Technical help

Wednesday, October 17, 2012

ရွက်ကြွေရာသီ






ရွက်ကြွေရာသီ

နံနက်စောစောထတဲ့ ငှက်ကို ငါချီးကျူး
နံနက်စောစောထတဲ့ ပိုးတီကောင်ကို ငါမသနား

သူများမျက်ချေးကို လက်ညိုးထိုးပြီး ငါရယ်မော
ငါ့လက်ချောင်း လေးချောင်းက ငါ့မျက်ချေးကို တိတ်တိတ်ချောင်းကြည့်

ညံ့ဖျင်း တုံးအ  အဆင်ခြင်မဲ့ရန်ကော လို့ ခပ်လွယ်လွယ် စွပ်စွဲပစ်
ဖြစ်နိုင်လောက်တဲ့အဖြေကို မစဉ်းစားဘဲ ပြဿနာကို ငါသယ်ဆောင်သွား

ရာနှုန်းပြည့် သဘောကျ/တူနိုင်စရာ ဘယ်သူမှ မရှိတာကို ငါတွေ့
ရာနှုန်းပြည့် သဘောမကျ/မတူနိုင်စရာ ဘယ်သူမှ မရှိတာကို ငါမေ့

ငါ့ကျမ်းစာ ငါ့အဘိဓမ္မာ မနာယူနိုင်သူတွေကို ကရုဏာဝင် စုပ်သပ်
ကျောခိုင်းလှည့်ထွက်သွားသူတွေရဲ့ မျက်နှာပေါ်က အပြုံးကို ငါလျစ်လျူရှု

သစ်ရွက်တွေ ဝါ နီ  နိမိတ်ပြ သာမောဆန်းကြယ်အံ့လောက်ဖွယ်လို့ ငါမှတ်
ပင်ခြေမှာပုံထပ်ကြွေ အရိုးပြိုင်းပြိုင်းအကိုင်းတွေ ဒါကိုလည်း အလှတရားလို့ ငါထင်

ရာသီကူးပြီးရင် ပြန်ဝေဆာဦးမယ့် သစ်ပင်တွေကို သက်တောင့်သက်သာ ငါစောင့်ကြည့်နေ
ဘယ်တော့မှ အရောင်ပြန်မပြောင်းတော့မယ့် ငါ့ခေါင်းပေါ်က မြွေဟောက်ဖြူတွေကို သတိမထားမိ

ပန်ဒိုရာ
၁၆.၁၀.၂၀၁၂

4 comments:

  1. ငါ...ရွက်
    ငါ...ကြွေ
    ငါ...ရာ
    ငါ...သီ

    ReplyDelete
  2. ကဗျာထဲက အသိတရားကို

    ရသလောက်သဲ့ယူသွားပါတယ်ဗျာ ။

    ReplyDelete

  3. မြန်မာပြည်သားကောင်းဖြစ်ရန် - http://is.gd/WWoLTp

    ReplyDelete
  4. အတ္တပျောက်မှာ မကြောက်ရင် နူတ်ဆက်သံတွေ ချိုမြိန်တာကို ပိုပိုပြီးသိလာ ...

    ReplyDelete