Technical help

Thursday, March 27, 2014

27.3.2014



၂၀၀၇ မတ်လ ၂၇ ရက်နေ့ ကနေစပြီး ဘလော့ဂ်ပို့စ် တင်ခဲ့တယ်။ အခုဆိုရင် ၇ နှစ်ပြည့်ပါပြီ။ လူမှုဘဝမှာ ဝတ္တရားတွေတိုးတိုးလာတော့ အချိန်တွေပဲ့ပဲ့လာတယ်။ တစ်နှစ်ထက်တစ်နှစ် ပို့စ်တွေနည်းလာတယ်။ လာဖတ်သူတွေ နည်းလာတယ်။ နည်းဆို မျက်နှာစာအုပ်မှာပဲ စုနေကြတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ကိန်းအောင်းထားခဲ့ရတဲ့ ဝါသနာတွေကို တစ်နည်းနည်းနဲ့ ဖွင့်ဟ အကောင်အထည်ဖော်ဖြစ်ဖို့ အစပြုတဲ့ နေရာတစ်ခုဟာ အမှတ်တရပါ။ ရေးဖော်ရေးဖက် ဘလော့ဂါတွေထဲမှာ ဘလော့ဂ် ဆက်မရေးသူတွေရှိတယ်။ ဘလော့ဂ်ကို ပစ်ထားလိုက်သူတွေ ပိတ်လိုက်သူတွေ ဖျက်လိုက်သူတွေရှိတယ်။ ဆုံးပါးသွားသူ ဘလော့ဂါတွေလည်းရှိခဲ့တယ်။ ပို့စ်တွေကျဲလည်း ဒီဘလော့ဂ်ကတော့ ဆက်ရှိနေဦးမှာပါ။ 
ပန်ဒိုရာ
၂၇.၃.၂၀၁၄