အစီရင်ခံစာ
ဒိုင်နိုဆောတွေလည်း
အမှုန့်ဖြစ်ပြီ
မင်းသားခေါင်းတွေလည်း
သံချေးတက်ပြီ
ပါးဟက်နဲ့
ယပ်ခပ်ရင်း ရွှေငါးတွေပျံသွားပြီ
အောက်ဆီဂျင်မလိုဘဲ
ဇွမ်ဘီတွေ ရှင်သန်နေပြီ
ငါတရားကို
ငါတပါးက စီရင်တော်မူပြီ
“မရှိမဖြစ်”ဆိုတဲ့စကား
ဖြစ်တည်ခဲ့ခြင်း မရှိပြီ
သူမရဲ့ကျောပြင်မှာ
မင်ကြောင်ထိုးထားတဲ့
နဂါးရုပ်လေးလည်း
အငွေ့ပျံပြီ။
ပန်ဒိုရာ
၁ ဒီဇင်ဘာ ၂၀၁၂ - ၁၀ ဇန်နဝါရီ ၂၀၁၃