Wednesday, December 1, 2010

မြူတွေလိုပဲ လှတော့လှတယ်



ဘ၀ဆိုတာ
ဒီဇင်ဘာရဲ့ အိမ်ပြန်လမ်းစလို
တချိန်လုံးပျောက်ရှနေတာမျိုးတော့
မဖြစ်စေချင်ခဲ့ဘူးပေါ့ကွာ
ဆောင်းတွင်းရောက်တော့လည်း
အနာတွေကယဉ်းလာတတ်တယ်မဟုတ်လား
တနွေလုံး နွေခိုနေခဲ့တဲ့ကောင်
ညဆိုဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့
နှင်းတောထဲသိမ်းမြှုပ်ထားတဲ့ ခြေရာဖွဖွတွေနဲ့
ရွက်ကြွေတွေကြား ဆော့ကစားတတ်တဲ့ကောင်
ဒီနှစ်ကျမယ့် နှင်းတွေလည်း ဖွေးဖွေးစင်နေဦးမှာပဲ
ဆောင်းပင်အိုအကိုင်းတွေက ထွက်ကျလာတဲ့
သစ်ရွက်ဟောင်းတွေလည်း ၀ဲလွင့်နေဦးမှာပဲ
မနက်မနက်ဆို မြင်ကွင်းတွေလည်း မှုန်မှုန်ဝေလို့
ဆောင်းကိုခြယ်သထားတဲ့ အရောင်ဆိုတာ
ငွေ့ရုံလေးငွေ့နေတဲ့ အဖြူရောင်သက်သက်ပါပဲ
နောင်နှစ်နွေဦးရဲ့ ပုရစ်ဖူးကလေးကတော့ မင်းရှေ့မှာ…
ဟိုမှာနေရောင်လာတော့ မြူတွေပါးလျသွားခဲ့ပြီ
ဟိုမှာအချိန်တွေလည်း မိုးတိမ်တွေလိုလွင့်သွားခဲ့ပြီ
ဆောင်းဝတ်ရုံရဲ့ သားမွေးတွေ တချိန်က နူးညံ့ခဲ့တာ
ဆောင်းလက်သည်းစူးစူးတွေလည်း မာကျောလတ်ဆတ်ခဲ့တာ
ထိုးဖောက်စွမ်းတွေနဲ့ ချိုးဖောက်စွမ်းတွေနဲ့
အမှန်တော့ ခြစ်ရှမိရုံ သွေးစို့သွားခဲ့ရုံကလေးပဲပေါ့
ဒဏ်ရာတွေဟာ စိမ့်စိမ့်အေးမြခဲ့ပါရဲ့ ကြောင်ကလေးဝါ၀ါ။

ပန်ဒိုရာ

5 comments:

ATN said...

ပိုင်ရှင်မဲ့နေတဲ့ ခရစ္စမတ် မနက်ခင်းလိုမျိုး...

အိမ့်ချမ်းမြေ့ said...
This comment has been removed by the author.
အိမ့်ချမ်းမြေ့ said...

ပါးပြင်နဲ့မှီအုံး ကဗျာလေးကို လွမ်းလို့ လာဖတ်တယ်..လို့။
အရင်လို တိတ်တိတ်ကလေး ပြန်ဦးမလို့...

လွမ်းတယ်..ပန်
(ဒီတစ်ခါ စာလုံးပေါင်းထပ်မှားရင်တော့ ပြင်တော့ဘူး)

ဇွန်မိုးစက် said...

ပုံဝါးဝါးထဲက ကြောင်ကလေးဝါ၀ါ....

ငြိမ်းစိုးဦး said...

နှင်းမှုန်လေးတွေ တစ်သိန်းလောက် စုပြီးကျလာတဲ့
နှင်းစက်ကလေးက သစ်ပင် ပန်းပင် တို့ကို
ရေလောင်း ပေးနေပါတယ်...တတ်နိုင်သလောက်ပေါ့ ။
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com