painting icn2
အနိမ့်နိမ့် အမြင့်မြင့် အဆင့်ဆင့်တည်သော မှီသော ရီသော ဟီသော
ဂီတဖြင့် မွေ့လျော်သော စည်ငြင်းဖြင့် နိုးထသော
ဆူညံအံပွက်သော တိုးတိတ်ညံ့သက်သော ကျပျောက်ဆုံးရှုံးသွားသော
ရှာဖွေတွေ့ရှိသော မြဲမြံတည်ဆောက်သော ပျက်လွယ်စီးလွယ်သော
ရီဝေမှုန်ဝါးသော ထင်ရှားပြတ်သားသော မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသော
အထက်အရပ်မှ တင်းကျပ်ဖြတ်တောက်သော ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်သော
စေ့စပ်ဆွေးနွေးသော တော်လှန်ပုန်ကန်သော အနုနည်းဖြင့် ဆွဲဆောင်ပူးကပ်သော
ရုတ်တရက် ဂရင်းဂရင်း ထမြည်လာသော ချက်ချင်း ကောက်ကိုင်လိုက်သော
ချစ်၍ခေါ်သည် လိုက်တော်မူခဲ့ မပျောင်းနွဲ့သော ချစ်၍ခေါ်ရာ လိုက်ချင်ပါလည်း
နော်ဇာရွှေကုံး တစ်ခိုင်လုံးကို လုံးလုံးမပိုင်သေးသော သင်ပုန်းချေလိုက်သော
သင်တို့ပုန်းနေခဲ့ကြသော သမိုင်းရေကြီး လှိုင်းစီးလိမ့်ပါကြသော
ဇုနတ်ဘုရင်က စေလွှတ်လိုက်သော ဟီရာနတ်ဘုရားမ၏ ကျိန်စာသင့်သော
တောသုံးတောင်ကို ပိုင်စိုးသော ရေမြေကို တက်နင်းထားသော
ဖွဲ့နွဲ့သော ရေးသားသော သီကုံးသော စပ်ဆိုသော ခြယ်သသော
အတွင်းသည် အပဖြစ်သော အပသည် အတွင်းဖြစ်သော
အရပ်ရှစ်မျက်နှာမှ တိုးဝင်လာသော အေး၍ခြောက်သွေ့သော
ပူ၍စွတ်စိုသော “ငါ”သည် “ရန်” နှင့်ပြတ်သော “ရန်”သည် “မိတ်”သာဖြစ်သော
လူအများ၏ဖြစ်သော လူအများ၌ဖြစ်သော လူအများအတွက်ဖြစ်သော
ယူကားယူ၍ မပေးသော ပေးကားပေး၍ မရသော ယသော အယသော
အဖန်ဖန်အလဲလဲ တခဲနက် အဆုံးသတ်သွားခဲ့သော…။
ပန်ဒိုရာ
၂၁-၈.၂၀၀၁ - ၁၃-၉.၂၀၁၁






9 comments:
ချစ်၍ခေါ်သည် လိုက်တော်မူခဲ့ မပျောင်းနွဲ့သော ချစ်၍ခေါ်ရာ လိုက်ချင်ပါလည်း
နော်ဇာရွှေကုံး တစ်ခိုင်လုံးကို လုံးလုံးမပိုင်သေးသော သင်ပုန်းချေလိုက်သော
သင်တို့ပုန်းနေခဲ့ကြသော သမိုင်းရေကြီး လှိုင်းစီးလိမ့်ပါကြသော.... :)
..... :P
အားလုံးဧချမ်းစေ၊မဧချမ်းကစစ်မက်ပြင်စေ,
အားကောင်းတဲ့ နာမ၀ိသေသနတွေနဲ့
ထုံမွှမ်းထားတဲ့...
ကဗျာကောင်းလေးတစ်ပုဒ်..။
အားကျတယ်မမရေ...အဲလို ရေးတက်ဝူး..:P
ခံစားအားပေးလျှက်ပါလို့...
ကောင်းသောနေ့လေး ဖြစ်ပါစေမမ။
ကဗျာတပုဒ်လုံးမှာ တကြောင်းပဲ မြင်တယ်...
ချစ်၍ခေါ်သည်... တဲ့...း))
မမပန် စာတွေကို ခိုက်၏...
ဒီဒေါ်ကြီးနော်..ဗျစ်တောက်ဗျစ်တောက်နဲ့ မမြင်ရတဲ့ အွန်လိုင်းပေါ်မှာ ပုန်းနေသေးတယ်.စကားပြောရမဲ့သူက ရှိလှတာရယ်မဟုတ်ဘူး..ခင်ဗျားပျောက်နေတာကြာပြီ..
Hi, I have been visiting your blog. ¡Congratulations for your work! I invite you to visit my blog about literature, philosophy and films:
http://alvarogomezcastro.over-blog.es
Greetings from Santa Marta, Colombia
ပန်....
span တွေတောင် ၀င်ကုန်ပြီ ပန်ရယ်...
ဘလောဂ်လေးကို အဲလောက် ပစ်မထားပါနဲ့လားဟင်..
လွမ်းတယ်ဗျို့...
ဒါပဲ။
ဘိုင်..
း)
ရောက် လာခဲ့ပါသည်။
Post a Comment