးကန်ထဲမှာ ငါးကလေးတစ်ကောင်ကို အမှတ်မထင်
တွေ့လိုက်တာ ငွေရောင်လဲ့လဲ့ပြေးနေတဲ့ ကိုယ်ခန္ဓာ ငါ့လက်သန်းလောက် အရွယ်
အစားနဲ့ သေးသေးလေးပါ ဘယ်လိုလုပ်ပြီး ရောက်နေခဲ့သလဲ ဒီငါးပေါက်စဟာ အခု
လေးတင် တစ်ယောက်ယောက်ရဲ့ ဘီကီနီကြားက လျှောခနဲ ထွက်ကျလာ
တာများလား မြောင်းပေါက်တွင်းပေါက် တစ်ပေါက်ပေါက်က ကန်နဲ့ တိတ်တိတ်ဆက်
သွယ်နေပြီး ဖောက်ရောက်လာတာလား မင်းက ရေသားအဆောက်အဦမှာ အိမ်ဖွဲ့
နေတတ်ပေမယ့်လည်း ဒီရေကူးကန်ထဲက ဒီအရေနဲ့အသားကတော့ မင်းအတွက် သူစိမ်း
ဆန်လွန်းနေမယ် ရေကူးဝတ်စုံလည်း မပါ အကြေးခွံတုံးလုံးနဲ့ ဗလာကို ၀တ်ဆင်
ထားပုံကလည်း ရဲတင်းလွန်းနေမယ် ငါက အမြီးလေးကို အသာလှမ်းကိုင်ကြည့်
လိုက်တဲ့အခိုက် ဗြုန်းဆိုလှည့်ပြီး ငါ့လက်ကို သူကိုက်တယ် ကြည့်စမ်း သွေးစတွေ
ဖွာခနဲ တော်တော်ဆိုးတဲ့ကောင် သွေးညှီနံ့ကို ငါးမန်း တစ်ကောင်ကောင်များ ရသွား
ခဲ့ရင် ဘယ်လိုလုပ်မလဲ ငါးမန်း ထွက်လာပြီး ငါ့ကိုကိုက်လို့ ငါသေသွားရင် ဘယ်လို
လုပ်မလဲ ငါသေသွားတော့ လူတွေက ငါးမန်းတွေကို စိတ်ဆိုးပြီး လိုက်သတ်
လိုက်ကြလို့ ငါးမန်းတွေ မျိုးတုံးသွားရင် ဘယ်လိုလုပ်မလဲ ငါးမန်းတွေ သတင်းကိုကြား
တော့ ကျန်တဲ့ငါးတွေပါ ကြောက်လန့်ပြီး ဟိုပြေးဒီပြေးနဲ့ ကောလဟလ
ကြောင့် ရွာပျက်ဆိုသလို တဖြည်းဖြည်း ပျောက်ကွယ်ကုန်ရင် ဘယ်လို
လုပ်မလဲ ငါးတွေမရှိတော့တဲ့အခါ ငါးမစားရ မနေနိုင်သူတွေ စိတ်ကျ
ရောဂါနဲ့ တတိတိ သေကုန်ကြရင် ဘယ်လိုလုပ်မလဲ ကျန်တဲ့လူ
တွေပါ စိတ်ကျရောဂါ ကူးစက်လာပြီး လူသားမျိုးနွယ်ကြီး ပျက်သုဉ်း
သွားရင် ဘယ်လိုလုပ်မလဲ ဒီတော့ ငါလည်း ကိုဓဥပဒေနဲ့ သူ့လက်ညိုးကို ပြန်
ကိုက်ဖို့ စဉ်းစားပါသေးတယ် ဒါပေမယ့် သူ့မှာက လက်ညိုးမရှိဘူး ရေယက်
လေးတွေပဲ ရှိတော့ခက်သား ဒါနဲ့ သူ့ကို ယဉ်ပါးသွားအောင် ချစ်ကြည်ရေး
ဖွဲ့ဖို့ပဲ စိတ်ကူးလိုက်တယ် အသက်ကို တ၀ရှူသွင်းပြီးမှ ကြားဖူး
နားဝ ဖတ်ဖူးမျက်ဝ ကဗျာလိုလို ဘာလိုလို အစပြု ရွတ်လိုက်မိပုံက ဒီလို - အဟမ်း -
(ရေကန်လေးပါလား.. အလို ငွေငါး ငုပ်ဆင်းသွား ….)
ငါ့အသံ ကြားတော့ ငါးလေးလည်း မနေနိုင်တော့ဘူး ကဗျာဓာတ်ကူးစက်
သွားပုံရတယ် ဗိုက်ကလေး ဖောင်းလိုက်ပိန်လိုက်နဲ့ ပါးဟက်
လေး ဟစိဟစိနဲ့ အဲဒီကဗျာကို ဆက်ပြီး ရွတ်ပါလေရော - ဟော -
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ

ပန်ဒိုရာ
၂၉-၃၀.၆.၂၀၁၁

11 comments:

  1. အစ်မပန်... ကဗျာလေး လာဖတ်တယ်။ သိပ် နားမလည်ပေမယ့် အဆုံးထိ သေချာ ဖတ်သွားတယ် ခိခိး)

    ReplyDelete
  2. မမရေ ကဗျာလေး ခံစားအားပေးသွားတယ်လို့..
    မမ(Rose)လိုပဲ...ညီမလေးလဲ နားမလည်သလိုပဲ အဟီးး ..:):)
    ကောင်းသောနေ့လေး ဖြစ်ပါစေမမ...

    ReplyDelete
  3. ခက်ရတာ ဖတ်လိုက်တာ ....
    အဲ မွှားလို့ ...
    ဖတ်ရတာ ခက်လိုက်တာ အရီးပန်ရယ် ...
    ပို့စ်မော်ဒန်လား ... စတိုင်အသစ်နဲ့ မလိုင်အနှစ်လား။
    ပုဒ်မ ပုဒ်ဖြတ်မပါ အပိုဒ်မခွဲ ဆက်တိုက်ကြီးတွေ ရေးထားတော့ ဖတ်ရင်း မူးလာတယ်။
    မူးမူးနဲ့ ပါးစပ်လေး ဟစိဟစိ လုပ်ပြီး ဂါထာတပုဒ်လို ရွတ်နေမိတာ ...
    ပလုံစီ ပလီစုံ ပစီလုံ ပစုံလီ ပီလစုံ ပုံလစီ

    န၀င်းကြေအောင် ၉ ခေါက် ရွတ်လိုက်တယ်။ :)

    ReplyDelete
  4. ဘာလို့မှန်းမသိဘူး... ကြိုက်တယ်....
    မမေပြောသလို ဖတ်ရတာတော့ နည်းနည်း မူးတယ်...
း)

    ReplyDelete
  5. အမှိုက်ကအစ ပြဿဒ်မီးလောင်ဆိုတဲ့ သဘောတရားလေးကိုပြောချင်တာထင်တယ် ဒါမှမဟုတ် စိတ်ကူးတဲ့ wave လေးအတိုင်းလိုက်သွားပြီး စာလုံးတွေအဖြစ် အသက်သွင်းလိုက်တယ်လို့ထင်တယ်း)

    ReplyDelete
  6.ုဂျပန်ဟိုက္ကုကိုကြော်ချက်ထားတာတိတ်ကောင်း၊ကျေးဇူးပန်ပန် :)

    ReplyDelete
  7. ချော(အစိမ်းရောင်လွင်ပြင်)July 2, 2011 at 11:34 AM

    ဘယ်သူ့ဘီကနီကြားကထွက်ကျလာတဲ့ ငွေငါးပါလိမ့်
    ဝိုင်းစုရဲ့ ဘီကနီများလား
    ဒီလိုဆိုရင် ဒီငွေငါးလေး နာမည်ကြီးဦးတော့မယ်း)

    ReplyDelete
  8. ဟ ဟ ကဗျာလေးမိုက်တယ်ဗျာ....

    ReplyDelete
  9. ဒေါ်ကြီးပန် အကြေးခွံတုံးလုံးနဲ့ ဗလာကို ၀တ်ဆင် ထားတယ် ငါးအအေးမိ ချောင်းဆိုး နှာစီးသွားမယ်
    ပလီစုံ ပလုံစီ စုံပလီ စီပလုံ ဟစိဟစိ စိဟစိဟ
    သိသလို မသိသလို ဆိုတော့ မယ်ဒေါ်ပန်ရေးတဲ့ ဟုတ်ဘူး မော်ဒန်ပန်ကဗျာပေါ့နော

    ခင်မင်တဲ့
    seesein

    ReplyDelete
  10. အစ်မရေ
    ဒါလေးအရမ်းကောင်းတယ်။ အစ်မ ဘလော့ကို ဒါလေးအရင် စဖတ်ကြည့်တာ၊ အသည်းစွဲသွားရော။

    ReplyDelete
  11. သီချင်းလေး သတိရမိတယ်....ဘာဖြစ်လို့လွှတ်လိုက်တယ် ကျွန်တော့်လက်ကိုသူကိုက်တယ်.....။ အင်း မပန် ထပ်တွေးလိုက်တော့ အများကြီးဖြစ်သွားတယ်။း)

    ခင်မင်လေးစားလျက်

    ReplyDelete