Friday, January 22, 2010

DON’T BE SO SURE

တရေးနိုးသော် အကြံပေါ်တော့ မဟုတ်ပါဘူး။ မအိပ်ရသေးတာပါ။ အလုပ်တွေ ပါလာပြန်တယ်။ အခုပဲ အလုပ်ကို လက်စသတ်၊ အီးမေးလ်ပို့ပြီး ရုံးပိုင် လက်ပ်တော့ပ်ကို ပိတ်ပါတယ်။ ညဥ့်နက်လုပ်ရတဲ့အတူတူ မထူးဘူးဆိုပြီး စလုံးတွေစတိုင် အတုခိုးလို့ လုပ်နေရတဲ့အချိန်ကို ဘော့စ်သိအောင် အထာလေးနဲ့ အီးမေးလ်ပို့လိုက်တယ် ဆိုပါတော့။း)

ပြောချင်တာက ဒါ မဟုတ်ပါဘူး။ ညကြီးသန်းခေါင် မျက်လုံးကြောင် ရူးကြောင်မူးကြောင် ဖြစ်နေတယ် ထင်လည်း သည်းခံကြပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက သူငယ်ချင်းကြီး ကဗျာဆရာ တယောက်က ဆရာဇေယျာလင်းရေးတဲ့ Bernstein စာအုပ် ဖတ်နေတယ် ပြောပါတယ်။ သူသဘောမတူနိုင်တာ အချို့ရှိတယ် လို့လည်း ပြောပါတယ်။ ကိုယ်တော့ မသိပါ။ မဖတ်ရသေးပါ။ ဖတ်သင့်သော စာအုပ်တိုင်း မ၀ယ်/ဖတ် ဖြစ်/အား ပါ။း)

ဒါနဲ့ပဲ ဒီရက်ပိုင်း အားချိန်လေးတွေမှာ အင်တာနက်ထဲမှာ Charles Bernstein ရဲ့ စာအချို့ ပြန်လှန်လှောဖြစ်ပါတယ်။ အင်တာဗျုးတစ်ခုမှာ ပါလာတဲ့ ကဗျာလေးကိုတော့ ခေါင်းစဉ်မြင်တာနဲ့ ပြုံးမိတယ်။ ဖာဒီနန် ဒီဆောရှား (Ferdinand de Saussure, Linguistics ရဲ့ ဖခင်ကြီးတဦး) ကို နောက်ထားတာကို သဘောကျမိတာပါ။ ကိုယ်တို့မြန်မာပြည်က Linguist ဆရာတွေ နာမည်ကိုလည်း ဒီလို သံတူကြောင်းကွဲနဲ့ ယူနောက်ရင် ဘယ်နှယ်နေမလဲ တွေးမိသေးတယ်။

သူငယ်ချင်းလေး ကဗျာဆရာတစ်ယောက်ကို ဒီကဗျာကို ပြဖြစ်တော့ အစ်မဆိုက်မှာ ပြန်တင်ပါလား ဆိုလို့ တင်ကြည့်လိုက်တာပါ။ ဘာသာစကားကဗျာတွေက ဘာသာပြန်ရ ခက်ပါတယ်။ ဒီအတိုင်းပဲ ဖတ်ကြည့်ပေါ့။

DON’T BE SO SURE
(DON’T BE SAUSSURE)

My cup is my cap
& my cap is my cup
When the coffee is hot
It ruins my hat
We clap and we slap
Have sup with our pap
But won’t someone please
Get me a drink

Charles Bernstein

Reference: http://home.jps.net/~nada/bernstein.htm



5 comments:

ဝက်ဝံလေး said...

သမီး ၁ ပါလား ဟရိုးးးးးးးးးး

ဝက်ဝံလေး said...

ဟီးးးးးးးး ဘာတဲ့ ငါ့ခွက်က ငါ့ခွက်ဆိုပဲ သူပြောတာလဲ မှန်သားး ဟိဟိ

အိန္ဒြာ said...

ပန်ပန်ရေ..

ကဗျာကို ဘာသာစကားတွေနဲ့ပဲရေးတယ်..
စကားလုံးတွေကို မွှေနှောက်ကြည့်တယ်
ဆိုတဲ့ အတတ်ပညာတစ်မျိုးနဲ့ အနုပညာကို ဖန်တီးနေကြတယ်..။

လူတိုင်းလွပ်လပ်စွာကွဲလွဲခွင့်ရှိတဲ့ အတွက်
ကိုယ့်အတွက်ကတော့ ကိုယ်သိပ်ကြိုက်လို့မရသေးတဲ့
အစားအစာတစ်ခုလိုပါပဲ..

အခုထိတော့ ခံတွင်းမလိုက်သေးဘူးပေါ့နော်..

ဆရာဇေယျာလင်းစာအုပ်တစ်အုပ်ရှိတယ်
ဖတ်ချင်ရင် ငှားမယ်လေ

Htar.. said...

Do U need a cup of... :)
U've a nice weekend la Z girl..opp...sorry ..
U've a nice weekend BZ girl :)

tin min htet said...

မအိန္ဒြာ ပြောသလိုပါပဲ။ ခေတ်မမှီဘူးပဲ ပြောပြော။ စကားလုံး ကစားတာ သက်သက်ကို မကြိုက်ပါ။ တချို့ကို ကြိုက်ပေမယ့် ကြိုက်လို့ ကြိုက်တာသာ ဖြစ်ပါတယ်။ အဲဒီလို ရေးထားလို့ မဟုတ်ပါ။

ခု ကဗျာလေးကို ကြိုက်ပါတယ်။