Technical help

Sunday, May 2, 2010

ရေပွက်ကလေးတစ်ပွက်

မေလ ၂ ရက်က ကိုယ့်အတွက်တော့ မွေးနေ့ ဖြစ်ပေမယ့်လည်း လူအတော်များများ အတွက်တော့ လူတွေ သိန်းနဲ့ချီပြီး သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ နေ့အဖြစ် အမှတ်ရနေကြမှာပါ။ နာဂစ် တိုက်ခတ်ခဲ့တဲ့ ဒေသ ဆိုတာကလည်း ကိုယ့်ဘ၀အစိတ်အပိုင်း အတော်များများမှာ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် တတ်နိုင်သမျှတော့ အစွန်းတရားတွေနဲ့ ကင်းအောင် လူဆန်ဆန်လည်းဖြစ်အောင် နေဖြစ်ပါတယ်။ လူအများကြီး သေဆုံးဒုက္ခရောက်ကြတဲ့ နေ့မို့ အလွန်အကျွံ အပျော်တွေကို ဆင်ခြင်သင့်တာ ဖြစ်နိုင်ပေမယ့် ကိုယ့်မွေးနေ့ဖြစ်နေတာမို့ ၀မ်းနည်းခြင်း မီးတိုင်လေးနဲ့ အမြဲငြိမ်သက်နေဖို့လည်း မဖြစ်နိုင်ဘူးထင်ပါတယ်။ မွေးပေးထားခဲ့တဲ့ မိဘနှစ်ပါးနဲ့ ကိုယ့်ကို ချစ်ခင်သူတွေအတွက် ပျော်ရွှင်ဖွယ်ရာ ဖန်တီးရတဲ့ အချိန်ပိုင်းတွေလည်း ရှိနေမှာပါပဲ။

တဖက်ကကြည့်ရင်လည်း မွေးနေ့ဆိုတာဟာ ခမ်းခမ်းနားနား ကျင်းပနေစရာ အလိုအပ်ကြီး မဟုတ်တောင်မှ လူ့ဘ၀ကို စတင်ခဲ့တာ ဒီလောက်တောင် ကြာခဲ့ပြီ ဆိုတာကို အမှတ်ရစေတဲ့ နေ့ဖြစ်ပါတယ်။ ဒီလောက် အချိန်အကြာကြီးမှာ ကိုယ်ဟာ ဘာဖြစ်နေပြီလဲ၊ ဘာတွေ ကောင်းတာ ဆိုးတာ လုပ်ခဲ့လဲ ဆိုတာတွေကို ဆင်ခြင်စေပါတယ်။ အရာရာဟာ ကျေနပ်စရာ အတိ မဟုတ်နိုင်ပေမယ့် အောင်မြင်ပြီးမြောက်ခဲ့တဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကို အတိုင်းအတာတစ်ခုအထိတော့ အသိအမှတ်ပြု အားပေးဖြစ်ပါတယ်။ ရှေ့အတွက် ရည်မှန်းချက်တွေ ထားတဲ့အခါမှာလည်း ဖြစ်နိုင်ခြေတွေထဲမှာ မျှမျှတတ လက်တွေ့ကျစေဖို့ ကိုယ့်ကိုယ်ကို သတိပေးရပါသေးတယ်။ ဒီလိုနဲ့ပဲ ဖြတ်သန်းနေဆဲပါ။

Wikipedia မှာ မေ၂ လို့
ရိုက်ပြီးရှာကြည့်တော့ မေ၂ မှာဖြစ်ပွားခဲ့တဲ့ အထင်ကရဖြစ်ရပ်တွေ (နာဂစ်အပါအ၀င်)၊ မေ၂ မှာ မွေးတဲ့ ထင်ရှားသူတွေ (David Beckham အပါအ၀င် :)) နဲ့ မေ၂ မှာ သေဆုံးခဲ့တဲ့ ထင်ရှားသူတွေ ကို တွေ့ရပါတယ်။

ခါတိုင်းနှစ်တွေမှာ မွေးနေ့အချိန်ရောက်တိုင်း ရေးဖြစ်ခဲ့တဲ့ပို့စ်တွေကိုတော့ အောက်ကလင့်ခ်တွေမှာ ဖတ်လို့ရပါတယ်။

၂၀၀၉ မေ ၂

၂၀၀၈ မေ ၂

၂၀၀၇ မေ ၂



ဖြည့်စွက်ချက်။
ဒီနှစ်အတွက် အမှတ်တရ ကဗျာမရေးဖြစ်ပေမယ့် အစ်မတစ်ယောက် ရေးပို့လာတဲ့ ကဗျာလေးနဲ့ မွေးနေ့ကို အလှဆင်လိုက်ပါတယ်။

.................................
မွေးနေ့ဆုတောင်း

ဘ၀ဆိုတာ ...
ကာရန်ညီညီ
ထုဆစ်သီထားတဲ့
ကဗျာလေးတပုဒ်လေလား ... ။

ဘ၀ဆိုတာ ...
ဆေးရောင်လှလှ
စုတ်ချက်ကြွနဲ့
ချယ်သထားတဲ့ ပန်းချီကားတချပ်လေလား .... ။

ဘ၀ဆိုတာ ...
ကြည်မြသံချို
သီကြွေးဆိုတဲ့
တေးသီချင်း တပုဒ်လေလား ...
တခါတခါ စဉ်းစားမိတယ် ... ။

ညီမပြောသလို
ဘ၀ဆိုတာ ...
ရေပွက်လေးတပွက်
ပေါ်ပြီး တခဏ ပျက်ပေမဲ့
ဘ၀ထဲမှာ ကျင်လည်ရင်း
တေးသီချင်းလေးတွေ ဆိုလိုဆို
ကဗျာတွေကို သီလိုသီ
ပန်းချီတွေကို ဆွဲလိုဆွဲ
ကိုယ့်ဇွဲနဲ့ ကိုယ်သန်ရာ
အမှန်ကိုသာ ရည်မျှပါစေကြောင်း ...
ပန်ဒိုရာ ညီမကို ဆုတောင်းလိုက်ပါတယ်။

မေလ၂ ရက်
မွေးနေ့မှတ်တိုင်လေးများစွာ
မင်္ဂလာရှိစွာ ကြုံတွေ့ ကျော်ဖြတ်နိုင်ပါစေ ... ။
..............................



နှုတ်ဆက်ဆုတောင်းသူတွေရော ဆုမတောင်းဖြစ်သူတွေပါ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။း)

ပန်ဒိုရာ

35 comments:

  1. လှသော မွေးနေ့ဖြစ်ပါစေ အမရေ...။

    လေးစားခင်မင်လျက်
    Mirror

    ReplyDelete
  2. ဘာဘဲဖြစ်ဖြစ် ကိုယ့်မွေးနေ့ဟာ ကျေနပ်စရာကောင်းပါတယ်။ ပျော်ရွင်ပါစေ။

    ReplyDelete
  3. အိန္ဒြာMay 2, 2010 at 1:16 AM

    အဲဒီ့ကြယ်က မေ၂ ကိုစီးပြီး
    ကောင်းကင်မှာ ခရီးဆန့်ခဲ့တာ....
    သူ့လင်းလက်မှုတိုင်းမှာ...
    သူ့အ၀ါဟာ...တည်ကြည်ခမ်းနားလို့

    ++++++++++++++++++++

    ချစ်တဲ့ ပန်..

    လိုအင်ဟူသမျှပြည့်ပါစေ။

    ReplyDelete
  4. ဘ၀စနေပြီဖြစ်တဲ့ အမ မွေးနေ့မှသည် နောင်နှစ်များတွင် အဗာတာလေးပေါင်းများစွာနှင့် ပျော်ရွှင်နိုင်ပါစေ။ :D

    ReplyDelete
  5. အသက်ရာကျော် ရှည်ပါစေ ...

    ReplyDelete
  6. သိချင်တာလေးက ဘယ်နှစ်နှစ်ပြည့်တာလဲ အစ်မ ...:P

    ဆယ့်ငါးနှစ်လို့တော့ မနောက်ကြေး..။

    ReplyDelete
  7. မြစ်ချေသူMay 2, 2010 at 2:06 AM

    Happy Birthday to you Pandora...

    ReplyDelete
  8. မေ၂ မှာ
    လူဆန်ဆန် ဆက်လက် လျှောက်လှမ်းနိုင်ပါစေ။

    may you be free from any physical and mental diseases from this very birthday.

    HAPPY BIRTHDAY!!!!!!! sister

    ReplyDelete
  9. မွေးနေ့မင်္ဂလာပါ မပန်ရေ။

    ReplyDelete
  10. မပန်ရေ......
    ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဗျာ....
    လိုအင်များလည်း....ပြည့်ဝပါစေ.....။
    စာတွေလည်း အများကြီး.....ရေးသွားနိုင်ပါစေခင်ဗျာ....။
    ဆုတောင်းပေးပါတယ်.....။

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  11. မင်္ဂလာရှိသော မွေးနေ့ရက်မြတ်ပါ ...

    ReplyDelete
  12.ံပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေသတည်း။

    ရေတစ်ပွက်တာ နေစဉ်ခဏ...

    သူတည်းတယောက်၊ ဟားဖို့ရောက်မူ၊ သူတယောက်မှာ၊ ပေါက်လင့်ကာသာဓမ္မတာတည်း....

    ဆိုတဲ့အတိုင်း သမိန်ပန်သွပ်တယောက် ဟာသစွက်တဲ့ ခပ်မြူးမြူးပို့စ်ကလေးတွေကို ဆထက်တံပိုး တိုး၍ ရေးဖြစ်ပါစေသတည်းဟု ဆုတောင်း၊တိုက်တွန်းလိုက်ပါကြောင်း။

    ReplyDelete
  13. အမှတ်တရ နေ့ရက်လေးတစ်ရက်ကို
    ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ မမ...
    မမအတွက် အဓိပ္ပါယ်ရှိတဲ့ နေ့လေးတစ်ရက်လဲဖြစ်ပါစေ...

    နှင်းနဲ့မာယာ

    ReplyDelete
  14. ချစ်ညီမ ပန်ပန်...

    ပျော်စရာ မွေးနေ့ မှသည်...
    နောင်နှစ်ပေါင်းများစွာအထိ
    စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာ...
    လိုအင်ဟူသမျှ ပြည့်စုံပါစေ...
    ရှေ့အတွက် ရည်မှန်းချက်တွေလဲ ပြည့်စုံ အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပါတယ်...

    ReplyDelete
  15. မွေးနေ့ မှာပျော်ရွှင်ပါစေ။

    ReplyDelete
  16. လွမ်းသုရင်May 2, 2010 at 10:10 AM

    Happy Birthday အစ်မ

    ReplyDelete
  17. ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေဗျာ

    ReplyDelete
  18. Happy Birthday ပန်ပန်
    စိတ်ချမ်းသာပါစေ
    ကိုယ်ကျန်းမာပါစေ
    ...
    ပုံတွေဆွဲပါစေ
    စာတွေရေးပါစေ
    ...

    ဧရာသီတာ

    ReplyDelete
  19. ပျော်ရွှင်မှုများနဲ့ မပြတ်တဲ့ ရေပွက်ပေါင်းများစွာ ချစ်ခင်သူများနဲ့အတူ ကူးခတ် ပျော်ရွှင်နိုင်ပါစေ ညီမလေး ပန်ရေ..

    ReplyDelete
  20. Happy Birthday ဒေါ်လေး မတွေ့တာ မမြင်တာကြာပေါ့ဗျား)

    ဒီနေ့ဘလော့ဂါ ကိုရုပ်ဆိုးရဲ့ သားလေး မွေးနဲ့ တူတူပဲ

    ReplyDelete
  21. သမုဒ္ဒရာထက် မှာ ကြာကြာတက်နေမဲ့..ရေပွက်ကလေး ဖြစ်ပါစေ..ပန်ပန်.. ( ဒီမှာလည်း ဆုထပ်တောင်းသွားတယ်)

    တို့ အလှည့်မှာတော့..ပုံတူ လက်ဆောင်မပေးနိုင်ဘူးကွယ်..း(

    ReplyDelete
  22. နောင်နှစ်ပေါင်းများစွာတိုင် ရှင်သန်ခြင်းတွေ ဖြန့်ခင်းနိုင်ပါစေ မကြီးပန် ။

    ReplyDelete
  23. ကျနော်မွေးနေ့မှာလဲ ထေရ၀ါဒအထွန်းကားဆုံး သာသနာတော်ကို နှစ်ပေါင်းများစွာ ထိမ်းသိမ်းကျင့်ကြံခဲ့တဲ့နိုင်ငံမှာ စစ်အစိုးရက သံဃာတော်တွေကို သွေးမြေကျအောင် ရက်စက်ခဲ့တဲ့နေ့ကြီးဖြစ်နေခဲ့တာပါပဲဗျာ.ဆိုးသွမ်းမှုတွေ စိတ်မကောင်းဝမ်းနည်းစရာတွေအတွက် ကျနော်တို့ပိုလုပ်နိုင်သလောက်လုပ်ရမယ်လို့ တွေးမိပါတယ်.မပန်ရေ..ဟက်ပီးဘတ်ဒေး တရာကျော်ပါစေဗျာ သားတရာ.မြေးတထောင်နဲ့ပျော်ပျော် ရွှင်ရွှင်အမြဲနေနိုင်ပါစေဗျား...

    ReplyDelete
  24. ပျော်ရွှင်ပါစေ..မမပန်

    ReplyDelete
  25. Happy birthday to you!

    ReplyDelete
  26. စာတွေ အများကြီး ဆထက် တံပိုးတိုး၍ ရေးနိုင်ပါစေ ပန်ဒိုရာစံ၊ မင်္ဂလာရှိသော မွေးနေ့ ဖြစ်ပါစေ။

    ReplyDelete
  27. နုသွဲ့May 3, 2010 at 6:57 PM

    တရက်ကြီးများတောင် နောက်ကျသွားတာ တောင်းပန်လိုက်တယ်နော်။
    ဖြစ်ခဲ့ ရခဲ့တာတွေကို ၀မ်းမြောက်ရင်း၊ မဖြစ်သေး မရသေးတာတွေအတွက် အကောင်းဆုံး ပြင်ဆင် သွေးသစ်လောင်းတဲ့ နေ့တနေ့ ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်။ ပျော်ရွှင်ပါစေ။

    ReplyDelete
  28. မွေးနေ့အမီ လာဖို့ပဲ။ ကျန်းမာရေးက ချူချာသလောက် အလုပ်က အားကောင်းမောင်းသန်ရှုပ်နေလို့ နောက်ကျသွားတယ် ဘာပဲဖြစ်ဖြစ် ..ဆက်လက် လူသားပီသနိုင်ပါစေလို့ပဲ..ဆုတောင်းပါတယ်။

    ReplyDelete
  29. မွေးနေ့ ဆုတောင်းသူတွေ အများကြီးပါလား။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ အသက်မေးသူကိုတော့ ကျေးဇူးနည်းနည်းပဲတင်ပါတယ်။း)
    ပျော်ရွှင်စရာ စာတွေ ရေးနိုင်အောင်လည်း ကြိုးစားပါဦးမယ်။

    ReplyDelete