Thursday, February 10, 2011

ဘလော့ဂ် ၀ဲစွဲခြင်းနှင့် ကင်းရှင်းကြောင်း

အင်တာနက်ထဲက blogspot ဘလော့ဂ်ဆိုက်တွေမှာ malware တမျိုး ကူးစက်ပြန့်ပွားနေတာကို ကြားကြမှာပါ။ blogspot နဲ့ရေးတဲ့ ဘလော့ဂ် ၉၀ ရာခိုင်နှုန်းလောက်ဟာ sidebar မှာ ချိတ်ထားတဲ့ လင့်ခ်တွေ မှတ်ချက်တွေကတဆင့် အဲဒီ malware ကူးစက်ခံနေရတယ်လို့ ဆိုကြပါတယ်။ အဲဒီ malware တွေ အများကြီးရှိလာပြီဆိုရင် ကူးစက်ခံနေရတဲ့ ဘလော့ဂ်ကို ဖွင့်ကြတဲ့အခါ Reported Attack Page ဆိုတဲ့ အနီရောင် စာတန်းကြီး ပေါ်လာတတ်ပါတယ်။ အခုတလောတော့ အဖြူရောင်နတ်သမီး ဘလော့ဂ်နဲ့ ကိုအောင်(ပျူနိုင်ငံ) ဘလော့ဂ်တွေမှာ အဲဒီစာတန်းကြီးပေါ်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ အခုတော့ သူတို့ဘလော့ဂ်တွေ ပြန်ကောင်းသွားပြီလို့ ဆိုပါတယ်။

ဒီကိစ္စအသေးစိတ်နဲ့ သူ့ကို ကုစားနိုင်မယ့် နည်းလမ်းကိုတော့ ဒီလင့်ခ်မှာ သွားဖတ်ပေးပါနော်။
http://www.linhtet.net/2011/02/blogspot.html

ပန်ဒိုရာ ဘလော့ဂ်ကို http://sitecheck.sucuri.net/scanner/ မှာ စစ်ဆေးလိုက်တဲ့အခါ sidebar မှာ ချိတ်ထားတဲ့ ဘလော့ဂ် အတော်များများမှာ malware ရှိနေတယ် လို့ပြပါတယ်။ ဒါကြောင့် sidebar က ဘလော့ဂ် link တစ်ရာကျော်ကို အကုန် ဖြုတ်ထားလိုက်ပါတယ်။ ဒီတော့မှ malware ကင်းရှင်းကြောင်း တွေ့ရပါတယ်။


တစ်ချိန်တည်းမှာလည်း စိတ်ပူမိပါတယ်။ ဘလော့ဂ်လောကဆိုတာ သူ့သဘာဝအရ ချိတ်ဆက်မှုတွေ ဆက်သွယ်မှုတွေက အရေးပါနေပါတယ်။ ကွန်ယက်သဖွယ် တိုးပွားရှင်သန်နေကြတဲ့ ဂေဟစနစ် မှာ အခုလို အားလုံးက ပူပန်ပြီး ချိတ်ဆက်မှုတွေ ဖြတ်လိုက်ကြ ဘယ်သူမှ မှတ်ချက်တွေမရေးကြ ပိတ်ဆို့ကြဆိုရင်လည်း မဖြစ်သေးဘူးလေ။ အခုတောင် sidebar မှာ ဘာပို့စ်တွေ အသစ်တက်သလဲ ဆိုတာကို မမြင်ရတော့ စိတ်ထဲမှာ ဟာတာတာဖြစ်နေပြီ။း)

တောင်းဆိုချင်ပါတယ်။ အားလုံးက တက်ညီလက်ညီ ကိုယ့်ဘလော့ဂ်ကို ကိုယ် ဒီလင့်ခ် http://sitecheck.sucuri.net/scanner/ ကနေ စစ်ဆေးပြီး ဖြုတ်စရာရှိတာ ဖြုတ်ပြီးတဲ့အခါ malware ကင်းရှင်းသွားကြောင်း ပို့စ်တင်ပေးကြစေလိုပါတယ်။ အဲဒီအခါမှာ အမြန်ဆုံး ပြန်ချိတ်ဆက်နိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီ့အပြင် ဒီရက်ပိုင်းတွေမှာ ကိုယ့်ဘလော့ဂ်တွေကိုလည်း နေ့စဉ်ဆိုသလို ပြန်စစ်ကြည့်ပြီး ကင်းရှင်းအောင် နေသွားကြဖို့ လိုမယ်ထင်ပါတယ်။ လောလောဆယ်တော့ ကင်းရှင်းသွားပြီ ဆိုတဲ့ ဘလော့ဂ်တချို့မှာ malware ပြန်ရှိနေတာကို တွေ့နေရပါသေးတယ်။


ပန်ဒိုရာ

12 comments:

ကိုဇော် said...

http://img696.imageshack.us/img696/1350/1022011.jpg

ကျနော် တွေးမိတာ နည်းနည်း ပြောကြည့်ရရင် . .
ကျနော်တို့ ဆော့ဝဲလ်တွေ အတွက် Keygen တွေကို Anti - Virus က ကီးဂန်း ဆိုပြီး မသိဘူး။ သူကတော့ အဲဒါကို Trojan or Virus လို့ပဲ သိသဗျ။ ဒီတော့ ကီးဂန်းကို ဖွင့်လိုက်ရင် သူက ဖဲ့တော့တာပဲ။ ပါသွားတယ် ဆိုပါတော့။ အခုလည်း ကျနော့် ဘလော့ကို စစ်တုန်းက သူပြတဲ့ Malware ဆိုတဲ့ လင့်တွေကို တစ်ခု မကျန် ကျနော် လိုက်ဖွင့်ကြည့်တော့။ အဲဒီမှာ ပြထားတဲ့ တဆင့်ခံ လင့်တွေ အားလုံးက လင့်အသေတွေ ဖြစ်နေတယ်။ ဒါက ဘာကို ပြတာလဲလို့ ကျနော်ထင်လဲ ဆိုတော့ အဲဒီလင့်မှာ ပို့စ်တင်ပြီး မှားလို့ ပြန်ဖျက် ၊ ဒါမှမဟုတ် Draft ထဲမှာ သိမ်းထားတဲ့ ပို့စ်တွေကို ပြတာလို့ ထင်မိတယ်။ အခုလို ပြတဲ့ လူတွေကလည်း ဒီလိုပဲ ခဏခဏ ပြင်မိ ၊ သိမ်းတတ်တဲ့ လူတွေလို့ ထင်တယ်။ ဒါကြောင့် sucuri က စစ်လိုက်တဲ့ အခါမှာ လာတွေ့နေတာ ထင်တယ်။ နောက်ဆုံး ပြောရရင် ပို့စ်များများ ရေးမိပြီး သိမ်းထားတတ်တဲ့ လူမှာလည်း ဒီလို လာပြနေတာ သွားတွေ့ရပြန်ရော။ ဘာလို့လဲ ဆိုတော့ ဘလော့ တစ်ခုကို Trace ထားတဲ့ နေရာ တစ်ခုကနေ သူ့ရဲ့ Draft ထဲကနေ Review ကို ဝင်ကြည့်လို့ ရတယ် ဆိုတာတော့ ကျနော် ကိုယ်တွေ့မို့ လက်ခံပါတယ်။ ဒီတော့ ကျနော် သိသလောက်ကတော့ လင့်ပျက်တွေ များများ ရှိတဲ့ ဘလော့ ၊ ခဏခဏ တင်လိုက် ဖျက်လိုက် လုပ်တတ်တဲ့ ဘလော့တွေသာ ရှင်းလင်းလိုက်ရင် အားလုံး အဆင်ပြေသွား ပါလိမ့်မယ်လို့ ထင်မိပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ကွန်ယက်တည်ဆောက်မှုအတွက် ဒီကိစ္စက
မြွေပွေးပဲ၊ ဘလော့ရေးတဲ့ သူတွေအနေနဲ့
သူ့ဘလော့ကို ဖျက်တော့မယ်ဆိုရင် သူ့လင့်ခ်
ကို ချိတ်ဆက်ထားတဲ့သူတွေဆီ အကြောင်း
ကြတဲ့ စနစ်တော့ လိုမယ်လို့ ထင်တာပဲ၊
သူ့သဘော သူ့ဆန္ဒအရ ဘလော့ကို ဖျက်
လိုက်မယ်ဆိုရင် သူ့လင့်ခ်ကို ချိတ်ထားတဲ့
သူတွေ တန်းစီးပြီး အဲဒီ မဲဝဲ ဖြစ်သွားမလား
မသိဘူး၊ အခုကော်မန့်ကို ကျနော့်မှာ မဲဝဲ
မရှင်းရသေးလို့ Name/URL မှာ Name ထဲ
နာမည်ထည့်ပြီး လာရေးရပါတယ် .... :P

Maung Myo said...

ကျနော်လည်းဖြစ်နေတယ် ဖြုတ်ဖို့ လုပ်နေတာ လင့်ထားတာတွေများတော့ ပြန်ထည့်ရမှာလည်း ပျင်းတယ် လင့်ထားတဲ့ ဘလော့တွေမမှတ်မိတော့မှာလည်းကြောက်တယ်း) ဒါမယ့် ၀ဲဆွဲနေတော့ လုပ်မှရမှာပေါါ့ ။

pandora said...

ကိုဇော်နဲ့ကိုအောင် ကျေးဇူးပါ ။ အတော်များများ လင့်ခ်တွေ ဖြုတ်ကုန်ကြရင်တော့
ပို့စ်အသစ်တက်တာ မြင်ချင်ရင် ကိုဇော်လုပ်ထားတဲ့ ဘလော့ဂ် http://allbloggerposts.blogspot.com/ ကနေပဲ သွားကြည့်ရမယ်။ ကိုဇော်လည်း တတ်နိုင်သမျှ အဲဒီဘလော့ဂ်ထဲကနေ ချိတ်ထားပါနော်။ တော်ကြာ လိပ်စာတွေ ပျောက်မှာစိုးလို့။

အိမ့်ချမ်းမြေ့ said...

ဝဲစွဲတဲ့ အတိုင်းနေရင်ကော.. ဘာဖြစ်နိုင်မလည်း..
ဘယ်မှာမှ ကော့မန့် မရေးဘူးလေ..

ကော့မန့်တွေကို စပန်လုပ်ပစ်ရမယ်ဆိုတာ ရင်နာစရာဖြစ်နေတယ်။

PAUK said...

ပန်ပန်ပြောသလိုပဲ..
ဘလော့လစ်စ်ကိုဖြုတ်လိုက်တော့ ဝဲကင်းသွားတယ်..။
ဖြုတ်လို့ကောင်းကောင်းနဲ့ စီဘောက်စ်ပါဖြုတ်ထားတယ်..။

Anonymous said...

Most of cases are because of hosting.
If some bloggers used the free hosting for uploading some images/fotos/songs and used the link in his/her blog, it can be blacklist when this hosting is listed as blacklist. Even for the infected blog itself can have no harm if he/she safely remove these links from the free hosting sites.

Calm down.
And relieved ....

ရွှေပြည်သူ (ShwePyiThu) said...

သူများတွေ ရေးထားတာဖတ်ကြည့်ပြီး Scan လုပ်ကြည့်တော့မှ ကိုယ့်ဘလော့လေးလည်း ဝဲထိထားတာ အလန့်တကြား သိရပါတယ်။ အစ်မပေးထားတဲ့ Link ကနေ ကိုလင်းထက် သင်ပြထားတဲ့အတိုင်း လိုက်လုပ်ထားတာ လောလောဆယ်တော့ ကောင်းသွားပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ် အစ်မပန်ဒိုရာ။

ကိုပေါ said...

ကျေးဇူးပဲ။ ကျနော်လည်း ဝဲရှိမရှိ စစ်ဆေးကြည့်ပြီးပြီ။ ဝဲကင်းရှင်းပါကြောင်း။း-)

ကိုဇော် said...

ဟုတ်ကဲ့ မပန်။
ကျနော် ဟိုတစ်ခါ ကလိတာ လွန်သွားကတည်းက လင့်နေတာ ပျောက်သွားရင် ဆိုတဲ့ စိတ်နဲ့ http://allbloggerposts.blogspot.com/ ဒီနေရာလေးကို လုပ်ထားမိတာပါ။ အားလုံးနဲ့ သက်ဆိုင်တဲ့ နေရာလေးပါ။ လာထားသမျှ နဲ့ ကျနော်သိသမျှ လင့်တွေကိုတော့ ချိတ်ပေးသွားမှာပါ။
( စာရေးဖို့ စိတ်စုစည်း မရတာနဲ့ ဘလော့ဘက်ကို မဝင်ဖြစ်ဘူး ဖြစ်နေလို့ အခုမှ ရောက်ဖြစ်တယ်ဗျာ။ )

Aung.Info said...

အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ဒီမှာတော့ နည်းနည်း ရေးထားပါတယ်၊ http://www.aung.info/?p=1496

mabaydar said...

အစ်မရေ....

စစ်ပြီးပြီ... မဗေဒါဆိုဒ်က ကင်းရှင်းပါတယ်... Print screen ကို ပိုစ့်အနေနဲ့ တင်လိုက်ပါ့မယ်... သတင်းပို့တာပါ...