မင်္ဂလာပါ။
၂၀၀၇ မတ်လ ၂၇ ကစလို့ ပန်ဒိုရာ နာမည်နဲ့ ဘလော့ဂ်ရေးခဲ့ပါတယ်။ အခုတော့
ယူကေက ညီမလေး တစ်ယောက်က ဒီနာမည်နဲ့ ဘလော့ဂ်ရေးပြီး လိပ်စာမှာလည်း ပန်ဒိုရာ ဆိုတဲ့စာလုံး ၂ လုံး ယူပြီး http://www.pandora-pandorabox.blogspot.com/ လို့ ဘလော့ဂ် အသစ် ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်က စရေးထားပါတယ်။ ပန်ဒိုရာဆိုတာ ရှိခဲ့မှန်း သူ မသိခဲ့လို့ နေမှာပါ။ ဆီပုံးမှာ လာပြောသွားပါတယ်။ သူလည်း ဒီနာမည်လေးကို နှစ်သက်ပုံရပါတယ်။
ဒါပေမယ့် နောက်ပိုင်း တခြားဘလော့ဂ်တွေ သွားလည်တဲ့အခါ ပန်ဒိုရာ နာမည်နဲ့ ရေးသား နှုတ်ဆက်တာတွေမှာ ရောထွေးမှာကို မလိုလားပါဘူး။ လာလည်သူများကိုလည်း မရှုပ်ထွေးစေလိုပါဘူး။ ဒါကြောင့်မို့ နာမည်ဆင်တူ မဖြစ်အောင် ဟောဒီ ပန်ဒိုရာက နာမည်ပြောင်းရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။
ပန်ဒိုရာဆိုတဲ့ နာမည်ကို ဘာကြောင့် ယူခဲ့သလဲ ဆိုတာကိုတော့ အခု အချိန်မှာ ပြန်ရှင်းပြ မနေချင်တော့ပါဘူး။ ကိုယ်သေသွားလည်း အားလုံးထားခဲ့ရမယ့် လောကကြီးမှာ အစွဲအလန်း မကြီးတာပဲ ကောင်းမယ် ထင်ပါရဲ့။
နာမည်ပြောင်းရင်တော့ ဘလော့ဂ် လိပ်စာပါ ပြောင်းစရာ လိုကောင်း လိုလာပါမယ်။ နာမည် နဲ့ ဘလော့ဂ် လိပ်စာ ပြောင်းသင့် မပြောင်းသင့် ဆိုတာနဲ့ နာမည်အသစ် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကို ပန်ဒိုရာကို လာဖတ်နေကျ မိတ်ဆွေများနဲ့ တိုင်ပင်ချင်ပါတယ်။ မြန်မာလိုဖြစ်စေ အင်္ဂလိပ်လို ဖြစ်စေ ဒီပို့စ်ရဲ့ မှတ်ချက်မှာ အကြံဥာဏ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
ခင်မင်စွာဖြင့်
ပန်ဒိုရာ
(မှတ်ချက်။ ။ ယူကေက ညီမလေးက နာမည်ပြောင်းလိုက်သဖြင့် ပြေလည်သွားပါပြီ။ အားလုံးကို ကျေးဇူးတင်ပါသည်။ )
ဟဲဟဲ.. ဘာဂါတော့ဝေစားမယ် အသဲတော့ဝေမစားဘူးဆိုတဲ့ အမကြီး.. Belated Birthday Burger for BarNyar (BBBB) အတွက်မွားးးးးးးး။
ဘလောက်တုန်း ဘလောက်စဲ ဘလောက်လတ္တံ သောကာလတွေမှာ ဒီလို ဒီလို အမတွေနဲ့ စုံသိရ ဒီလိုဒီလို ပိုစ့်လေးတွေလက်ဆောင်ရတာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ကျေးဇူးများကြီးတင်ပါတယ် မကြီးပန်။
ချစ်တဲ့
ဘာညာ