သြဂုတ်လ ၃၁ ရက် (3108) နေ့ကို ရောက်တော့မယ်။ ဒီနေ့ကိုရောက်တိုင်း 3l0gDay - ဘလော့ဂ်ဒေးကို ကမ္ဘာအရပ်ရပ်က ဘလော့ဂါတွေ ကျင်းပကြတယ်။ ဘလော့ဂ်အဟောင်းတွေက အသစ်တွေကို ကြိုဆိုမိတ်ဆက်တဲ့အနေနဲ့ ဘလော့ဂ်အသစ် ၅ ခုနဲ့ မိတ်ဆက်ပေးကြလေ့ ရှိပါတယ်။ ပန်ဒိုရာကတော့ တခြားဘလော့ဂ်တွေကို လည်ပတ်သွားလာမှု နည်းပါးတဲ့ ဘလော့ဂ်အသစ်တွေကို အဓိကထား မိတ်ဆက်ပေးချင်ပါတယ်။
http://kyiaye-literature.blogspot.com/
ဆရာမကြီးဒေါ်ကြည်အေးရဲ့ စာပေလက်ရာတွေကို စုစည်းထားတဲ့ ဘလော့ဂ်ပါ။
http://wirahtetnaung.blogspot.com
ဝီရထက်နောင်ရဲ့ It's all about ART ကဗျာဘလော့ဂ်လေးပါ။
http://thatoe99.blogspot.com/
သတိုးရဲ့ စိတ်ကူးအတောင်ပံများ တဲ့။ သြဂုတ်လကမှ စတင်တဲ့ ဘလော့ဂ်လေးတစ်ခုပါ။ဘ၀သရုပ်ဖော် ၀တ္ထုတိုလေးတွေ ရေးထားတာကို တွေ့ရပါတယ်။
http://minsoeyarpoem.blogspot.com/
ပိတောက်ပွင့်သစ်မဂ္ဂဇင်း မှာ "နေကောင်းလားကောင်းကြီး" ဆိုတဲ့ နင့်နင့်နဲနဲ ကဗျာလေးကို ရေးခဲ့တဲ့ မင်းစိုးရာ ရဲ့ "ကျွန်တော့်ကဗျာ ကျွန်တော့်ကမ္ဘာ" ကဗျာဘလော့ဂ်ပါ။ သူကတော့ ဒီနှစ် ဇန်န၀ါရီလလောက်ကတည်းက ဘလော့ဂ်စရေးခဲ့တယ်။
http://turnonideas.blogspot.com/
နေ့စဉ်ဖြတ်သန်းရတဲ့ ဘ၀တွေကို ရိုးရိုးလေး ထင်ဟပ်စေတဲ့ ဘလော့ဂ်လေးပါ။
အခုလို ညွှန်းပြီးတဲ့အခါ ထုံးစံရှိတဲ့အတိုင်း BlogDay web site ကို ဒီလို လင့်ခ် ပေးလိုက်ပါတယ်။ http://www.blogday.org
အားလုံး ပျော်ရွှင်အေးချမ်းစွာ ဘလော့ဂင်းနိုင်ကြပါစေ။ :)
ပန်ဒိုရာ






