Nothingness
ရှိခြင်းရဲ့ တဖက်မှာ
တဝေါဝေါ လည်ပတ်နေသော ၀ဲသြဃ
ပျားရည်ဆမ်းထားသော နာကျင်မှု အကြွင်းအကျန်များ
လက်ယပ်ခေါ်နေ။
မရှိခြင်းရဲ့ တဖက်မှာ
လက်နှစ်လုံးစာ ဖ၀ါးခြေရာရွရွ
စိုက်ထူ/လဲပြို/ယိုင်နဲ့/မြဲမြံခဲ့သော မိုင်တိုင်များ
တရိပ်ရိပ် ကျန်ရစ်ခဲ့။
ဒီချောက်ဟာ
ဘယ်လောက်နက်ပါသလဲ
ဆူညံ
အသံများ
ေ၀၀ါး
မျက်စိကို မှိတ်ချလိုက်စဉ်
လိုချင်မှုများ လိုအပ်မှုများမှ ကင်းဝေးရာဆီ။
ပန်ဒိုရာ
ဆုံရပ် 1st Dec 2024
-
လူတွေကြားထဲ မသွားဖြစ်တာ
အထူးသဖြင့် ဘာပွဲမှ မသွားဖြစ်တာ
အတော်ကြာသွားတယ်။
ဒါပေမယ့် နှစ်ယောက်ထဲတော့ ထွက်ဖြစ်ပါတယ်။အကိုကြီးလိုက်ပို့လို့ အနီးအနား
ခရီ...
1 week ago
6 comments:
ကောင်းတယ်နော်၊ဒါပေမဲ့နားနားနေနေလဲနေဦး
၊ကဖျာတွေကသွေးခုန်မြန်နေသလိုလို... :)
ရွှင်ရွှင်လန်းလန်းနိုးထလာပါစ =)
TM ရေ ထောက်ခံတယ် ဖြစ်နိုင်ပါတယ်။
ဒီချောက်ဟာ
တွင်းနက်တွေလို နေရာအသစ်တွေဆီ ခေါ်ဆောင်သွားမှာ
ဒုက္ခအသစ် တပ်မက်မှုအသစ်တွေဆီ
ချောက်ထဲမှာ နောက်ထပ်ချောက်တွေကလည်း ကျောက်ချ စောင့်ဆိုင်းနေလေရဲ့။
ဒီချောက်ဟာ ဘယ်လောက်ထိနက်သလဲ
ဒီချောက်ဟာ ဘယ်လောက်ထိနက်သလဲ
ဒီချောက်ဟာ ဘယ်လောက်ထိနက်သလဲ
........................................
MNHY
ဒီချောက်ဟာ
ဘယ်လောက်နက်ပါသလဲ
ဆူညံ
အသံများ
ေ၀၀ါး
မျက်စိကို မှိတ်ချလိုက်စဉ်
လိုချင်မှုများ လိုအပ်မှုများမှ ကင်းဝေးရာဆီ။
Post a Comment