Monday, May 14, 2012

ကျွန်ုပ်တို့၏ ဇီးသီးများ (စိနတိုင်းတွင် တပ်ဆင်သည်)

ကျွန်ုပ်တို့၏ ဇီးသီးများ (စိနတိုင်းတွင် တပ်ဆင်သည်)

တစ်လုံးကို အခွံမနွှာပဲ ကိုက်စား (ပကတိအတိုင်း)
တစ်လုံးကို ခွဲခြမ်းစိတ်ဖြာပြီး ပန်းကန်ထဲထည့်ထား (ပန်းကန်ပြားထဲက အမှန်တရား)
တစ်လုံးဟာ ရေခဲသေတ္တာထဲမှာ အေးစက်တိတ်ဆိတ် (သိုလှောင်ခံထားရ)
တစ်လုံးကို မနေ့တနေ့က တစ်စစီခြေမွှ (ဖျော်သောက်ခံရ)
တစ်လုံးကို အချဉ်ထည့်ပြီး ဝိုင်ဖောက်ခဲ့ (အချိန်၏တန်ဖိုးကို တွက်ချက်နေဆဲ)
တစ်လုံးက ပုပ်ယိသွား (အနေအထား ချွတ်ချော်မှားယွင်းသူ)
ဒီတစ်လုံးကတော့ တတိယကမ္ဘာမှာ (ဆက်သွယ်မှုကို စောင့်နေရှာ)
Loading …..
Loading …..
လက်ဖျောက်တစ်ချက်တီးလျှင် ဗားရှင်းသစ်တစ်ခု ပေါ်ထွက်စေအံ့
လူ့သမိုင်းအား စတင်ခဲ့သူ မြွေတစ်ကောင်၏ ဇီးသီးငဲ့
(မြွေသမိုင်းကိုရော ဘာသီးနဲ့စခဲ့ပါ့)
မင်းဟာ ငါ့မျက်လုံးရဲ့ ဇီးသီးပါ
ငါ့ဇလုတ်ထဲက ဇီးသီးကို အန်ထုတ်ပေးကြပါ
ငါ့ဇီးသီးလှည်းကို ခလောက်မဆန်ကြနဲ့
မှောက်ကျသွားတဲ့ ဇီးသီးကို သန့်စင်ဆေးကြောရင်း အိုင်ထဲချော်ကျ
(နောက်တစ်အိုင်တွေ့တော့ ထပ်ဆေးရ)
လူ့ကျောက်ကပ်ကို ဇီးသီးနှင့် အစားထိုးခြင်း
ဇီးသီးနှင့် အပျိုစင်ဘဝ လဲလှယ်ခြင်း
အို ဘဲ့… မရှိမဖြစ် ဇီးသီးမိုးကြီး ကောင်းချီးသွန်းလိုက်ပါ
မျှော်တုန်းမျှော်ဆဲ သူလည်းကြွေကျလာ (သင့်ငယ်ထိပ်ပေါ်တည့်တည့်)
ဇီးသီးမှည့်တဝင်းဝင်း ဇီးသီးကင်းတဖြုတ်ဖြုတ်
ဆီလီကွန်တောင်ကြားမှာ မျိုးသုဉ်းသွားရှာတဲ့ သနားစရာဇီးသီး
အရှေ့အရပ်ကို ၇၂ ရာခိုင်နှုန်းနဲ့ ချီတက်သွားလေပြီ
အလို.. စွေးစွေးနီနောက်ခံမှာ ဇီးသီးဖြူတစ်လုံး ပွင့်လန်းနေသော အလံတော်။


ပန်ဒိုရာ
၂၈.၄-၁၄.၅.၂ဝ၁၂

ဇီးသီး = ဆီးသီး (မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းအရ)

3 comments:

Hmoo said...

ဟုတ်တယ်ဟုတ်တယ်၊အားလုံးဟုတ်တယ်၊ရော့စားစားအဲဒီဇီးသီးအဖြူရောင်ရဲ့ယို၊ခွိ...:D

မိုးဇက် said...

ဇီးသီး ................ ထုတ်ကုန်ထဲမှာတင် ပုတ်သွားတဲ့ ဇီးသီး ............း)

သိ င်္ဂါ ရ said...

စိနတိုင်းတွင် တပ်ဆင်သည် ... တွေ

အတော်များပ :)