Wednesday, July 6, 2011

ကျိုးနေတဲ့ အကျိုးတွေရဲ့ အကြောင်း

ကျိုးနေတဲ့ အကျိုးတွေရဲ့ အကြောင်း
၂၀၁၂ ကိုရောက်တယ် ဒီဇင်ဘာကိုရောက်တယ် ၂၁ရက်နေ့ကိုရောက်တယ် ပတ်ဝန်းကျင်အုံ့ဆိုင်းတယ် လေတွေတိုက်တယ် ငှက်တွေထပျံတယ် ကောင်းကင်ကြီးနီတယ် တော်လဲသံဟည်းတယ် မိုးသီးတွေကြွေတယ် လှိုင်းတွေကြွတယ် မီးတောင်တွေထတယ် ကမ်းခြေကိုသွားကြည့်တယ် ရေလုံးကြီးလိုက်လာတယ် ငါထွက်ပြေးတယ် တောင်ကုန်းတွေ့တယ် ကုတ်ကတ်တက်တယ် ချော်ရည်တွေကျလာတယ် မီးတောင်ပေါက်တယ် မီးလုံးတွေငါ့ဘေးကိုစင်တယ် တောင်ပေါ်ကပြန်ဆင်းတယ် ကတ္တရာလမ်းမဆီရောက်တယ် ကားတစ်စီးတွေ့တယ် ငါမောင်းပြေးတယ် လမ်းကအက်ကွဲလာတယ် ကားအရှိန်မြှင့်တယ် ချောက်ထဲကိုကျတယ် တန်းလန်းကြီးဖြစ်တယ် ကားထဲကထွက်မရဖြစ်တယ် ညကမှောင်လာတယ် ဗိုက်ကဆာလာတယ် မျက်လုံးတွေပြာလာတယ် အသံတွေဝင်လာတယ် ခြေသံသဲ့သဲ့ကြားတယ် လူတစ်ယောက်ရောက်လာတယ် ကားကိုဆွဲမတယ် ငါ့ကိုဆွဲထုတ်တယ် ငါ့ကိုတွဲခေါ်တယ် လေစိမ်းတွေအေးစက်နေတယ် လရောင်ပျောက်နေတယ် လမ်းကိုရှာကြတယ် ချောင်းတစ်စင်းတွေ့တယ် လှေတစ်စီးရှိတယ် ချောင်းကိုဖြတ်တယ် မိကျောင်းတွေလိုက်လာတယ် ပါးစပ်ကြီးတွေနဲ့လှမ်းကိုက်တယ် အမြီးကြီးတွေနဲ့လှမ်းရိုက်တယ် လှော်တက်နဲ့ခုခံကြတယ် ရေစီးကမြန်လာတယ် ရေတံခွန်ဆီမျောသွားတယ် လှေကလေးထိုးကျသွားတယ် မိကျောင်းတွေကျန်ခဲ့တယ် ငါရေနစ်တယ် သူငါ့လက်ကိုလှမ်းဆွဲတယ် ကမ်းစပ်ကိုသယ်လာတယ် ငါချမ်းနေတယ် ငါတုန်နေတယ် တောအုပ်ထဲရောက်လာတယ် လမ်းပျောက်ပြန်တယ် တောချောက်တယ် တောမှောက်တယ် တောပြိုတယ် ကျားတွေဆင်တွေပြေးနေတယ် မြွေတွေခွေယှက်နေတယ် ခလုတ်တိုက်လဲတယ် ပြန်ထတယ် လျှိုထဲလိမ့်ကျတယ် ဆူးစူးတယ် ပြေးလွှားရင်းလမ်းစတွေ့တယ် သူနေတဲ့ဂူဆီရောက်သွားတယ် ငါခဏနားတယ် ဒဏ်ရာတွေသန့်စင်ဆေးကြောတယ် ရေတစ်ခွက်သောက်တယ် သူညစာပြင်တယ် သူမီးမွှေးတယ် ရေနွေးအိုးတည်တယ် အိုးအကြီးကြီးနဲ့တည်တယ် ငါ့အသားကိုစမ်းတယ် နေကောင်းလားမေးတယ် ရောဂါရာဇ၀င်ရှိလားမေးတယ် ခင်ဗျားဆရာဝန်လားငါမေးတယ် သူခေါင်းခါတယ် ဓါးတစ်ချောင်းထုတ်လာတယ် သူပြန်ပြောတယ် ကျွန်ုပ်ဟာပေါရိသာဒဘုရင်ဖြစ်တယ်

ပန်ဒိုရာ
၂-၆.၇.၂၀၁၁

17 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ ခံစားအားပေးသွားတယ်လို့...
ကောင်းသောနေ့လေး ဖြစ်ပါစေမမ။

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ဗုဒ္ဓေါ....း((

နတ်ဆိုးလေး said...

ဖျစ်မှ ထွက်ရလေ ခရမ်းချဉ်သီးရယ်..

mstint said...

ထူးထူးခြားခြား ဆောင်းပါးလေး တစ်ပုဒ်ဖတ်သွားတယ်။
ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ရင်တမမနဲ့ဖတ်လာတာ 2012ဇာတ်ကားကိုကြည့်နေရတဲ့အတိုင်းပဲ..။


ခင်တဲ့
မိုးငွေ့

သဒ္ဓါလှိုင်း said...

ရင်တထိတ်ထိတ်ပါလားမပန်.။
တကယ့်အတိုင်း ခံစားကြည့်မိလိုက်တာ
မောသွားတယ်။
ခင်မင်လျက်
သဒ္ဓါ

ညီလင်းသစ် said...

ကြောက်စရာ ကျားအထောင်အသောင်း ဘေးက လွတ်လာပြီး နောက်ဆုံးကျမှ ရှင်ကြီးနဲ့ သွားတိုးတော့ တာကိုး...၊ မောတယ်...။း)

ညိမ်းနိုင် said...

E.....၂၀၁၂ ဒီဇင်ဘာ၂၁ ကိုရောက်ပြီလား...ပေါရိသာဒ နဲ့
တွေ့မယ့်အတူတူ တစ်ရေးအိပ်နေတာကမှ ကောင်းဦးမယ်
ထင်ရဲ့.....။

blueskyforest said...

ဟုတ်လာပြီ...ဟုတ်လာပြီ..။ ဆရာပန် ဆက်လုပ်။ အဆင်း ဘီးတပ် ပေးတာ မဟုတ်ပါ။ တကယ်မြှောက်နေတာ။ ချီးယားစ်။

Anonymous said...

"ကြောင်းနေတဲ့ အကြောင်းတွေရဲ့အကျိုး"လဲ ရေးအုံးဗျ။

T T Sweet said...

ူမိုက်တယ် ... မိုက်တယ် ... ကြိုက်တယ် ..

မိုးယံ said...

ပြောလိုက်ပေါ့ဗျာ... ကျမကို စားရင် ရှင်လည်း ဗိုက်ကွဲပြီး သေလိမ့်မယ်လို့။

Hmoo said...

မစားပါနဲ့ပေါပေါရယ်ပန်ပံအသားခါးလှတယ် :)

မေသိမ့်သိမ့်ကျော် said...

အော် ဇာတ်တူသားစားမလို့ကိုးးးးးး ကြိုက်တယ်....မပန်ရေ


ခင်မင်လေးစားလျက်

Maung Myo said...

ကြိုက်တယ် ခိုက်တယ် ထိတယ်း))

အိမ့်ချမ်းမြေ့ said...

သိပ်ကြိုက်တယ်..