စင်ကာပူနိုင်ငံ စာပေမြတ်နိုးသူများက ဦးဆောင် ကျင်းပတဲ့ တတိယအကြိမ် စာပေဟောပြောပွဲကို ၂၀၁၁ ဧပြီလ ၃၀ ရက် စနေနေ့မှာ ကျင်းပမယ်လို့ ကြော်ငြာထားတာ facebook မှာတွေ့နေတာ အတော်ကြာခဲ့ပါပြီ။
ဒီနှစ်မှာဟောပြောမည့် စာရေးဆရာတွေကတော့ -
ဆရာဖေမြင့် (“ဘ၀တိုးတက်ဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့်)
ဆရာမ ခင်ခင်ထူး (“အညာဓလေ့ ရွာဓလေ့” ခေါင်းစဉ်ဖြင့်)
ဆရာချစ်စံဝင်း ( “အမေဟူသည် အလွမ်းသည်” ခေါင်းစဉ်ဖြင့်)
ဆရာအောင်သင်း (“ရပ်ဝေးမြေခြား လူငယ်များသို့” ခေါင်းစဉ်ဖြင့် - အဝေးရောက်) တို့ဖြစ်ပါတယ်။
ဆရာအောင်သင်းက ကျန်းမာရေးအခြေအနေကြောင့် လူကိုယ်တိုင် မဟုတ်ဘဲ အဝေးရောက် ဟောပြောရတယ် လို့သိရပါတယ်။
ဈေးနှုန်းကတော့ $15 ပါပဲ။ လက်မှတ်ထဲမှာ အင်းလေး စားသောက်ဆိုင်က $5 တန် ဘောက်ချာ ပါမယ် လို့ ဆိုပါတယ်။ ဟောပြောပွဲကို နေ့လည် ၁ နာရီကနေ ညနေ၈ နာရီအထိ ကျင်းပမှာဖြစ်ပြီး နေရာကတော့ Dover MRT အနားမှာရှိတဲ့ Singapore Poly ရဲ့ Convention Centre မှာပါ။
စာပေမြတ်နိုးသူများ ရဲ့ facebook စာမျက်နှာမှာ ရေးထားတာကတော့ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဆင်းရဲနွမ်းပါးပြီး ဆေးကုသရန် အထူးလိုအပ်တဲ့ သက်ကြီးရွယ်အိုစာရေးဆရာတွေကို ထောက်ပံ့ဖို့ ဆုံးဖြတ်ထားတယ်လို့ တွေ့ရပါတယ်။
စာပေဟောပြောပွဲလက်မှတ်တွေကို ပင်နင်စူးလား ပလာဇာ ငါးထပ်မှာရှိတဲ့ သူဌေးသမီး နဲ့ လေးထပ်က သော်တာနဒီဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပြီး သောကြာ၊ စနေ နှင့် တနင်္ဂနွေနေ့တွေမှာ လက်မှတ်ကောင်တာတွေကို ညနေ ၅ နာရီမှ ၈နာရီထိ ဖွင့်လှစ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ယခုတပတ်မှာ တော့ မြေအောက်ထပ်က ရနံ့သစ် မြန်မာထမင်းဆိုင်မှာ လက်မှတ်ကောင်တာ ဖွင့်လှစ်ထားတယ် လို့ သိရပါတယ်။
------------
သဇင်မဂ္ဂဇင်းက စီစဉ်တဲ့ စာပေဟောပြောပွဲတစ်ခုလည်း စင်္ကာပူနိုင်ငံမှာ ကျင်းပဦးမယ် လို့ သိရပါတယ်။ ဒါကလည်း တတိယအကြိမ် စာပေဟောပြောပွဲပါပဲ တဲ့။ 
၂၀၁၁ ဧပြီလ ၂၄ ရက် တနင်္ဂနွေနေ့ NUS UCC ခန်းမ မှာ ဖြစ်ပါတယ်။ နေ့လည် ၁ နာရီကနေ ည ၈နာရီအထိ ဖြစ်ပါတယ်။ ဟောပြောမယ့် ဆရာတွေကတော့
ဦးဘုန်း(ဓါတု) (“အိမ်” ခေါင်းစဉ်ဖြင့် )
ဆရာကျော်ဝင်း (“ကမ္ဘာပြားပြီ” ခေါင်းစဉ်ဖြင့်)
ဆရာချစ်ဦးညို (“ကျွန်တော်ခံစားမိသလို ပြောဆိုပါမည်” ခေါင်းစဉ်ဖြင့်)
ဆရာအောင်သင်း (“ကိုယ့်မြေကိုယ့်ရေ” ခေါင်းစဉ်ဖြင့် - လူကိုယ်တိုင်)
တို့ဖြစ်ပါတယ်။
လက်မှတ်တွေကို တစ်စောင် $15 နဲ့ ပင်နင်စူးလား နှစ်ထပ်က သပြေနုဆိုင်နဲ့ ငါးထပ်က သဇင်မဂ္ဂဇင်းမှာ ၀ယ်ယူရရှိနိုင်ပါတယ်။
စီစဉ်သူများအနေနဲ့ စာပေဟောပြောပွဲ ၂ခုကို တစ်ပတ်ပဲ ခွာပြီး ကျင်းပဖြစ်သွားတာကတော့ နှစ်ပွဲလုံးကို အားပေးချင်မယ့် ပရိသတ်အတွက် အခက်အခဲ ဖြစ်သွားနိုင်ပါတယ်။ နောက်ဆို တစ်နှစ်မှာ နှစ်ပွဲကျင်းပကြမယ်ဆိုရင်လည်း တစ်ပွဲက နှစ်လည်မှာ တစ်ပွဲက နှစ်ကုန်လောက်မှာ ဆိုရင်တော့ ပရိသတ်အတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။
မည်သို့ပင်ဖြစ်စေ ရည်ရွယ်ချက်ကောင်းတဲ့ စာပေဟောပြောပွဲတွေ ဆက်လက်ပြီး ထွန်းကားလာစေရေးအတွက် စာပေ၀ါသနာရှင်တွေ နှလုံးသားအာဟာရ ပြည့်ဝလိုသူတွေ သိရှိစေဖို့ အခုလို အကြောင်းကြားပေးလိုက်ပါတယ်။ ၂ပွဲရှိတာကို ကွဲကွဲပြားပြား သိအောင်နဲ့ ကိုယ်သွားရောက်ချင်တဲ့ ပွဲကို လက်မှတ်မှားမ၀ယ်မိစေဖို့လည်း ဖြစ်ပါတယ်။
စာပေဟောပြောပွဲ ၂ ပွဲအကြောင်း ဒီ့ထက်သိလိုပါက ဖတ်ရှုရန် -
http://moemaka.blogspot.com/2011/03/2-burmese-literature-talk-in-singapore.html
http://www.pti31.com/2011/03/blog-post.html
http://www.facebook.com/#!/sarpaymyatnoethumyar
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
19 hours ago





6 comments:
ကျေးဇူး ပန်ပန်...
Blog မှာ ပြန် Share ချင်လို့ အစ အဆုံး ကူးယူသွားပါတယ်...း))
ကူးစေသတည်းး)
စာပေဟောပြောပွဲတွေ နှစ်တိုင်းစီစဉ်ပေးတဲ့ စာပေမြတ်နိုးသူများ အသင်းကို အမြဲကျေးဇူးတင်ရပါတယ်။ ပြန်ဝေမျှတဲ့ အစ်မကိုလည်း ကျေးဇူးတင်ပါတယ်း)
ဆိုပွဲကပွဲတွေ concert တွေ ဈေးကြီးပေးပြီး ကြည့်နေကြတဲ့ အချိန်မှာ $15ပဲ ပေးရတဲ့ စာပေဟောပြောပွဲဆိုတာ စီစဉ်သူတွေအနေနဲ့ အမြတ်ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ အင်မတန်သင့်လျော်တဲ့ ဈေးလို့ထင်ပါတယ်။ စာပေဟောပြောပွဲတွေ ကြုံရခဲတဲ့ အရပ်ကလူအနေနဲ့ ပြောရရင် ဒီဟောပြောပွဲ၂ဖွဲ့ကွဲတာကို ဝေဖန်တာတွေ၊ ငါတို့ကတော့ ဘယ်ဖက်ကိုပဲအားပေးမယ်ဆိုတာတွေ ကြားရတာ quite pathetic. မပန်အနေနဲ့ ဘယ်ဘက်ကို အားပေးမယ်/ပါ လို့မရေးပဲ ၂ပွဲရှိကြောင်းသာ ရေးတာ ကောင်းတယ်လို့မြင်ပါတယ်။ အားလုံး စည်းစည်းလုံးလုံး ညှိညှိနှိုင်းနှိုင်းလုပ်ကြရင်တော့ ပိုကောင်းသပေါ့။ မလုပ်နိုင်ပဲ ၂ဖွဲ့ကွဲလို့ ၂ပွဲကြည့်ရမယ်ဆိုရင် ဒီထက်များများတောင် ကွဲပါစေလို့ ဆုတောင်းမိမယ်ထင်ပါတယ်။ :)
April ၂၄ ရက်နေ့ကျရင် စင်္ကာပူမှာ ရှိနေရင် သိပ်ကောင်းမှာပဲ မရှိနိုင်ခဲ့ရင်လည်း ဘလော့ဂ်ပေါ်မှာပဲ စောင့်မျှော်နေတော့မယ် ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...
သတင်းထူးလေးအတွက် ကျေးဇူးပါ မပန်။ သွားဖြစ်အောင်သွားဖို့ စိတ်ကူးထားပါတယ်။
ခင်မင်လေးစားလျက်
Post a Comment