Wednesday, April 22, 2009

???



အားလုံးပဲ မင်္ဂလာ မြန်မာ့နှစ်သစ်မှာ လန်းဆန်းပျော်ရွှင်ကြပါစေ။ ဘလော့ဂါတွေ အမှတ်တရ ပို့စ်မှာ ရေးသွားတာတွေ ဖတ်သွားကြတာတွေ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ခုတလော ပျောက်နေတာအတွက်ရော အရသာရှိသောစာတွေ မရေးဖြစ်တာအတွက်ရော ဆောရီးပါ။ တခါမှ မသွားဖြစ်ခဲ့တဲ့ zoo ကို သွားကြည့်ဖြစ်ပါတယ်။ ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေ မတည်းဖြတ်ရသေးလို့ လောလောဆယ် ပုံလေးတစ်ပုံကို အရင်တင်လိုက်ပါတယ်။ ဘလော့ဂ် ထဲက ဆရာသမား တယောက်ယောက်ရဲ့ အမှတ်တရ သင်္ကေတ ရုပ်တု လိုလို ဘာလိုလိုပေါ့။ ခန့်ခန့်ကြီးနော်။ ဘယ်သူများလဲ။ (ဟဲဟဲ)

16 comments:

မယ့်ကိုး said...

လင့်ခ်ထဲမှာ ??? လို့ ပေါ်နေတော့ အပြေးအလွှားစာလာဖတ်ပါတယ်။
မ က ဟာသဥာဏ်ထက်တယ်။ :)

အိန္ဒြာ said...

ဟာ...........

မခေါ်ဘူး..တွေ့လား....ကြည့်

Anonymous said...

ရုပ်တုလေးလာကြည့်သွားတယ်၊
ဘလော့လောကထဲ ရောက်တာမကြာသေးလို့ ဘယ်သူမှန်း မခန့်မှန်းတတ်ပါ။

Anonymous said...

ကိုဇာနည် ဂျက်လီဖြစ်မယ်။
mm

သက်ဝေ said...

ဆရာမလေးတို့ကတော့ လုပ်ချလိုက်ပြန်ပါပြီ....
မျက်စေ့ထဲ ဟိုတယောက်ကို ပြေးပြေးမြင်နေမိသလေ...
အော်... ဘယ်တယောက်လဲ.. ဟုတ်စ...
မနှစ်ကမှ ဆုံးပါးသွားရှာတဲ့ Zoo ထဲက Orang Utan ကြီးကိုပါ... Orang Utan ရဲ့ အဓိပ္ပါယ်ကတော့ Man of the Forest ပါတဲ့ရှင်...
(ဆိုင်လားမသိ မဆိုင်လားမသိ ရေးချင်တာ စွတ်ရေးသွားတာ... မကျေနပ်ရင် ရန်လာဖြစ်လှည့်...)

Anonymous said...

မွန်မွန် အဖြေမှန်ပါတယ် တမှတ်
ပန်ပန်ကတော့ ဆားချက်တယ်... ဟွန်းးးးးး

အမ ခင်မင်းဇော်

Anonymous said...

ဝေလာ...မျောက်ကြီး ရှောက်သီးစားမလား ????


;)

Anonymous said...


အဲ့.

အဲလိုပြင်ဆင်လိုက်တော့လည်း “ပန်ပန်” က ကြည့်ကောင်းသား အမယ်ကြီးအို လေးလိုဘဲ...

ကိုယ့်ပုံကိုယ် တင်ရဲတဲ့ ဘလော့ဂါ ခပ်ရှားရှားရယ်..
( ရဲ ထှာ)


Ps. မျောက်နဲ့ Logo တွေကအများသား.တိပူး
ပန်းပေးတယ်.

အရှူပ်

သက်ပိုင်သူ said...

မမပန်လား.... ဟင်.............

Moe Cho Thinn said...

ဒီမျောက်ကမှ ပြုံးသေးတယ်။
ကိုဇာနည်မျောက်ကတော့ သူ့ပုံအတိုင်း ရုပ်တည်ကြီးနဲ့..

zarny win said...

ဇာနည်ဝင်းရဲ့  မှတ်ချက်


ဟေ့ - စာရေးဆရာမရေ-
ဒီမျောက်က မချိပြုံး ပြုံးနေတာဗျ။း)

စကားမစပ် comment ရေးသူများ နာမည် ဖော်ပြရင် ကောင်းမယ်။ နာမည်လည်း မဖော်ပြဘူး သူ့ ကို မြောက်ပင့် ရေးတာလည်း မဟုတ်ဘူးဆိုရင် အန်တီပန်က ကျုပ်လက်ချက်လို့  ထင်တတ်တယ်။

(အင်း - ဇာနည်ဝင်း ဆိုတဲ့ နာမည်နဲ့ လည်း တယောက်ယောက်က ပေါက်ကရ ရေးသွားလို့  ရနေတာပဲ)

ပေါက်ကရတွေ ရေးသွားရင်တော့ ကျုပ် မဟုတ်။

pandora said...

ဝံဂျီးပုံ မူပိုင်ရှင် ကိုဂျက်လီနဲ့တကွ မှတ်ချက်ပေးသူများ အားလုံး ကျေးဇူးတင်ပါတယ်...တခါတလေလည်း ပေါ့ပေါ့ပါးပါးပေါ့ :)

လင်းဒီပ said...

အဲ ကျွန်တော်နဲ့ တစ်ရက်ထဲလားတောင်မသိ ။
ကျွန်တော်က ၁၈.၄.၀၉(စနေနေ့) တစ်နေကုန် zoo ထဲမှာ..။ညနေ ၅ နာရီမှ ပြန်လာတာ ။
အဲဒီရုပ်ထုနဲ့တောင် ဓာတ်ပုံတွဲရိုက်ခဲ့သေး..။(ဆွေမှန်း မျိုးမှန်း သိတာပြောပါတယ်) :P:P:P

ခမ်းကီး said...

ဒီမျောက်က မချိုမချဉ် အပြုံးနဲ့..
တူတဲ့လူတော့ ရှိမယ်။(^_^)

Mr.Pooh @ မောင်ပွတ် said...
This comment has been removed by the author.
Mr.Pooh @ မောင်ပွတ် said...

အဲဒီအရုပ်ကြီးနဲ့ တွဲရိုက်ထားတဲ့ ဘလော့ဂ်ဂါ ၂ ယောက်ရှိဖူးတယ်။ ကျွန်တော်ကြုံရင်ပြမယ်နော်။