အစီရင်ခံစာ
ဒိုင်နိုဆောတွေလည်း
အမှုန့်ဖြစ်ပြီ
မင်းသားခေါင်းတွေလည်း
သံချေးတက်ပြီ
ပါးဟက်နဲ့
ယပ်ခပ်ရင်း ရွှေငါးတွေပျံသွားပြီ
အောက်ဆီဂျင်မလိုဘဲ
ဇွမ်ဘီတွေ ရှင်သန်နေပြီ
ငါတရားကို
ငါတပါးက စီရင်တော်မူပြီ
“မရှိမဖြစ်”ဆိုတဲ့စကား
ဖြစ်တည်ခဲ့ခြင်း မရှိပြီ
သူမရဲ့ကျောပြင်မှာ
မင်ကြောင်ထိုးထားတဲ့
နဂါးရုပ်လေးလည်း
အငွေ့ပျံပြီ။
ပန်ဒိုရာ
၁ ဒီဇင်ဘာ ၂၀၁၂ - ၁၀ ဇန်နဝါရီ ၂၀၁၃
5 comments:
ပန်ပန်လဲ မီးမီးလေ မေမေဖြစ်ပြီ
Great poem! The cameo appearance of the Girl with the Dragon tattoo is a lovely surprise. :-)
ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွားပါတယ် အမ။
ချစ်ခင်လေးစားစွာဖြင့်
ဂျွန်မိုး
မပန်ရေ... မတွေ့တာကြာပေါ့... ကဗျာတွေ အားပါးတရလာဖတ်သွားပါတယ် -ညံလင်း-
maybetomorrows.blogspot.com
Please also visit the blog below.
http://wunzinminraja.blogspot.sg/
Post a Comment