
ပေးစာ
ချ ရေးလိုက်တယ်
အနှစ်နှစ်အလလ အောင်းထားတဲ့ ၀ိုင်စည်တွေ
ဆောင်းညပွဲတော်မှာ အကုန် အရည်ဖျော်ချလိုက်သလို
ပျော်ပျော်ရွှင်ရွှင်ကြီး ရေးသားလိုက်တာပါ
ပေးစာဟာ အကြောင်းအရာစုံတယ်
ဂက်စ်မီးခြစ်ဟောင်းတစ်လုံး ကိုင်းကျိုးနေတဲ့ထီးတစ်လက်
ကြွက်တစ်ကောင်ရဲ့အမြီးပြတ် ၀က်ရုပ်စုဘူးကွဲတစ်လုံး
ရည်းစားစာအဟောင်းအမြင်းတချို့ မီးကျွမ်းနေတဲ့ကျမ်းစာ
ဘောလ်ပင်တစ်ချောင်း(မင်ကုန်နေတယ်) အခန်းကျဉ်းကျဉ်းတစ်ခန်း
ခရီးဆောင်အိတ်တစ်လုံး ကုလားအုပ်တစ်ကောင်
ပြီးတော့ …. တသက်လုံးနေရာလွဲခဲ့တဲ့
မျှော်လင့်ချက်တွေ မျှော်လင့်ချက်တွေ အင်း.. မျှော်လင့်ချက်တွေ
ကျွန်မရဲ့ ပေးစာထဲမှာ သတိရကြောင်း သာကြောင်းမာကြောင်း ထည့်မရေးခဲ့ပါဘူး
သတိရခြင်းဆိုတာ လူတွေဖန်တီးထားတဲ့ ထင်ယောင်ထင်မှားရောဂါတစ်မျိုးပါ
ကားတစ်စီးကို ဘယ်လိုစက်နှိုးရမလဲ ကျွန်မ မသိခဲ့ဘူး
ချွဲကျပ်နေတဲ့ ကြောင်တစ်ကောင်ကို ကျွန်မ မချစ်တတ်ခဲ့ဘူး
လမ်းဘေးက တောင်းရမ်းသူတွေကို ငဲ့မကြည့်ပဲ ကျော်ဖြတ်ခဲ့တယ်
ကျွန်မရဲ့ ပေးစာမှာ ဒါတွေအကုန်ပါသွားခဲ့ပြီ
ကျွန်မရဲ့လောင်စာ အကြွင်းအကျန်ကို အကုန်ထည့်ရှို့ပေးလိုက်တာပါ
လိပ်စာပျောက်နေတဲ့ ပေးစာဟာ
ပုလင်းတစ်လုံးထဲမှာ သမုဒ္ဒရာအတိုင်း သူ့ဘာသာ မျောပါသွားလိမ့်မယ်။
ပန်ဒိုရာ
၂၅.၅.၂၀၁၁
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





11 comments:
ပုလင်းထဲက ပေးစာ ကို တယောက်ယောက် မဆယ် ခဲ့ မိရင် တောင်.. အနည်းဆုံး တော့..ရင်ထဲက လွှင့်ထုတ် ရေမျှော ချ လိုက် နိုင်ပြီ ပဲ..။
ပီ. အက်စ်
ကျန်းမာရေး အခြေအနေ သတင်းပို့ပါ..
ပုလင်းထဲ ၀ိုင်ထည့်ပေးရင် ပိုပြီး ကောင်းမယ် ...
ပေးစာဖတ်ပြီး ခေါင်းကိုသာ တွင်တွင် ခါယမ်းနေမိတော့တယ်...
speechless :(
take care
မိုက်တယ်ဗျို့(ပင်လယ်ထဲလိုက်မြောသွားသလိုဘဲ)
အကြံပြုချက်၊၊တံဆိပ်ခေါင်းတခုပုလင်းမှာကပ်ပေးလိုက်ရင်ကောင်းမယ် :)
ပေးစာက ဘယ်သူမှ့ပြောမပြဖြစ်တဲ့ ဖြောင့်ချက်တွေလည်း ဖြစ်တယ်။
လိပ်စာတတ်မထားတဲ့ ပေးစာဟာ တစ်ခါတစ်ခါတော့လည်း ရည်ရွယ်ရာကို မမျှော်လင့်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားနိုင်ပါသေးတယ်
အဲဒီပုလင်းသွားလိုက်ရှာမယ် မတွေ့တွေ့အောင်...
လူတွေ ဖန်တီးထားတဲ့ ထင်ယောင်ထင်မှား ရောဂါကိုပဲ နာတာရှည် ဖြစ်နေတာ ကြာပါပြီ၊ အခုတောင် ချွဲကျပ်နေ တဲ့ ကြောင်တစ်ကောင်လို တဂွီးဂွီးနဲ့ ပေးစာကို ဖတ်သွား ခဲ့ရတာ....။
ပေးစာကမြင့်တော့ ကျွန်တော့် လိုက်မမီဘူးဖြစ်နေတယ်ဗျာ။
ရည်ရွယ်ရာ ရောက်ရောက်မရောက်ရောက် ချရေးလိုက်ရတာကတော့ တော်တော်လေး ပေါ့ပါးသွားစေမှာလို့ တွေးမိပါတယ် အစ်မ...
ပန်းချီကားအရောင်ကို အရမ်းကို သဘောကျလို့ ပြန်ပြန်ကြည့်နေမိတယ်...
Post a Comment