Technical help

Thursday, March 27, 2014

27.3.2014



၂၀၀၇ မတ်လ ၂၇ ရက်နေ့ ကနေစပြီး ဘလော့ဂ်ပို့စ် တင်ခဲ့တယ်။ အခုဆိုရင် ၇ နှစ်ပြည့်ပါပြီ။ လူမှုဘဝမှာ ဝတ္တရားတွေတိုးတိုးလာတော့ အချိန်တွေပဲ့ပဲ့လာတယ်။ တစ်နှစ်ထက်တစ်နှစ် ပို့စ်တွေနည်းလာတယ်။ လာဖတ်သူတွေ နည်းလာတယ်။ နည်းဆို မျက်နှာစာအုပ်မှာပဲ စုနေကြတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ကိန်းအောင်းထားခဲ့ရတဲ့ ဝါသနာတွေကို တစ်နည်းနည်းနဲ့ ဖွင့်ဟ အကောင်အထည်ဖော်ဖြစ်ဖို့ အစပြုတဲ့ နေရာတစ်ခုဟာ အမှတ်တရပါ။ ရေးဖော်ရေးဖက် ဘလော့ဂါတွေထဲမှာ ဘလော့ဂ် ဆက်မရေးသူတွေရှိတယ်။ ဘလော့ဂ်ကို ပစ်ထားလိုက်သူတွေ ပိတ်လိုက်သူတွေ ဖျက်လိုက်သူတွေရှိတယ်။ ဆုံးပါးသွားသူ ဘလော့ဂါတွေလည်းရှိခဲ့တယ်။ ပို့စ်တွေကျဲလည်း ဒီဘလော့ဂ်ကတော့ ဆက်ရှိနေဦးမှာပါ။ 
ပန်ဒိုရာ
၂၇.၃.၂၀၁၄

7 comments:

  1. Happy Birthday ပန့် ဘလော့လေးရေ.... အမြဲရောက်ဖြစ်နေမယ့်နေရာထဲမှာ ဒီဘလော့လေးလဲပါပါတယ်...

    ReplyDelete
  2. ဒီ့ထက်နည်းနည်းလေးတော့ ရှည်အောင်ရေးလေ..။ ကလေး မနိုးသေးပါဘူး။း))

    ဘလော့အပျော်တွေ လွမ်းတယ်။ အာ့ကြောင့် ဖဘ ကြီးကို မုန်းတယ်။

    ReplyDelete
  3. ၇ နှစ်ကြီးများတောင် ခုတော့ လည်း ရှေး၂တုန်းက ပုံပြင်တွေလိုဖြစ်လို့ ဒေါ်လေးရေး))

    အပေါ်က အန်တီကေ ပြောသလို ခလေးက မနိုးသေးပါဘူး နည်းနည်းတော့ ရှည်၂ရေးလေဗျ ဟဟားးး

    ReplyDelete
  4. Blogနဲ့ Seven Year Itchဖြစ်လာတာလား :)

    ReplyDelete
  5. Happy 7th Anniversary !

    Best Rgds,
    Mya Thway Ni

    ReplyDelete
  6. မတန်ခူး မကေ မောင်မျိုး ကိုနတ် မမြသွေးနီ
    နှုတ်ဆက်ဆုတောင်းများအတွက် ကျေးဇူးပါ
    အလည်အပတ်နည်းလာတဲ့ ဘလော့ဂ်မှာ အမာခံတွေလို့ မှတ်ယူလိုက်မယ် :))

    ReplyDelete
  7. ဘလော့ဂါသက်တမ်း ၇-နှစ်မှ နှစ်ပေါင်းများစွာတိုင် ကြဲကြဲစိတ်စိတ် ဘလော့ဂင်းနိုင်ပါစေ ပန်ပန်ရေ...
    ဖဘပျော်ဘလော့ဂါတွေ တနေ့တော့ပြန်လာကြမယ် ထင်ပါတယ်...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete