
အပြာရောင်ကျွန်း - ၂
ပြာမှိုင်းခြင်းတွေ ဖိသိပ်ခံထားရရင်
ကျွန်းလို့ခေါ်တယ်
တွမ်ဟန့်စ်က ၀ီလဆင်ကို ဖက်ထားခဲ့တယ်
တွမ်ဟန့်စ်က ဘောလုံးလေးကို ဖက်ထားခဲ့တယ်
တွမ်ဟန့်စ်က ပါဆယ်ထုပ်ကလေးကို
ရေမစိုအောင် စောင့်ရှောက်ခဲ့တယ်
နံရံပြာပြာတွေပေါ် ငါကုတ်ခြစ်မိတိုင်းတော့
ဂျွန့်မှာ ကွဲအက်ရှတ အော်ဟစ်ရတယ်
စင်ရော်တစ်ကောင် သုတ်ခနဲ နားသွားတိုင်းလည်း
ခိုငှက်အထင်နဲ့
ငါက သင်္ကေတတွေ ပို့ပို့ပေးနေတတ်တယ်
သူတို့ ငါ့ကို လိုက်ရှာနေလောက်ပြီ
သူတို့ တနေ့လာခေါ်ကြတော့မှာပါ
ဟိုမှာ မီးခိုးလူလူနဲ့
ဟိုမှာ ရွက်တိုင်တွေ မြင်နေရပြီ
ဟိုမှာ ငါ့အချက်ပြမီးကို တွေ့သွားသလား
ဟိုမှာ ဥသြမှုတ်သံ ကြားရပြီ
သင်္ဘောက ဝေးရာကနီးလာတယ်
သင်္ဘောက ကျွန်းဆီဦးမတည်ပဲ ကပ်ကွေ့သွားတယ်
သင်္ဘောက သူ့လမ်းကြောင်းအတိုင်း ငဲ့မကြည့်ဘဲသွားတယ်
သင်္ဘောက….
သံလိုက်အိမ်မြှောင်တွေ ရေဒါတွေက
လူတစ်ယောက်ရဲ့ လွတ်မြောက်လိုမှုကို မဖတ်တတ်ဘူး
သင်္ဘောက….
သင်္ဘောက ပင်လယ်ဓားပြတွေချည်း ပါလာလို့
ငါ့ကိုကယ်မှာမဟုတ်တဲ့ သူတွေ ထိုးဆိုက်ကြ
မြေပုံအညွှန်းတွေ ငြင်းခုံကြ
ဓားခုတ်ကြ သေနတ်ပစ်ကြ
အချင်းချင်းအဆိပ်ခပ်ကြ
အပုပ်ကောင်တွေပဲကျန်လို့ ပင်လယ်ထဲ ပစ်ပစ်ချရတယ်
သမုဒ္ဒရာရဲ့ နိယာမကလည်း ကမ်းစပ်ကို ပြန်ပုတ်ထုတ်ပြန်တယ်
နောက်တော့လည်း ငါ့ဂူလေးထဲပြန်ဝင်ရတာပဲ
သူတို့ရူးသွပ်နေကြတဲ့ ရတနာပုံထဲ ထိုးဖွရင်း
စားသောက်လို့မရတဲ့ ကျောက်တုံးလက်လက်တွေကို
ဟိုဒီပစ်ပေါက်ပြီး ရယ်မောလိုက်တယ်
ဒါက ချစ်သူနဲ့ပြန်တွေ့ရင် လည်မှာဆွဲဖို့
စသည်ဖြင့် စိတ်ကူးယဉ်တယ်
ဒီလိုပဲ တနေ့ တနေ့
ငါရယ် ဂျွန်ရယ်
အုန်းပင်ပေါ်က အထစ်အထစ်တွေရယ်…။
ပန်ဒိုရာ
(အပြာရောင်ကျွန်း - ၁ ဖတ်ရန်)
Superstitious အယူသီးခြင်း (အပိုင်း ၅, ဇာတ် သိမ်း )
-
မနေ့ညနေကတော့ 3D printer အကြောင်းပြောနေကြရင်း အနားမှာ လူစုံတုံး ကိုယ်
သိချင်နေတဲ့ အကြောင်း အရာကို မေးလိုက်တယ်။ အရမ်းသိချင်နေပြီကိုး။..."ဒါနဲ့ ..
ငါ ထွက်သွား...
1 week ago




