ကျွန်တော်တို့ကတော့ ယာဉ်ကြောပိတ်တာ ကြိုက်တယ်
နေ့စဉ်ဘဝဟာ ကျွန်တော်တို့ရဲ့ ကျောင်းသင်ခန်းစာ
မိုးရွာတုန်းရေချိုးအဝတ်လျှော် လသာတုန်းဖယောင်းတိုင်မှုတ်သိမ်းထား
မီးစိမ်းစောင့်တုန်းတော့ ဈေးရောင်းဖို့
လက်ထဲမှာ သတင်းစုံပွေ့ထားတယ်
အလဲဗင်း ဗွိုက် မော်ဒန် မြန်မာတိုင်း
လက်ပံတောင်းတောင် မှာ ဘာဖြစ်သွားခဲ့သလဲ
မိုဘိုင်းအင်တာနက်နှုန်း ဘယ်လိုဖြစ်သွားမလဲ
တစ်လအတွင်းဖြစ်တဲ့ လူသတ်မှုတွေ
မြို့လည်ခေါင်မှာ ထင်ရာစိုင်းသွားတာတွေ
သတင်းဆိုတာ ဆိုးလေ စိတ်ဝင်စားဖို့ကောင်းလေ မဟုတ်လား
ဒါမှမဟုတ် အစ်ကို့ ကားသစ်ကြီးထဲ ချိတ်ထားဖို့
ညကတည်းက ရေစိမ်ထားပေမယ့် လန်းနေသေးတဲ့
စံပယ်ပန်း ဇွန်ပန်း ငွေပန်း ရွှေပန်း
စကားမစပ် သဇင်ခွေလည်း လန်းတယ်အစ်ကို
အပိုင်း တစ်-နှစ်-သုံး လိုချင်ရင် ရဦးမယ်
ဗျာ.. သဇင်ခွေဆိုတာ ပန်းမဟုတ်ဘူး
ထားတော့ဗျာ ဒါတောင် မသိရင်လည်း
ဒါဆို အစ်ကိုက နိုင်ငံရေးစီးပွားရေးဘက် လိုက်တာလား
ဒါဆို မီဒီယာဥပဒေကြမ်း ယူမလား
ဒါဆို ဖွဲ့စည်းပုံလည်း ရမယ် ကြာပြီဆိုပေမယ့် ရောင်းနေသေးတယ်
ကောင်းနေသေးလားဆိုတာတော့ ကျွန်တော်လည်း မသိဘူး
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ ကတော့ လတ်လတ်ဆတ်ဆတ်
မြန်မာလိုရမယ် အင်္ဂလိပ်လိုရမယ်
မြန်မာပြည်မြေပုံ ရန်ကုန်မြေပုံ လည်းရှိတယ်
ကိုယ့်မြို့ ကိုယ့်ဒေသဖြစ်လည်း လမ်းဆိုတာ မှားနေဦးမှာပဲ
မြေပုံဆိုတာ သုံးနေရဦးမှာပဲ မဟုတ်လား
နောက်ထပ်မြေပုံတစ်ခု မပြောင်းမချင်းပေါ့
တစ်ခုခုတော့ ဝယ်သွားပါလား အစ်ကို
ဒီပွိုင့်က တော်တော်နဲ့ မလွတ်နိုင်သေးပါဘူး
နောက်ဆုံး ဒေါ်စုပြက္ခဒိန်လေးဖြစ်ဖြစ်
ခွပ်ဒေါင်းအလံလေးဖြစ်ဖြစ်
အမှတ်တရပေါ့
ပန်ဒိုရာ
၁၀ ဒီဇင်ဘာ ၂၀၁၂

ERPတွေ မတပ်သေးတာပဲ ကံကောင်းပေါ့ဗျာ။
ReplyDeleteပန်ပန် ... သဇင်ခွေလန်းတာလည်းသိ။
ReplyDeleteလက်ပတောင်းအကြောင်းလည်းသိပါလား။
အင်မေဂျင်နရီ ကလောက်ဒ်ရဲ့ပန်းချီလေးတွေပိုပိုလန်းလာတယ်။
တိုတိုပေါက်သွားတဲ့ပိုက်ပိုက်တွေမကုန်သေးလို့ပြန်မလာသေးတာလား။ တီစီစီ ကို တစ်ခါတစ်ခါလွမ်းကြည့်ဖို့ကောင်းတယ်။
ရည်မှန်းချက်ပေါက်မြောက်အောင်ကြိုးစားပါလေ။ တစ်ယောက်စာပေးပြီး နှစ်ယောက်ပြန်လာနိုင်သူဖြစ်ပါစေကြောင်းရယ်နဲ့။
ဆရာပန်စီစဉ်တဲ့ကျားသပ်သပ်ကဖျာစာအုပ်လဲအားပေးလို့ရတယ်ဒီမီးပွိုင့်ကကြာဦးမှာVIPဖြတ်နေတယ်၊ကဖျာမိုက်တယ်ပန်ပန်၊Cheers ..ချကွာ :)
ReplyDeleteပန်ပန်... အရမ်းကြိုက်တယ်... ကဗျာက လာထိရင် ပန်းချီချယ်ပြထားတာ မြင်လိုက်ရတဲ့အတိုင်းပဲ...
ReplyDeleteကဗျာလေး အရမ်းလှတယ်။
ReplyDeleteတစ်ကြောင်းတစ်ကြောင်းတိုင်းကို ရေးသွားတာ ရင်ထဲကို ထိထိမိမိဘဲ။
သတင်းရဲ့ အနင်းမှာ ကမ္ဘာပြားခဲ့တာကြောင့် သတင်းတွေ နှောင်ဖွဲ့လို့ အမှောင်မဲ့ပါစေလို့ ပြောလည်း
ReplyDeleteဒီပွိုင့်က မလွတ်နိုင်သေး
အ၀ိုင်းလားလို့ မမေးရ ...
ခေတ်ကို ထင်ဟပ်နေတဲ့
ReplyDeleteကဗျာလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။
Hi guys...
ReplyDeleteIt’s nice to be a friend with you.
But may give you somethings special.
You should to try it. It’s free, friends.
HERE