Monday, November 15, 2010

ဇာတ်ဝင်ခန်းရဲ့အလယ်ဗဟို




တတိတိလျှံကျလာသော သွေးပျက်ဖွယ် တိတ်ဆိတ်မှု
ရှော့ခ်၊ မော်ဒန်၊ ဆာရီယယ်လ်၊ လေနုအေး၊ နှင်းဆီပန်းများ၊ ဟန်ဘာဂါ
ဖွဖွခြေလှမ်းလာရင်း အမြီးဖျားပုတ် တဘုတ်ဘုတ်ဖြင့် အံကြိတ်ရယ်မောသံ
ကင်မရာလက်ကိုင်ဖုန်း၊ အင်တာနက်၊ ကမ္ဘာကျော်ခြင်း၊ ပန်းသီးတံဆိပ်၊ ဟင်းလင်းပြင်နိယာမ
လက်သည်းတွေ သိမ်းဝှက်ထားတဲ့ ပင်လယ်ရဲ့ ညနက်နက်နောက်ခံ
ဂလိုဘယ်အိုင်တီခေတ်၊ အကျိုးစီးပွား၊ ဖြန့်ကားတွေးတောခြင်း၊ လူမှုဘောဂစစ်မျက်နှာ
လရောင်ခြည်က တိမ်ရီရီတွေပေါ် အမြင့်ဆုံး ဖိတ်ဖိတ်တောက်လာချိန်။

ပန်ဒိုရာ
14 Nov 2010

5 comments:

ရွှေရတုမှတ်တမ်း said...

အဘတို့က အသက်ကြီးပါပြီကွယ်..
ကိုခွေးဖို့ ဖတ်စာလို..အဘတို့ နားလည်အောင်ဖတ်လို့ရမဲ့...
ဘကျောက် ဖို့ ဖတ်ကဗျာလေးလဲရေးပေးပါဦး..

Anonymous said...

အလယ်ဗဟိုဆိုတော့ ဘေးနည်းနည်းချော်လို့တောင်မရဘူးပေါ့


>>>
Craton

မောင်မျိုး said...

အဲ့ထဲက တစ်ယောက်ပဲ သိတယ် ဘလော့ဂါ အစ်မလေနုအေး ပျောက်နေတာကြာလို့ သတိရနေတား)

သော်ဇင်စိုး said...

"လူမှုဘောဂစစ်မျက်နှာ" ဆိုတဲ့ စကားလုံးလေး နှစ်သက်မိတယ်..
တွေ့တွေ့ချင်း သယံဇာတ စစ်ပွဲတွေဆီအတွေရောက်သွားတယ်..
စိုးရိမ်မှုလား၊ ကိုယ်ချင်းစာမိတာလား.. သေချာမသိလိုက်ရပေမဲ့..
လ ကတော့ ဖိတ်ဖိတ်တောက်မလာရင်တော့... လူတွေ ဆက်ငိုကြရဦးမှာပဲ..
ဖိတ်ဖိတ်တောက်လာရင်လည်းသေကြရဦးမယ်..
ဘယ်လမ်းမှမကောင်းဘူး..
အားလုံး လူလိမ်တွေချည်းပဲ..
(ကျွန်တော့်အမြင်သက်သက်ပါ)

nyeinsoe said...

အလယ်ဗဟို ရောက်ချိန်မှာ ချိန်ဆတွေးတော
ဆုံးဖြတ်မှုတွေကို သေချာအောင်လုပ်ဖို့ ကြိုးစားနိုင်ရန်
တိုက်တွန်းအားကို ကြုံခဲ့ရပါတယ် ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com