Wednesday, November 11, 2015

ခြွင်းချက်များ



ခြွင်းချက်များ

တိမ်ဗလာကျင်း လကိုခင်းပြီး ထင်းထင်းကြီး ကယ်ခဲ့
အကောင်ကြီးလို့ နှစ်ခါ ပြန်လျှောက်ပြီး စစ်စစ်ပေါက်ပေါက် ကယ်ခဲ့
“ဒီမိုကရေစီ ငါ့ကိုခိုးတယ်” တဲ့
ညသန်းခေါင်ကျော်မှ စူးစူးဝါးဝါး ယောင်ယမ်း
ပရိတ်မန္တာန်အတုတွေကြား ဖုတ်တစ္ဆေများသွားလာ
ကံကွက်ကျားတဲ့ ဖုန်းဆိုးကြပ်ကုန်းမြေ
ကန္တာရပန်းတွေ ပွင့်ချင်လို့ စောင့်နေတုန်း။

ပန်ဒိုရာ
၁၁.၁၁.၂၀၁၅