Sunday, January 3, 2010

အလကား

အလကားရတဲ့ နေရာမှာ
အလကား ဖော်ပြထားသော
အလကားအရာများ
အလကားတွေက လက်ကြီးကားပြီး လမ်း မသလားနိုင်
အလကားတွေက ပြေးလမ်းမပေါ်မှာ နေရာယူအသင့် မဖြစ်ရှာဘူး
အလကားရှိရာ ဇောချွေးတွေတော့ လိုက်လို့မရွာပါ
အလကားက မနက်မနက်ဆို အိပ်ရာထနောက်ကျ လေကလေးချွန်လို့
အလကားက အလကားပေးရုံ
အလကားက ဖရီးပေါ့ (ပိုက်ဆံမပေးရဘူး)
ယူသွားကြပါကွယ် အလကားတွေ ဖရီး
ကုန်တိုက်ကြီးတွေက အရောင်းမြှင့် ကြော်ငြာသလို
buy 1, get 1 free
(မဟုတ်သေးဘူး)
get 1 free, get 1 more free, get all free (come on!)
ကိုယ့်အမေ့အိမ်မှာ ညစာ အလကား သွားစားရသလို ဖရီး
မီးမရှိတဲ့ရွာမှာ လရောင်က တလမ်းလုံးကို အလကား လင်းပေးလိုက်သလို ဖရီး
မြစ်တွေက ရေကို ပင်လယ်ဆီ အလကား သယ်ဆောင်သွားကြသလို ဖရီး
အိပ်ပျော်သွားရင် အလကား ပေါ်ပေါ်လာတဲ့ အိပ်မက်ရောင်စုံတွေလို ဖရီး
အဲဒီမှာ တယောက်ယောက်က အလန့်တကြား ရုန်းကန် အော်ပြေးလာတယ်
ဖရီး ဖရီး ဖရီး ဖရီး ဖရီး ဖရီး ဖရီး ဖရီး ... တဲ့
ဒါကို နောက်တယောက်က ဒမ်း… လို့ (ဘိုဆန်ဆန်) မူးတူးငိုက်ဝေ ဆဲရေးလိုက်သလိုပ
ဖရီးဒမ်း ကို အလကား လို့ ဘယ်သူဘာသာပြန်လိုက်သလဲ။

ပန်ဒိုရာ


(လွတ်လပ်ရေးနေ့ အကြို ဂုဏ်ပြုကဗျာလို့ မမှတ်လိုက်ကြပါနဲ့။ ဘာရယ်မဟုတ် ရေးလိုက်တာပါ။ အလကား… အလကား… :P )

26 comments:

TM said...

Freedom is not Free..

PAUK said...

အလကားနေရင်း လာဖတ်ပါတယ်။။

khin oo may said...

ဟုတ်ပါ့
နဲနဲတောင်မူးသွားတယ။်

Unknown said...

အလကားမန့်သွားတာ..
ဘာပဲပြောပြော အလကားဖတ်ရတဲ့ ကဗျာလေးပေမယ့် ကောင်းပါတယ်။

ရွှေရတုမှတ်တမ်း said...

အရပ်ကတို့ရေ....
အလကားတဲ့တော်ရေ့....

မေဓာဝီ said...

အလကား အလကားဆိုလဲ အလကားပဲတင်းမှ နော်။

Htar said...

Nothing is free baby :)

ကိုချစ်ဖေ said...

မျက်နှာဖြူဘိုစာတွေမတတ်ပေမဲ့ ကိုချစ်ဖေရှေ့မှာ အလကားနေရင်း ဖရီး ကိုဒမ်းပေါင်းလို့ရတိုင်း အလကားလို့ လာအော်ရင်တော့ တွေ့မယ် အလကားနေရင်း အေးအေးမနေပဲ အလကားလာအော်ရင် အလကားပြောမိတော့မယ်.

အော..ခု.အလကားရေးရလို့..အလကားလာရေးသွားတယ်.

blueskyforest said...

ဟက်ပီးရယ်တဲ့မှ နယူးယီးယားပါဗျား။ အလကားနှစ်သစ်တော့ မဟုတ်တန်ကောင်းပါရဲ့ ။
ကျန်းမာပျော်ရွှင်စေဗျား။

ကျော်ညိုသွေး said...

freedom ချင်သွားတယ် :D

P.Ti said...

ံHappy New Year!
Hope we will have happy Independence Day.

အလကားရလို့ လာအော်သွားတယ်... :D

ချစ်ကြည်အေး said...

အလကား လာမန့်သွားတယ်....

~ဏီလင်းညို~ said...

မပန်ဒိုရာရေ...
အလကားဖတ်ရတဲ့ကဗျာလေးမို့ ကော်မန့်အလကားဝင်ရးသွားပါတယ်ဗျ...:D
အလကားနေရင်းလည်း.... ဖတ်ရလို့ ကျေးဇူးတွေလည်း... အလကားတင်သွားပါ၏။
နောက်ပြီးတော့လည်း... လင့်ခ်လေးကို ယူသွားပါတယ်ဗျာ....။ အသစ်တင်တိုင်း ဖတ်ချင်လို့ပါ...။ အလကားနေရင်း ဖတ်နေချင်လို့....ဟီးးးးးးး
ခင်မင်တဲ့
အလကားဏီလင်းညို
(ကိုယ့်နာမည် ကိုယ်ပြန်ကြည်မိတာ... သိပ်လှသွားတယ်ထင်မိ၏....အဟီးးးးးး)

Rita said...

အလကားကျော်စွာ ကိုတောင် သတိရမိသေးတယ်။

Mhu Darye said...

အလကားပေးတော့မလိုလို အလကားနေရင်း ကြော်ငြာ ထားတဲ့ အလကား အလကား freedom ကြီး မဟုတ်လား?
အဲ... ရော များ ရော သွားသလား?
:P
(ဘွာတေးနော်..)

Yaw Mang said...

မင်္ဂလာရှိတဲ့နှစ်သစ်ပါ အစ်မ.... အစ်မbolgကိုဖတ်နေတာကြာပြီ...ဖတ်လို့ကောင်းတယ်။ အန်တီမေငြိမ်း ကတဆင့်ရောက်လာတာ။ အခုမှcomment ရေးဖူးတယ်။ အစ်မက ရီစရာကောင်းတယ်နော်... ကျေးဇူးတင်ပါတယ်။

နှစ်သစ်မှာ အစ်မ ကြည်လင်အေးချမ်း ပါစေ.......

tin min htet said...

အလကား (Free) ဆိုပေမယ့် ..
Terms & Conditions Apply ဆိုတဲ့
စာလုံး သေးသေးလေးတွေ ပါသေးလား ရှာကြည့်ပါဦး ..

yangonthar said...

ဖရီးဒမ်း ကို အလကား လို့ ဘယ်သူဘာသာပြန်လိုက်သလဲ။

ကဗျာတစ်ပုဒ်လုံး မှာ ဒါလေး အလှဆုံး လို့  ထင်တယ် အစ်မပန်ရေ
ခင်တဲ့
ရန်ကုန်သား :)

အိန္ဒြာ said...

သေချာတယ် ဒီကဗျာ အလကားမရဘူး

ရွှေပြည်သူ (ShwePyiThu) said...

"the best things in life are free" ဆိုတာလေးကို ရွတ်မိတယ်... သိပ်လှတဲ့ ကဗျာပါပဲ အစ်မပန်ဒိုရာရယ်...

Kaung Kin Ko said...

အလကား ဖတ်သွားတယ်ဗျို့ 

ဂျစ်တူး ( မုံရွာ ) said...

ကျနော်ကတော့ကြိုက်တယ်-ကဗျာကလေးကို

Moe Cho Thinn said...

အောက်က မှတ်ချက်ကို အလကားနေရင်း ကြိုက်မိတာ။ မခက်လား..။
ပုံ/
အလကားမတ်တင်းကောင်

Thet Oo said...

မင်းလည်း အလကား၊ ငါလည်း အလကား၊ အလကား လည်း အလကား ဆိုတဲ့ ကာတွန်းလေး သတိရသွားတယ်။

ကိုပေါ said...

အလကားတွေကို လက်လီလက်ကား ပေးနေတယ်ပေါ့လေ။

Anonymous said...

alakar so loh win phat thwar tar
a taw kyite thwar par tae.