Technical help

Tuesday, May 15, 2007

မိုးတစ္ဆေ

မိုးတစ္ဆေ


အပြင်ဘက်မှာ
မိုးတွေသည်းသည်းရွာနေတယ်...

မိုးရေတွေစိုရွှဲနေတဲ့
မည်းမည်းလက်လက် ကတ္တရာလမ်းပေါ်က
နီယွန်မီးရောင်ပြိုးပြက်တဲ့အခါ
ကားစက်နှိုးသံသဲ့သဲ့ကြား
အိမ်ပြန်နောက်ကျသွားတတ်တဲ့ညနေတွေ..

ထီးတစ်ချောင်းနှစ်ယောက်
ဘယ်လောက်ဝေးဝေး မမောကြေးတဲ့
အေးစက်နေတဲ့လက်များ
ရင်ခုန်သံဝိုးတ၀ါး
စိတ်တွေထွေပြားလိုက်တာ..

စိတ်ကောက်ရင် ဘတ်စ်ကားလိုက်စီး
မိုးမိပြီးဖျားတော့
အားငယ်နေသလားကွယ်
ကို ၀ယ်တိုက်တဲ့ ဟို လမ်းထိပ်ကဆန်ပြုတ်ကိုမှ
ဒီကသောက်ချင်ပြန်သတဲ့..

ကားကိုခဏရပ်ထား
အနားမှာအသာမှီပေါ့
Celine Dion က
My heart will go on တဲ့
လိမ္မော်ရနံ့ သင်းသင်းနဲ့အတူ
ညနေခင်းတွေ စီးဆင်းကြတဲ့အခါ..

အတိတ်တွေ ခါးသတဲ့လား
တဖွားဖွားကျနေတဲ့မိုးစက်မိုးမှုန်တွေ
ဘယ်လိုတားနိုင်မှာလဲ
သွား... ကွယ်…
မကြားချင်လည်း
ထားခဲ့တဲ့ ဒိုင်ယာရီလေးတစ်အုပ်ရယ်
ကြိုးပြတ်ကျန်ခဲ့တဲ့ လော့ကတ်သီးလေးတစ်ခုရယ်
မျက်ရည်တွေ စိုနေတဲ့ လက်ကိုင်ပုဝါလေးတစ်ထည်ရယ်
ခုလို မိုးရွာတဲ့ညတွေမှာ တစ္ဆေ လာလာခြောက်နေလို့။ ။

ပန်ဒိုရာ
၁၅၊၅၊၂၀၀၇

3 comments:

  1. မပန်ထိလိုက်တဲ့ ကဗျာတိုင်း က တစ်ကယ်ကို “မိ”ပါပေတယ်…

    ReplyDelete
  2. ထိမိလိုက်တဲ့ ကဗျာလေး.."မိုးတစ္ဆေ" တဲ့၊

    ReplyDelete
  3. မလေး၊ ဘ၀ခရီး ကျေးဇူးပါ။

    ReplyDelete