Technical help

Tuesday, May 22, 2007

မေ့ရက်သူုသို့

အသစ် မရေးအားတိုင်း ကဗျာအဟောင်းလေးတွေ တင်ဖြစ်တယ်။ ဒါက ငယ်ငယ်တုန်းက ရေးခဲ့တဲ့ ကဗျာလေးပါ။ ၁၉၉၀ ကျော်စ လောက်ကလို့ ထင်တယ်။ ကြာခဲ့ပြီ။ ဘာခံစားချက်မှ မရှိသေးခင် လျှောက်ရေးထားတဲ့ ကဗျာလေး။ ဝေဖန်ကြည့်။

မေ့ရက်သူုသို့

တရံရောတွင်က
သံယောဇဉ်ကြိုးတစ်ချောင်း
ထောင်း ခနဲပြတ်...
ဒါ ဇာတ်သိမ်းလားကွယ်....

ဟိုတချိန်ခါ လရောင်ဖြာလင်း
ရယ်မောရင်းနဲ့ တေးချင်းဆိုညည်း
ဒါန်းစီးဖူးတာ မှတ်မိပါကွယ်..

အလွမ်းလေညင်း ပန်းသတင်းဆောင်
ပန်းရောင်ပန်းရိပ် လွမ်းထိတ်စိတ်စော
ပန်းခင်းတောမှာ ပျော်မောဖူးတာ
မှတ်မိပါကွယ်....

ကွယ်...
လွယ်လွယ်နဲ့တိမ်း..
သစ်စိမ်းချိုးဖြတ် ရက်စက်တတ်သမျှ
ဘယ်ဘ၀အထိ
မသိဟန်ဆောင် မမြင်ယောင်ပြု
အခုမှတော့လေ.....။ ။

ပန်ဒိုရာ

5 comments:

  1. ဝေဖန်ကြည့် ဆိုရင်တော့ born poet လို့ပဲ ပြောရမှာပဲ။ :)

    ReplyDelete
  2. ၀ုတ်တယ် ။ အပြည့်အ၀ ထောက်ခံတယ်း)

    ReplyDelete
  3. ကဗျာလေး ကောင်းလွန်းလို့

    ကျုပ်အသံသွင်းလိုက်တာ

    ကဗျာပျက်သွားပြီလို့တော့ မပြောဝံ့ပါဘူး

    ကျုပ်အသံက မကောင်းဘူး

    ဒေါ်ပန် အသံသွင်းပြီး တင်ပါ့လား

    လာနေတဲ့ မိတ်ဆွေတွေ အရမ်းဝမ်းသာသွားမှာ။

    ReplyDelete
  4. အနော်နမတ်ကလည်း ဘယ်သူလဲမသိဘူး အဟောင်းတွေ လာလာဖတ်နေတာ ကျေးဇူးပဲနော်.

    ပန်ဒိုရာအသံကြားရရင် ကဗျာအရသာလေး ပိုပျက်သွားမှာစိုးလို့ မတင်တော့ဘူးနော် :)

    ReplyDelete