Tuesday, December 11, 2007

မြို့ပြနိုင်ငံရဲ့ ဒီဇင်ဘာည ကို ခံစားခြင်း

ဒီနေ့တော့ ပန်ဒိုရာတစ်ယောက် ရုံးဆင်းချိန်မှာ ကင်မရာတစ်လုံးနဲ့ အော့ချာ့ဒ် လမ်းမပေါ် ခြေဆန့်မိပါတယ်။





ကြိုဆိုပုံလေး မလှဘူးလား။ လာလှည့်ပါ ရွှေဧည့်သည်ပေါ့လေ။









လမ်းမမှာ ထွန်းထားတဲ့ မီးရောင်စုံတွေ။ ကုန်တိုက်တွေမှာ သူ့ထက်ငါ အပြိုင်လှပအောင် ဆင်ယင်ထားကြတာတွေ။



လမ်းလျှောက်ရင်း ဗိုက်ဆာလာတယ်။ ခဏနားမယ်။ ကိုရီးယားစာတဲ့။ Hot Plate Sotong (squid). ကြည့်လို့ လှတယ်နော်။ စားလို့ သိပ်မကောင်းဘူး။ အရသာက တခုခုလိုနေသလိုပဲ။ စလုံး ခြောက်ဒေါ်လာခွဲ။ နည်းနည်းများသွားလား။ တခါတလေပါ။













ဆက်လျှောက်မယ်။ ဆက်ကြည့်မယ်။



ဘာရယ်မဟုတ်ဘူး။ ခြင်္သေ့ကလည်း ပါးစပ်ဟတယ်။ ကောင်မလေးကလည်း ပါးစပ်ဟတယ်။ ရှုမြင် ခံစားရပုံခြင်းတော့ မတူဘူးမဟုတ်လား။



ပြန်တော့မယ်။



အင်း Singapore Icon တစ်ခု လို့ ပြောကြတဲ့ တေးသီဆို ဖျော်ဖြေသူပေါ့။ သူ့ကို လူတိုင်းသိကြတယ်။ သူကတော့ လူတိုင်းကို ကြားနေတယ်တဲ့။ လူတန်းကြီးက သူ့ဘေးမှာ စုန်ချည်ဆန်ချည် စီးဆင်းလို့။ သူကတော့ သူ့အလုပ် သူလုပ်နေတာပါပဲလေ။


20 comments:

red bodhi said...

ဆက်လျှောက်မယ်။ ဆက်ကြည့်မယ်။

Chit Lay Pyay said...

မပန် ဒီနေ့တော့ သွားဖြစ်ပြီပေါ့ ကြို မပြောဘူး၊ အိပ်လေးကို ရှာပြီး လိုက်ချောင်း မလို့ဟာ၊

ကလေးအတွေး said...

မမ .. ကလေးပြန်လာပြီ စီဘောက်ကြီးဘယ်ရောက်သွားတာလဲ .... တွေ့တော့ဘူး....

စိုးထက် - Soe Htet ! said...

အကုန် ကြည့်သွားပါတယ် အဆင်ပြေပါစေ :P

nu-san said...

မပန်ရဲ့ ဓာတ်ပုံတွေ ခံစားရင်း စင်ကာပူ အော့ချာ့ဒ် လမ်းမပေါ် ခဏရောက်သွားသလိုပဲ.. :)

snow said...

ဒီဇင်ဘာည ခံစားနေတာလား မပန်၊ မကြာခင် ခရစ်စမတ် လာတော့မယ်နော်။ သိုးလေးနဲ့တော့ မဆိုင်ပေမဲ့ မပန်တို့ဆီမှာ တော်တော်စည်မယ်နော် အဲဒီအချိန်ဆို။ မပန်လည်း အမှတ်တရပုံလေးတွေ ရိုက်ပြီး တင်ပေးဦးနော်။

Chaos said...

ဓါတ်ပုံတွေခံစားသွားတယ်
မပန်ရေ
နောက်တစ်ခါသွားရင်
chaos ကိုမမေ့နဲ့ဦးနော်
အိတ်လိုက်ဆွဲပေးမလို့ဗျ

Anonymous said...

ဟင်း ဟင်း ဟင်း . . . . သိနေတယ်လေ။
သိနေတယ်နော် . . . မမပန်ဒိုရာ။

မေဓာဝီ said...

ပုံတွေလာကြည့်သွားတယ် ပန်ပန်ရေ… ။
ကိုရီးယားအစားအစာ ဓာတ်ပုံကို အကြိုက်ဆုံးပဲ။ ကြည့်ရင်းနဲ့ ဗိုက်ထဲက ဂွီကနဲမြည်လာတယ်။
ကောင်မလေးနဲ့ ခြင်္သေ့နဲ့ ပါးစပ်ဟနေကြတဲ့ ပုံကိုလည်း ကြိုက်တယ်။
ပန်ပန်တို့ကတော့ အနုပညာ သမားလို့ မပြောရဘူး … ရှုထောင့်အမျိုးမျိုးက မြင်တတ်ပါပေ့ … ။

အောင်သူ said...

မပန်ရေ မင်္ဂလာပါ။

ညိမ်းညို said...

မကြီးပန်ရေ ကွန်နက်ရှင်ဒေါင်းနေလို့ အချိန်မှီမရောက်ဖြစ်လိုက်ဘူး။ သက်ရောက်မှုရှိဆုံး ပို့စ်မှာလည်းကွန့်မန့်ရေးခဲ့ပါတယ်ဗျ။ပျော်ရွှင်ပါစေ :)

ပီကေ said...

၀ိုးးးးးးးးးးးးးးးးးးးးးး

Anonymous said...

လှလိုက်တာနော်...။ အရီးပန်ရေ..နှစ်ယောက်တွဲ လျှောက်နော်...။

ထွန်း said...

ပန်ပန်ရေ.. ဆီပုံးရောင်းစားလိုက်ပြီလား.. ဆီပုံးမတွေ့ လို့ ဒီမှာရေးခဲ့ချင်ပါတယ်.. http://www.australiaburmanetwork.org/index.php?We, the undersigned, call on Australian Government to end misuse of Aussie taxpayers' money to fund training of police & intelligence person in burmar.. ဒါနဲ့ ပြောရအုန်းမယ် ပန်ပန်ဘလော့ရှာရင်း တခြားဘလော့ကို ရောက်သွားပြီး စာမှားထားခဲ့မိသေး
ဆီပုံးဈေးတက်လို့ ရောင်းစားလိုက်ပြီလားဝေး

ကလေးအတွေး said...

မမပန်ကဘယ်photo ထဲမှာပါတာလဲ ....????

nu-san said...

မပန်... ခဏခဏ လည်ရလွန်းလို့ ခြေထောက်ညောင်းလှပြီ မပန်ရဲ့... ပြန်ရအောင်နော်.. :P အဟီး.. အလုပ်များနေလား... :)

Ka Daung Nyin Thar said...

Ma Pan!

Where are you NOW!
COME BACK!!

မျှားပြာ said...

ကျွန်တော် လမ်းလျှောက်သွားတယ် မပန် ..။
အဆင်ပြေပါစေဗျာ။

Anonymous said...

Marry Chris Must! Ohhh sorry ... •.¸¸.•♥´¨♥•.¸ ¸.•` Merry X'mas ♥•.¸ ¸.••.¸¸.•♥´¨`♥•.¸ ¸.•! (haa haa just kidding Merry=Marry, Christmas= Chris Must )

pandora said...

အားလုံးကို နောက်ကျတဲ့ ခရစ်စမတ် နှုတ်ခွန်းဆက် နဲ့ ဆုတောင်းပါတယ်။ ပျော်ရွှင်ကြပါစေ။