Technical help

Tuesday, January 13, 2009

နေရာ


နေရာ

လှောင်အိမ်မဟုတ်ဘူး
အသိုက်လည်းဖြစ်စရာမလိုဘူး
သစ်ကိုင်းလေးတစ်ကိုင်းပဲ ဖြစ်ချင်ခဲ့တာ။


ပန်ဒိုရာ



ပုံ - done in photoshop using mouse

18 comments:

  1. ပုံရော ကဗျာရော ကောင်းလိုက်တာ...

    ReplyDelete
  2. သစ်ကိုင်းလေးက ရုတ်တရက်ကြည့်ရင် ငှက်မွှေးလေးလို နဲ့ သစ်ကိုင်းခြောက်လေးပေါ့း)
    တိုတိုလေးနဲ့ ရင်ထဲထိတယ် ။

    ReplyDelete
  3. အဲဒီသစ်ကိုင်းလေးပေါ်မှာ
    သစ်ရွက်ကလေးဖြစ်ရရင်ကောင်းမလား
    ငှက်ကလေးဖြစ်ရရင်ကောင်းမလား..။

    ReplyDelete
  4. အရီးပန်ရေ ကဗျာလေး ကောင်းတယ်ဗျ
    သရုပ်ဖော်ပုံက သစ်ကိုင်းလေးလား
    ငှက်မွှေးလား

    စာတွေ ကဗျာတွေစုပေါင်းပြီး ဖတ်သွားတယ်ဗျ :)
    စာမေးပွဲနတ်ပူးနေလို့ :P
    အရီးပန်အဖေ့ကဗျာကတော့ ကြက်သီးထဖွယ်ပါပဲ
    ပျော်ရွှင်အဆင်ပြေပါစေခင်ဗျာ

    ReplyDelete
  5. ကဗျာထဲက စိတ်ဓာတ်လေးက ချစ်စရာ..

    ReplyDelete
  6. idea က ဂွတ်လှချည်လား အန်တီပန်..

    ReplyDelete
  7. ခဏနား..
    ပျံချင်လည်းပျံသွားဆိုတော့
    ရှင်းရှင်းသန့်သန့်လေးပေါ့

    ReplyDelete
  8. သစ်ကိုင်းလေးဖြစ်ရရင်တောင် ကျေနပ်ပါပြီ

    ReplyDelete
  9. ကဗျာက ဖတ်လို့ အရမ်းကောင်းတယ်။
    တစ်ပိုဒ်ပဲလား မပန်ဒိုရေ။

    ReplyDelete
  10. တို့တွေဒီလောက်ရောင့်ရဲတတ်ကြရဲ့နဲ့တောင်
    ရောင့်ရဲသလောက်မရခဲ့ကြတာလား...

    ReplyDelete
  11. သုံးကြောင်းတည်းနဲ့အဓိပ္ပာယ်တွေအပြည့်ပါတယ်ဗျာ.
    သစ်ကိုင်းတောင်ဖြစ်ခွင့်မရသေးတဲ့ဘဝတွေပါလား
    မပန်ရေ.....

    ReplyDelete
  12. သစ်ကိုင်းလေးတစ်ကိုင်း ဖြစ်ပါရစေ

    ReplyDelete
  13. ရောင့်ရဲတတ်တဲ့ စိတ်ကလည်း
    လောကအလယ်မှာ နေပျော်စေပါတယ်။
    ငှက်ဖြစ်ရင်တောင်
    အနှောင်အဖွဲ့(လှောင်အိမ်)
    အတားအဆီး(အသိုက်) မရှိ
    လွတ်လပ်တဲ့ သစ်ကိုင်းကို ရွေးချယ်မိမှာ အမှန်ပါ။
    ကဗျာတိုလေးပေမယ့်
    ဆိုလိုရင်း နက်နဲတဲ့အတွက်
    လွဲမှားတာများ ရှိရင် နားလည်ပေးနိုင်ပါစေ

    ဝင်းဇော်
    http://winzaw-mdy.blogspot.com

    ReplyDelete
  14. ကိုအောင်သာငယ် ချီးမွမ်းသွားတာကျေးဇူး

    မောင်မျိုး ဘယ်လိုကြည့်ကြည့် ငှက်မွှေးလေး ဆွဲထားတာပါး( ရင်ထဲထိလည်း ဖွဖွလေးပေါ့။း)

    လူဆိုး ခဏတဖြုတ်နားပြီး လွတ်လွတ်လပ်လပ်ပျံသွားတဲ့ ငှက်ကလေးပဲဖြစ်လိုက်ပါ။

    ညိမ်းညို သရုပ်ဖော်ပုံက ငှက်မွှေးလေး ဟုတ်ပါတယ်။ ကျွတ်ကျန်ခဲ့တာ အမှတ်တရ ကောက်သိမ်းထားတာ။း)

    မမိုးချိုသင်း ကဗျာရေးသူလေးကလည်း ချစ်ချရာပါ။ ဟဲ။

    Craton ကျေးဇူးပါနော်။

    လင်းဒီပ ကွက်တိ တွေးနိုင်တာ ချီးကျူးတယ်။

    မီယာ ဖြစ်ချင်တာ ဖြစ်ပါစေ။

    ကိုအောင်.. တော်ပြီပေါ့နော်။ တစ်ပိုဒ်။

    မနော်.. မစဉ်းစားတော့ပါဘူးလေ...

    ကိုဆောင်း ကျေးဇူး ပျော်ရွှင်ပါစေ။

    ကို (သို့) မ မျိုး ဖြစ်ချင်တာတွေ ဖြစ်ပါစေ။

    ကိုဝင်းဇော်. အတွေးလေးအတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  15. အင်း..လင်းဒီပ ပြောသလို..ခဏနားဖို့ပေါ့..
    တွေးစရာလေး..ချစ်စရာလေး..
    ပန်ရေ- ၂ပတ်စာ ကွန်မန့်ပေးသွားတယ်။ အားလုံး ကောင်းတယ်။း) အဆင်ပြေရင်လဲ..၀င်လာခဲ့မယ်

    ReplyDelete
  16. အဲဒီသစ်ကိုင်းလေးပေါ်မှာ ခဏနားပြီး အတောင်အလက်စုံလို့ ကောင်းကောင်းမွန်မွန် ပျံသန်းသွားနိုင်ကြပြီဆိုရင် သိပ်ကောင်းပါတယ်... ကိုယ်က ကျေနပ်ရမှာပေါ့... ဟုတ်တယ် ဟုတ်...

    ထပ်တူခံစားနိုင်ပါကြောင်း...။

    ReplyDelete
  17. ငှက်ကလေးက အဲဒီသစ်ကိုင်းပေါ်မှာပဲ ဆက်နားနေချင်တယ် ဆိုရင်ကော ပန်ပန်။

    ReplyDelete
  18. ကျွန်တော်ကတော့ နဲနဲလောဘကြီးတယ်..။ အနဲဆုံးတော့ ခြေသုတ်ခုံတစ်ခုစာလောက်တော့ လိုချင်တယ်။

    ReplyDelete