အဟောင်းတွေကဆွဲလှည့်ထားတဲ့
ဦးတည်ချက်တစ်ဖက်တည်းကို
နှစ်ထပ်ဆင့် ငေးကြည့်နေရာက
ဆွဲထုတ်လိုက်တဲ့ ၀ိညာဉ်အစကလေးဟာ
ကိုယ့်ကို မျက်စပစ်ပြနေတော့တယ်
ကြယ်ကြွေပြိုးပြက်မျှ ဖြတ်သန်းခြင်းသာ
သို့သော် နီကျင်စိုလက်မိုးရေစက်တွေလည်းပါ
အတိတ်-အတိတ်မှ အတိတ်-အနာဂတ် အ၀င်
ရှိခြင်းမရှိခြင်းတစုံတရာအတွက်
ရှင်သန်ခြင်းကို ခင်းကျင်းဖြစ်ခဲ့တယ်
အပိုင်းအခြားတွေရဲ့ပြင်ပက
သက်တမ်းမဲ့ပန်းတွေ ဖူးဝေခဲ့တယ်
နိုးတ၀က် အိပ်တ၀က် နတ်သမီးအိပ်မက်နဲ့
ရက်ဆက်မိုးလင်းဖြစ်တဲ့ နံနက်ခင်းတွေရှိခဲ့တယ်
နာကျင်မှုတွေ ငိုကြွေးသံတွေအတွက်
ကဗျာတစ်ခင်းကိုတောင်ချနင်းမိမတတ်
ခြေလှမ်းတ၀က်ပြင်မိခဲ့တယ်
ကမ္ဘာအစစ်မှာ တထစ်ထစ်လည်ပတ်ဖို့လည်း
သံပတ်အကြိမ်ကြိမ်တင်းခဲ့ရတယ်
ရှေ့ဆက်ရပေဦးမယ်
လရောင်နေရောင် လိုသလိုပက်ဖျန်းပေးမယ့်
နားလည်မှုရင်ခွင်မှာ လိုချင်တာတွေ သရုပ်ခွဲလို့
စိတ်နဲ့စိတ်
မိုက်မဲမှုများ ဆင်ခြင်မှုများ
တွန့်ဆုတ်မှုများ အားထုတ်မှုများ
အပူ အအေး
အနောက်သို့ အရှေ့သို့
အဝေးတစ်ခုနဲ့ အဝေးတစ်ခု ကြား
ကျောချင်းကပ်ချိန်သင်္ကေတ ပြလာတဲ့အခါ..။
ပန်ဒိုရာ
(၂၀၀၈ မေ ၂ သို့)
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
2 days ago





10 comments:
ပျော်ရွှင်သော မေ၂ ဖြစ်လို့
မေ၂ သည်လည်း ပျော်ရွှင်ပါစေ။
မေ၂ပေါင်းများစွာ သည်လည်း ပျော်ရွှင်ပါစေ။
မနှစ်က ဒီအချိန်ကို မမေ့မလျော့နဲ့ ကျနော် အမှတ်မမှားခဲ့ဘူး ဆိုရင် ဒီနေ့ (ကျနော့်အချိန်နဲ့နော်) မေလ ၂ ရက်နေ့ဟာ ဒိုရာ့ မွေးနေ့မို့ သတိတရနဲ့ လာလည်သွားပါတယ်။ မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ။
ဟဲဟဲ .. သိဘီ သိဘီ
အသက် ..
ဗိုက်ဆာသလိုလိုပဲ
ပျော်စရာကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်ပါစေ အမပန်ဒိုရာ
ဒီထက်ပိုပြီးစူးရှထက်မြက်တဲ့ နူးညံ့ပျော်ဝင်စေတတ်တဲ့ စာတွေ ကဗျာတွေ ဆက်လက်ရေးသား နိုင်ပါစေလို့ ဆန္ဒပြုရင်း .....
လေးစားလျှက် (နိုဝင်ဘာ)
မင်္ဂလာမွေးနေ့ပါနော်…
လုံးဝနောက်မကျသေးပါ
ကနေဒါစံချိန်နဲ့ မေ၂ ည ၁၁း၂၅ တိတိပဲရှိပါသေးတယ်…
မပန် ကဗျာဆက်လက်ရှင်သန်ပါစေ
ချစ်မမပန် .. ဒီမှာလာပြီး ထပ်ဆုတောင်းသွားပါတယ် ။ Happy Belated birthday :)
နာကျင်မှု့တွေ ငွေးကြွေးသံတွေအတွက်
ကဗျာတစ်ခင်းကိုတောင် တက်နင်းမိမတက်
ခြေလှမ်းပြင်ခဲ့ရတယ်
ကမ္ဘာကြီးကို တစ်ထစ်ထစ်လည်ပတ်ဖို့
သံပတ်အကြိမ်ကြိမ်ပေး. ... .
ုမိုက်တယ်အစ်မရေ ... မေ ၂ အတွက် ကဗျာလေး
အရမ်းကြိုက်ပါတယ်။ :)
ဟယ်တော့ ..ပန်ပန့်မွေးနေ့မှန်းသိကိုမသိဘူး ..
ကောမန့်တွေ ဖတ်မိတော့မှ သိတာ...
ကျန်းမာပျော်ရွှင်လို့ လိုရာ ဆန္ဒပြည့်ဝပါစေ..
ကျောချင်းကပ်နေတာဟာ
မျက်နှာချင်းဆိုင် ဆုံဖို့...ဆို...ဆို ... ဆို
ကွန်မန့်ဝင်ဖတ်ရင်းမှ သိလိုက်ရတယ်။ မေ ၂ ရက်နေ့ ပန်ဒိုရာမွေးနေ့ဆိုပါလား။ ဘယ်နှစ်နှစ်ပြည့်လဲလို့တော့ မမေးတော့ဘူးနော် ( ကိုယ့်အလှည့်ကျ ပြန်မေးနေမှာဆိုးလို့ )။ ၂ ရက်လောက် နောက်ကျသွားပေမယ့် ဆုမွန်ကောင်းတွေ အပြည့်ပေးသွားပါတယ်ဗျာ။ ပျော်ရွှင်လန်းဆန်းပါစေ။
ဒီတခါတို့လဲခေတ်နောက်ကျသွားတယ်ပန်ရေ...သူများcommentတွေဖတ်မှသိရလို့ နောက်ကျမှဆုတောင်းဖြစ်တယ်...ချမ်းမြေ့သာယာဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်းရာထောင်သောင်းထိ ချစ်သောပန်ဒိုရီနဲ့အတူ လှပကြည်နူးဖွယ်မွေးနေ့များစွာ ပိုင်ဆိုင်နိုင်ပါစေ...
Post a Comment