Technical help

Tuesday, November 25, 2008

Ten Things I Hate About Myself

လုပ်ကြပြန်ပြီ။ ကိုယ့်ကိုယ်ကို အမုန်းဆုံး ၁၀ ချက်တဲ့။ ကိုယ့်ကိုယ်ကိုများ မုန်းစရာလား။ ငယ်ငယ်ကတော့ I hate myself for loving you! ဆိုတဲ့ သီချင်းမျိုး ဆိုဖူးရဲ့။ အခုတော့လည်း ဒါမျိုးတွေ သိပ် applicable မဖြစ်တော့ဘူး။ (ထင်တာပဲ) :)

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမြင်ကတ်မိသလိုလို ဖြစ်စေတဲ့ အချက်တွေကတော့ …

(၁) ဆရာကြီးလုပ်တတ်ခြင်း
တကယ်တော့ ဆရာကြီးလုပ်တယ် ဆိုတာလည်း မလွယ်ပါဘူး။ လုပ်ရမယ့် အကြောင်းအရာကို ပိုင်နိုင်ရမယ်။ လုပ်ပုံလုပ်နည်း ကျွမ်းကျင် သပ်ရပ် ပါးနပ်ရမယ်။ လုပ်ရမယ့် ကာလံ ဒေသံကို သဘောပေါက်ရမယ်။ ကိုယ်ဆရာကြီးလုပ်တာကို ခံရမယ့်လူအပေါ်မှာ ဘယ်လောက် အတိုင်းအတာအထိ ဆရာကြီး လုပ်လို့ ရသလဲ ဆိုတာကိုလည်း သေသေချာချာ လေ့လာထားရမယ်။ မှတ်ထားကြနော်။ ဟတ်ပလား….။

(၂) ကြွားဝါတတ်ခြင်း
ပညာအရည်အချင်း ခေသူမဟုတ်၊ ရုပ်ရည်ရူပကာ အလွန်ကြည့်ကောင်း၊ အလုပ်အကိုင် ကြီးကြီးမားမား၊ ငွေရေးကြေးရေး ပူစရာမလို၊ ဆွေကြီးမျိုးကြီးက ပေါက်ဖွားပြီး အလွန်စိတ်ကောင်းရှိသူ ဆိုတော့ကာ ကိုယ့်အကြောင်းကိုယ် အရှိအရှိအတိုင်း ပြောမိတဲ့အတွက် ကြွားဝါသလို ဖြစ်သွားတတ်ပါတယ်။

(၃) ဆင်ခြေဆင်လက်များခြင်း
အကြောင်းပြချက်ပေးတယ် ဆိုတာ ပေးချင်တိုင်း ပေးနေတာတော့ ဘယ်ဟုတ်ပါ့မလဲ။ အကြောင်းပြချက်မှ မပေးဘူး ဆိုရင် ဘယ်ဟာကို ဘာကြောင့် ဘယ်လို လုပ်ခဲ့သလဲ၊ တကယ်လို့ မှားသွားရင်လည်း ဘယ်နေရာမှာ ဘာကြောင့်မှားခဲ့သလဲ ဆိုတာတွေကို ဘယ်လိုလုပ်ပြီး သိနိုင်တော့မလဲ။ ဒါဟာ အကြောင်းပြချက်တွေ ပေးနေရခြင်းရဲ့ အကြောင်းရင်းပဲ။

(၄) စိတ်တိုလျှင် ခပ်ပြတ်ပြတ်ဘုပြောတတ်ခြင်း (အထူးသဖြင့် အွန်လိုင်းမှာ)
စိတ်တိုတယ် ဆိုမှတော့ ဘုမပြောလို့ ဘယ်လိုပြောရမလဲ။ ကဲ..။

(၆) မေ့တတ်ခြင်း
အသက်ကလေး ထောက်လာတော့ မေ့တတ်ပါတယ်။ အဲလို မေ့တတ်တဲ့ ဥပမာတွေထဲက တစ်ခုကို ပြောပြရမယ် ဆိုရင်တော့… အဲ.. မေ့သွားပြီ။

(ရ) တွေဝေတတ်ခြင်း
တွေဝေတတ်တဲ့ အကြောင်းကိုတော့ ပြောပြရင် ကောင်းပါ့မလား.. ပေါ့နော်။ ဒါက စိတ်ထဲမှာ ဖြစ်နေတာ ဘယ်သူမှ မြင်တာမှ မဟုတ်တာ။ ရေးချလိုက်လို့ မကောင်းဘူး ထင်တယ်နော်။ အို.. ဘာဖြစ်လည်းလေ။ ပြောတော့ ပြောလိုက်ပါမယ်။ နေပါဦးလေ.. ပြန်စဉ်းစားပါဦးမယ်။

(၈) လျှို့ဝှက်ဖုံးကွယ်တတ်ခြင်း (သို့သော် ပြန်ပေါ်တတ်ခြင်း)
ဟဲ..။ ဒီပို့စ်ကိုရေးဖို့ တက်ဂ်ထားတာကို ရေးတာ မြန်လိုက်တာလို့ ထင်မနေဘူးလား။ ဒါကတော့ လျှို့ဝှက်ချက်ပဲ။ ရှေ့မှာ ဒီလိုခပ်ဆင်ဆင် ပို့စ်ကို ပန်ဒိုရာဘာကောင်လဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးဖူးတယ်ဆိုတာ ပြောပြလို့တော့ ဘယ်ဖြစ်ပါ့မလဲ။

(၉) နမော်နမဲ့ ပျာယီးပျာယာ ဖြစ်တတ်ခြင်း
ဒါကတော့ နံပတ် (၉) အချက်ပါ။ ဟေဟေ့… ပြီးတော့မယ်။ အယ်.. နေဦး ပြန်ရေကြည့်လိုက်ဦးမယ်။ အာ.. နံပါတ်စဉ် ကျော်သွားတာကိုး။ စာဖတ် ပရိသတ်ကြီးရေ.. ဒီအချက်ကို နံပါတ် (၈) လို့မှတ်လိုက်ပါ။ ဟာ.. ဒါလည်း မရသေးဘူး။ အိုကေ.. ဒီလိုလုပ်။ နံပါတ် (၆)က စပြီး နံပါတ်စဉ်များကို ဂဏန်းတစ်လုံးစီ လျှော့ကြည့်ပါရန်။ ဒီတော့ ၁၀ခု ပြည့်အောင် နံပါတ် (၉)ကို ၂ ခါ တပ်လိုက်မယ်နော်။ ဟူး… မောသွားတာပဲ။

(၉) ပျင်းတတ်ခြင်း
ဟိ… ၁၀ ခုပြည့်အောင် အလွယ်ဆုံး ဒီတစ်ချက်ကို အသာလေး ထိုးထည့်လိုက်တယ်။

(၁၀) အလုပ်ကို အချိန်ဆွဲကာ နောက်ဆုံးစက္ကန့်မှ ထလုပ်တတ်ခြင်း
တကယ်တော့ ဒီအကျင့်ကို ရှေ့မှာကတည်းက ရေးမလို့ပဲ။ နောက်မှ ရေးလည်း ရပါတယ်လို့ နေနေတာ။ ဟော… ပြောရင်း နံပါတ် ၁၀ ရောက်သွားပြီ။ ကံသီပေလို့။ ကျန်ခဲ့တော့မလို့။



(မတူးတူးသာ တက်ဂ်ထားတာပါ။)

မှတ်ချက်။ အလေးအနက် အမှန်အကန် ရေးခြင်းမဟုတ်။ တခါတလေ ပျော်ရွှင်နိုင်ကြစေရန် ရေးထားခြင်းသာ ဖြစ်ပါသည်။



32 comments:

  1. စိတ်နဲ့ ပိုက်ဆံအိတ် ဖွင့်ပြကြေး လုပ်နေ ကြသလားလို့ဗျာ။ စိတ်မဆိုးတဲ့နော် တနေ့ကလဲ အမြင်အတိုင်း ဒုတ်ထိုးဦးပေါက် ရေးမိလို့ စီဘောက်မှာ ထထောင်းထောင်းထတဲ့ ဒေါသပြပွဲ လာလုပ်နေကြတာ။

    ReplyDelete
  2. သူများကရေးမလို့လုပ်တုံး. သူကဦးသွားတယ်။

    ဟုတ်တယ်. သူရေးတဲ့စာတွေ ကဆရာကြီး လေသံတွေပါနေတယ်။ သတိပြူမိပါတယ်.ကျန်တာတွေကိုလဲ လေ့လာနေပါတယ်။

    အမှန် တိုံ့က အရင်ရောက်တယ်။ သေချာဖတ်နေတုံး အရှေ့ကတစ်ယောက် က ဘာမှ မဖတ်ဘဲ ဆိုင်းထိုးသွားတာပါ.။

    ReplyDelete
  3. ဆရာလုပ်တတ်တာတော့ သေချာသလောက်ပဲ။ ကျန်တာတော့သိဘူး။

    ReplyDelete
  4. နောက်ထပ် အရေးကြီးဆုံး အချက် နံပတ်စဉ် ၁၁ လည်း ရှိသေးတာ သိတယ်။ ဘလော့ တပုဒ် ရေး ပြစ်လိုက်မယ်..။ မရေးစေချင်- (++++++++++) ။
    ဒါပဲ။
    ( ရဲ ခေါ်လာဖို့တော့..စိတ်မကူးနဲ့- တခါတည်း.. ဓါတ်ပုံပါ တင်ပြစ်လိုက်မယ်)

း))))

    ReplyDelete
  5. ဘာပဲဖြစ်ဖြစ် သိုင်းကျူးပါ ငါ့ညီမ ... :)

    ReplyDelete
  6. မပန်အနေနဲ့ နံပါတ် (၆)နဲ့ နံပါတ် (၉)
    နှစ်ခုစလုံး မဖြစ်နိုင်ဘူးလို့ ထင်တာပဲ
    မပန်ရေ။

    ReplyDelete
  7. ဂယ်ဖဲ ချာကြီး လုပ်တတ်တာရားးး.. :P
    နမော်နမဲ့ ပျာယီးပျာယာ ဖြစ်တတ်ခြင်း... အရမ်းမိုက်တယ် လက်တွေ့ကို နမော်နမဲ့ လုပ်ပြလိုက်တာ ဂွတ်မှဂွတ်.. :)

    ReplyDelete
  8. ဟီးး တကယ်လို့ များလက်ဆင့်ကမ်းရင်း လင်းဆီကို ရောက်လာရင် ဒီကနေပြန်ကူးချရမလောက်အောင် တော်တော်များများတူနေတယ် မပန်ရေ

    ReplyDelete
  9. အဲဒီလို ရေးလိုက်တာလေးကို သဘောကျလိုက်တာ။

    ReplyDelete
  10. အဲဒိလို သဘောကျ စရာလေးတွေကိုရေးတတ်လိုက်တာ။

    (၀န်ခံချက်။ အထက်မှမိုးချိုသင်းကွန်မန့် ကိုကိုးကားရေးပါသည်)

    ReplyDelete
  11. ဆရာ... လိုက်ရှာနေတာ ကြာလှပြီ...
    ခုမှတွေ့တော့တယ်...း)

    ReplyDelete
  12. မရဘူး။ အကုန်လုံး တကယ်လို့ မှတ်သားထားလိုက်မှာan

    ReplyDelete
  13. ဖတ်ပြီး တကယ်ဘဲ ရယ်မောပျော်ရွှင်ရပါတယ်...
    ရေးတတ်ပါ့ ပန်ပန်...

    ReplyDelete
  14. လူမုန်းလောက်အောင်၊ မြင်ပြင်းကတ်လောက်အောင် ဆရာကြီးလုပ်တဲ့နည်းကိုတော့ ကျနော့်ဆီမှာ လာလေ့လာလိုက်ပါဦး။ ငှီးငှီး…..။

    ReplyDelete
  15. ရေးတာကိုတော့ သဘောကျပါတယ်... ဆရာကြီးလုပ်တာကိုတော့...

    ဒါပေမယ့် ပိုက်ဆံတွေအများကြီးဝင်ပြီးတော့ ကြွားလည်းကြွားတတ်တော့ ဆိုင်ကောင်းကောင်းမှ လိုက်ကျွေးပေတော့... နှမျောတတ်တယ်လို့ မပါဘူးလေ... ငှဲငှဲ.... :P

    ReplyDelete
  16. ရေးထားတာကောင်းလွန်းလို့ စိတ်ထဲက ကြိတ်ပြီးချီးကျူး
    နေတာ...ကေ ကဖော်ကောင်လုပ်ပြီး ကျန်သေးတယ်
    ဆိုတော့ ကာ ဆက်ရေးရင်ပိုပိုကောင်းမှာပဲလို့ထင်မိပြန်
    ရော.. (မှတ်ချက်-ဖျားယောင်းခြင်းမဟုတ်ပါ၊ ရိုးရိုးသား
    သားသာဖြစ်ကြောင်း မိမိကိုယ်မိမိ အာမခံပါသည်။း) )

    ReplyDelete
  17. မပန်.စာအရေးအသားအလွန်ကောင်းပါသည်.

    ReplyDelete
  18. မပန်.. ပျင်းတဲ့တစ်ချက်ကိုတော့ အကြိုက်ဆုံးပဲ။ နာမည်သာဆိုးတာ လူသက်သာတယ်။ :P

    ReplyDelete
  19. မပန်က ရေးတာ ပိုင်တယ် ကွာ....။ ;)

    ReplyDelete
  20. ကျွန်တော်က အန်တီပန်ကို တက်ဂ်မလို့ သူများဦးသွားပြီးကိုး အဟတ်.. ဒီခေါင်းစဉ်ကြီးက ကိုယ်ပေါင်ကိုယ် လှန်ထောင်းခြင်းတွေပဲ... ကျွန်တော်လဲ ရေးပြီးပြီ... :P

    ReplyDelete
  21. အစ်မကရေးတတ်လိုက်တာ
    ချစ်စရာလေးတွေ...ပြုံးလဲပြုံးရပါတယ်လေ...

    ReplyDelete
  22. ကိုဒူကဘာရေ.. စိတ်မဆိုးပါဘူးနော်။ ဒါပေမယ့် ပို့စ်ကို သေချာအစအဆုံးဖတ်ပြီးမှ မှတ်ချက်ရေးရတော့ ဒါဘယ်လိုစာမျိုးလဲ ဆိုတာ ပိုနားလည်သွားမယ် ထင်တယ်နော်။ မခင်ဦးမေ ပြောလို့ မှန်းကြည့်တာပါ။ မှားသွားရင်လည်း စိတ်ဆိုးနဲ့ဦးနော်။ :)

ိမခင်ဦးမေ... ခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ် ။ လိုအပ်တာများလည်း ပြုပြင်ပါမယ်။

    ကိုငြိမ်းချမ်းအောင်.. ဟုတ်မယ်။ လောလောလတ်လတ်ပဲ ကိုငြိမ်းချမ်းအောင်ကို သက်သေလာပြခဲ့တယ်လေ။ :)

    မကေ.. မမှုပါဘူး။ ဖွင့်ချလိုက်.. ပြောပြလိုက်စမ်းဘာလေ...။

    မတူးတူးသာ... ၀ဲလကမ်းပေါ့။

    ကိုအောင်... ဘာလို့မဖြစ်နိုင်ရမလဲ။

    ကိုရင်နော်ခင်လေးငယ်.. လက်တွေ့ပြရမှ ကျေနပ်တာ။ :)

    လင်းရေ.. တူရင် ပွားယူလိုက်..။

    မမိုးချိုသင်း.. အဲလို သဘောကျတာလေးတွေကို သဘောကျလိုက်တာ။

    ကမောင်ရင်... အဲလိုရေးလိုက်တာလေးတွေကို သဘောကျတာလေးတွေကို ရေးလိုက်တာလေးတွေကို သဘောကျလိုက်တာ။

    ကိုအောင်သာငယ်... နေဦး။ တန်းစီ။

    ဟန်လင်းထွန်း.. ဒီလိုမလုပ်နဲ့လေ။ :)

    မသက်ဝေ.. ပျော်ရင် ကိုယ်ပျော်သလိုပါပဲ..။ (ပြောကြည့်တာ)

    ကိုပေါ.. ဟတ်ဟတ်.. ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖြစ်သွားမယ်။ လွယ်သလားခက်သလား။

    ပီတိ.. နှမြောတတ်တယ်ဆိုတာကို လျှို့ဝှက်ဖုံးကွယ်ထားတာပါ။

    မနော်.. မကေ ရေးချင် ရေးဘာစေလေ.. ကျော်လွှားအားပေးနေလို့ ကျေးဇူး..။

    ကိုဆောင်း..မှတ်ချက်အတွက် ကျေးဇူးပါ။

    မစ်စ်သွန်းသွန်း... သေချာတာပေါ့နော်။

    ပုံရိပ်.. ဟင်းဟင်း.. တက်ဂ်မလို့ သတိရသေးတယ်။

    တိုလီမင်းယွန်း.. လာဖတ်ဦးမယ်လေ။

    mirror ...ြ့ပုံးတဲ့မျက်နှာလေး မြင်ယောင်လိုက်တယ်။

    ReplyDelete
  23. မပန်ရဲ့ ဒီလိုရေးဟန်တွေကို မဖတ်ရတာ ကြာပြီ။ ဖတ်ပြီးသွားတော့ သဘောကျပြီး ပြုံးမိတယ်.. အပေါ်က comment တွေကပိုရီရတယ်.. :)

    ReplyDelete
  24. မုန်းစရာ ကောင်းပါဘူး မပန်ရ.. ခွင့်လွှတ်တတ်သူ အတွက် ဆိုရင်တော့ ဒါလေးတွေ ကိုက ချစ်စရာ ကောင်းရင် ကောင်းနေမှာ.. ဟုတ်တယ်မို့လား ပန်ဒိုရီရေ...

    ReplyDelete
  25. တို့ကတော့ မုန်းပါဘူး... ပြုံးတောင်နေသေး

    ReplyDelete
  26. Tag ကိုတောင်ဖတ်လို့ကောင်းအောင်..
    စိတ်ထဲမှာ..မှတ်မှတ်ထင်ထင်လေးစွဲသွားနိုင်အောင်
    ရေးတတ်လိုက်တာ

    ဘာ..ရေး..ရေးကြိုက်ပါတယ်ဆို....

    အိန္ဒြာ

    ReplyDelete
  27. ရေးချက်ကတော့ ပိုင်သကွာ.. အရီးပန်တို့ကတော့ မုန်းစရာတောင် ပြုံးလာအောင် ရေးလိုက်သေး..။

    ReplyDelete
  28. သဘောကျ ပြုံးသွားတယ်..။ အနော်နဲ့ အတူသားကလား...။
    ^-^

    ReplyDelete
  29. မနုစံ လှိုင် sonata-cantata အိန္ဒြာ လေးမ မှူးဒါရီ
    မှတ်ချက်များအတွက် ကျေးဇူး။

    ReplyDelete
  30. မဖတ်ရသေးတာတွေလည်း--
    အတိုးချ-လာဖတ်သွားပါတယ်--

    ReplyDelete
  31. မမ ပန်ရေးတာ ရယ်ရတယ်.. သူများနဲ့လဲ မတူဘူး..
    နံပါတ်တွေလဲ ကျော်လို့ကျော်.. ဟီးဟီး..

    ReplyDelete
  32. ဒါက ပွင့်လင်းရိုးသားခြင်းပါ ပန်ရယ်… ချစ်စရာတောင် ကောင်းသေး….

    ReplyDelete