Monday, May 2, 2011

မွေးနေ့

ပန်ဒိုရာရဲ့ မွေးနေ့အမှတ်တရအလှူအဖြစ် ဆရာတော်သုံးပါးကို အိမ်ကိုပင့်ဖိတ်ပြီး မနက်စောစောမှာ အရုဏ်ဆွမ်း န၀ကမ္မအလှူငွေတို့ကို ဆက်ကပ်လှူဒါန်းပါတယ်။ မြန်မာပြည်တွင်းမှာ ငွေကြေးအကူအညီလိုအပ်နေတဲ့ စာရေးဆရာ ဆရာမတွေ အတွက် ရန်ပုံငွေ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ရသအလင်းဖောင်ဒေးရှင်းကိုလည်း အလှူငွေ လှူဒါန်းလိုက်ပါတယ်။ ဒီကနေ့အဖို့ ပြုပြုမိသမျှ ကောင်းမှုကုသိုလ်တွေကို ရပ်ဝေးရပ်နီးနေ မိဘ ဆရာသမား ဆွေမျိုး သူငယ်ချင်းမိတ်ဆွေများ၊ အင်တာနက်ထဲက အသိမိတ်ဆွေများ၊ လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုနေ့ရက်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ကွယ်လွန်သွားသူတွေ၊ မကြာခင်က ဘ၀တပါးကို တိမ်းပါးသွားတဲ့ ဘလော့ဂါ ကိုကြီးကျောက်၊ အစရှိသဖြင့် အားလုံး ရှိရှိသမျှ ဝေနေယျသတ္တ၀ါ အပေါင်းကို အမျှ အမျှ အမျှ ပေးဝေပါတယ်။ သာဓု သာဓု သာဓု။

သူငယ်ချင်းတစ်ယောက် ပေးပို့လာတဲ့ မွေးနေ့လက်ဆောင် ဗွီဒီယိုလေးကိုလည်း တင်လိုက်ပါတယ်။ facebook ၊ ဘလော့ဂ်၊ ဖုန်း၊ အီးမေလ်း တွေကတဆင့် မွေးနေ့ဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

38 comments:

Anonymous said...

Happy Birthday, Pandora!

A Smiling Flower

နိုင်းနိုင်းစနေ said...

Happy Birthday,
Pandora

Maung Myo said...

Happy Birthday ဒေါ်လေး .

Cameron said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ...။ နောင်နှစ်တွေလည်း ကောင်းမှုကုသိုလ်တွေများများလုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် မပန်...။
(အကြွေးရှိသေးတယ်နော်...ဟိ)

ခင်တဲ့
မိုးငွေ့

Moe Cho Thinn said...

ံHappy Birthday ညီမရေ..
အနုပညာ နဲ့ မေတ္တာ ထုံမွှမ်းတဲ့ဘ၀မှာ ပျော်ရွှင် ငြိမ်းချမ်းပါစေ။

ချစ်ကြည်အေး said...

ပျော်စရာမွေးနေ့၊ အဓိပ္ပါယ်ရှိသောမွေးနေ့ပါ ညီမ ပန်ပန်...:)

ပြုသမျှ အလှူ၊ ပေးဝေသမျှ အမျှအတန်းအတွက်လည်း ဝမ်းသာကြည်နူးစွာ သာဓု သာဓု သာဓုပါ ညီမ ပန်ပန်....

kay said...

အရောင်တွေ ပြောင်းလာ ပြီး.. အရွယ်တွေ တိုးလာတဲ့.. မွေးနေ့ လေး နောက်တခု မှာ...
တရား.. အကြင်နာ.. စေတနာ.. ပြီးမြောက်ခြင်း.. ကြည်လင်ခြင်း တွေ နဲ့ ပြည့်စုံ နေနိုင်ပါစေ.. ပန်ပန်..

သဒ္ဓါလှိုင်း said...

ပျော်ရွှင်ဖွယ်မွေးရက်များစွာကို စိတ်ချမ်းမြေ့စွာ
ဖြတ်ကျော်နိုင်ပါစေ..။
ခင်မင်လျက်
သဒ္ဓါ

Hmoo said...

မဂ္ဂင်္လာမွေးနေ့ပါ..တယ်ဂျင်း.. :)

khin oo may said...

အမြဲတမ်းပျော်ရွင်နိုင်ပါစေ.့ happy birthday Pandora!

Angelhlaing(May everybody be happy and healthy! said...

မမရေ Happy Birthday ! ပါနော်..ပျော်ရွင်စရာ မွေးနေ့ မင်္ဂလာရက်မြတ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုဆုတောင်းရင်း...ကောင်းသောနေ့လေးဖြစ်ပါစေ မမ။

ညီလင်းသစ် said...

ပျော်ရွှင်ကြည်နူးစရာ ကောင်းသော၊ အေးချမ်းငြိမ်သက် သော မွေးနေ့လေး ဖြစ်ပါစေ....။

ကိုဇော် said...

သာဓု . . သာဓု . . သာဓု . . .
နေ့ရက်တိုင်းမှာ ပျော်ရွှင်နိုင်ပါစေ။

အဖြူရောင်နတ်သမီး said...

Happy Birthday... “မပန်”
with many kisses...xxx

PhyoPhyo said...

Happy Birthday Ma Pandora !

Baby taster said...

Happy Birthday !!!

Unknown said...

ကြည်နူးဖွယ်ကောင်းသော မွေးနေ့ပါ မပန်
ကောင်းသောနေ့ပါ :)

rose said...

မပန်.... ပာက်ပီးဘက်ဒေးပါနော်။ မေလ ၂ ရက်နေ့တွင် ကျရောက်သော အစ်မ၏ မွေးနေ့မှသည် ယခုလို အမြဲ ကုသိုလ် ကောင်းမှုတွေ ပြုလုပ် လှူဒါန်းနိုင်ပါစေ၊ ချစ်ခင်တဲ့ မိသားစုနှင့် အမြဲ ပျော်ရွှင် ချမ်းမြေ့ပါစေ။

Shinlay said...

happy Birthday...

မိုးယံ said...

နောင်လာမည့် မွေးနေ့ များစွာတိုင် ပျော်ရွှင် ငြိမ်းချမ်းပါစေဗျာ။

Anonymous said...

ကုသိုလ်ကောင်းမှုတွေအတွက် သာဓုခေါ်ပါတယ် ပန်ပန် ... မွေးနေ့မှစပြီး မင်္ဂလာရှိသော နေ့ရက်များကိုသာ အစဉ် ကြုံတွေ့နိုင်ပါစေ ...

ချစ်တဲ့
မမေ

တောက်ပကြယ်စင် said...

ပန်ပန်ရေ ...Happy Birthday to you! Happy Birthday to you! Happy Birthday, Happy Birthday, Happy Birthday to you! ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ဖြတ်ကျော်နိုင်ပါစေ...

ပုံရိပ် said...

မွေးနေ့မင်္ဂလာ မပန်ရေ။ ဘယ်နှစ်နှစ်လဲလို့ မမေးတော့ဘူးနော် :D။

ချော(အစိမ်းရောင်လွင်ပြင်) said...

မွေးနေ့ရှင် သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ
စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများအားလုံး ပြည့်ဝပါစေနော်
အလှူအတန်းမျှဝေမှုအတွက် သာဓုခေါ်ပါတယ်
ဆက်လက်ပြီး အလှူရေစက် လက်နဲ့မကွာ လှူတန်းနိုင်ပါစေ..

လင်းဒီပ said...

ဟတ်ပီးဘတ်ဒေးပါ အစ်မပန် :)))

ဇွန်မိုးစက် said...

Happy belated birthday to Ma Pan!
Wish you all the best and happiness. :)

With best wishes,
Zun

သက်ဝေ said...

Happy Birthday ညီမ ပန်ပန်...

အလိုရှိအပ် တောင့်တအပ်သော ဆန္ဒများ အားလုံး ပြည့်စုံပါစေလို့ ဆုတောင်းပါတယ်...။

ပန်းချီ said...

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာသော မွေးနေ့ဖြစ်ပါစေ အစ်မပန်:)(နောက်ကျဆုတောင်းအတွက် ခွင့်လွှတ်ပါနော်)

လေးစားခင်မင်စွာ..

sosegado said...

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ၊ အလှူအတွက် သာဓုသာဓုသာဓု၊

ရွှေပြည်သူ (ShwePyiThu) said...

အစ်မပန်ဒိုရာရေ နောက်ကျသွားတာ ခွင့်လွှတ်ပါနော်...

ဒီမွေးနေ့ကစလို့ ဘဝရဲ့နေ့တွေတိုင်းကို ပျော်ရွှင်ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပါစေ။ စာကောင်းပေမွန်တွေလည်း အများကြီးဆက်ရေးနိုင်ပါစေ... မွှေးနေ့အလှူကုသိုလ်တွေအတွက်လည်း သာဓု သုံးကြိမ်ခေါ်ပါတယ် အစ်မရေ...

မြတ်မွန် said...

အမရေ..ဟက်ပီဘက်ဒေးနော်..။

မိုးစက်အိမ် said...

နောက်ကျပေမဲ့ မေလဖွားအမ အတွက် ဆုတောင်း
ပေးသွားပါတယ် မွေးနေ့ မှသည် ရွှေရတု ငွေရတု
စိန်ရတု ရတုအဆက်ဆက်တိုင်အောင် ပျော်ရွှင်အေး
ချမ်းပါစေ အမရေ . . .

အိမ့်ချမ်းမြေ့ said...

အရမ်းနောက်ကျသွားပြီး((

ခွင့်လွှတ်ပါလို့လည်း မပြောတော့ပါဘူး။

သာဓုသုံးကြိမ် မလေးခေါ်သွားပါတယ်။
အမြဲတမ်းပျော်ရွှင်အောင်မြင်စေကြောင်းရယ်...

ချစ်ခင်စွာဖြင့်..
မလေး

ပြည်ကောင်းအောင် said...

Facebook မှာ ဒီနေ့မှ မိတ်ဆွေဖြစ်ကြပြီး ခင်ဗျား မွေးနေ့ကိုသိရတာမို့ ကျနော်လည်း Happy Birthday လို့ ပြောဖို့ အများကြီး နောက်ကျသွား ပြီ။ ဒါပေမဲ့ ကျနော့်လို နောက်ကျတဲ့ မအိမ့်ချမ်းမြေ့ကို အဖော်တွေ့ရလို့ ဒီ ကျန်နေသေးတဲ့ တနှစ်ပတ်လုံး "နေရာတကာမှာ ကံကောင်းနေပါစေ" လို့ပဲ ဆုတောင်းပေးခဲ့ပါတယ်။

တန်ခူး said...

့ပန်ရေ.. .ပျောက်နေတယ်နော်... တို့ ကဦးအောင်စပြောထားတာ.. GTALKမှာ မတွေ့ လို့ လေ...

ALVARO GÓMEZ CASTRO said...

Hi, nice but unfotunately I can´t read. I invite you to visit my blog at:

http://alvarogomezcastro.over-blog.es

Greetings from Colombia

Yaw Han Aung said...

Belated happy birthday.

ကိုချစ်ဖေ said...

ဟက်ပီးဘတ်ဒေးဗျာ
ခင်ဗျားမွေးနေ့ကိုကျော်သွားတယ်.
ရှေ့နှစ်ခါအတွက်ပါ ကြိုပြီး ဟက်ပီးဘတ်ဒေး
ထားလိုက်တယ်ဗျာ.