Technical help

Thursday, August 30, 2012

ငါ ကျနေတယ်





ငါ ကျနေတယ်

ငါ ကျနေတယ်
ငါ တဖွဲဖွဲ ငါ သည်းသည်းမဲမဲ
ငါ တသွင်သွင် ငါ တငြိမ့်ငြိမ့်
ငါ အလျင်စလို ငါ ဒရောသောပါး
ငါ ဝေါခနဲ ငါ ဝုန်းခနဲ
ငါ ဖြည်းဖြည်းမှန်မှန်
ငါ နယ်ခြားစည်းမျဉ်းဖြတ်ကျော်
ငါ တုံ့နှေးတုံ့နှေး ငါ တွန့်ဆုတ်တွန့်ဆုတ်
ငါ အတောမသတ်နိုင်
ငါ ရေတံခွန်ဆီသို့ ဆွဲခေါ်ခံရ

ပိုးတီကောင်တွေ အမှိုက်သရိုက်တွေ အညှိအချွဲတွေ ကြေးညှော်တွေ ဆူးညှောင့်တွေ ဝါးမျိုပြီးသား တံထွေးသလိပ်တွေ ထွေးထုတ်ပြီးသား အံဖတ်တွေ သုညနဲ့စားလို့ပြတ်တဲ့ သုဒ္ဒကိန်းတွေ ထွင်းဖောက်မြင်နိုင်တဲ့ ကြည်လင်ပြတ်သားမှုနဲ့ ရုတ်တရက် လန့်အော်တဲ့အသံတွေ  ဒါတွှေအားလုံးကို စွန့်ဦးတီထွင် သယ်ဆောင်သူတွေ သယ်ငယ်တန်း၏ အညွန့်အဖူး သက်လတ်တန်း၏ အကျပ်အတည်း သက်ကြီးတန်း၏ အဝအဖီး သက်တန်းကုန်သူတို့၏ အထွန့်အတက်
~~ဒီကစောင့်နေသူ .. အိုး .. ဒီကစောင့်နေသူ~~

ကွမ်းတစ်ယာညက်ခန့် ထမင်းအိုးတစ်လုံးကျက်ခန့်
ဆယ်စုနှစ်တစ်ခုခန့် ရာစုနှစ်တစ်ခုခန့် ထောင်စုနှစ်တစ်ခုခန့်
ဖျက်လိုက်သော ဖောင်များ စွန့်ပစ်လိုက်သောဖောင်များ
ဆိုက်ရောက်လာသောဖောင်များ ပျံတက်သွားသောဖောင်များ
ပေါ်ထွက်လာသော ထိုးစိုက်လာသော ကွေ့ဆင်းသွားသော တိမ်းစောင်းသွားသော  
ပြောမိသေးလား … ငါ… ကျနေတုန်းပဲ။

ပန်ဒိုရာ
၂ဝ.၆--၃၀.၈.၂၀၁၂

2 comments:

  1. မြန်မြန်ပြန်တက်လာစေ။

    ReplyDelete
  2. မမရေ..ကဗျာလေးအားပေးသွားတယ်နော်...မမလင့်လေးကိုလေ မိုးနတ်ဆီမှာထဲ့လို့မရဘူး..စိတ်ညစ်တယ်မမရယ်..ဘယ်လိုလုပ်ရမလဲနော်...
    ခင်တဲ့ မိုးနတ်...

    ReplyDelete