
ခိုတွေ
အုတ်အုတ်ခဲခဲ ရုတ်ရုတ်သဲသဲ ပြေးရင်းလွှားရင်း အုပ်စုကွဲသွားကြ
အညစ်အကြေးတွေ ဖွာလန်လွင့်ကျဲ သွားလေရာမှာ အတောင်ပံ အစစအနန
အဆင်မပြေမှုကို သီချင်းလိုညည်းကြ ဖွဲ့ဖွဲ့နွဲ့နွဲ့ဆွဲဆွဲငင်ငင်
အူကြမယ် ဆူကြမယ် မျက်ရည်မပါတော့တဲ့ အခြောက်တိုက် ကျဲပါးပါးအသံတွေနဲ့
လမ်းမတကာမှာ လှည့်လည်သွားလာ ရေကြည်ရာသို့ မြက်နုရာသို့
ညည်းတွားရင်း ရုန်းကြကန်ကြ အစာလုကြ နှုတ်သီးတွေပြတ်ကျသည်အထိ
မွဲခြောက်ခြောက်ချင်း အရောင်အသွေးပြိုင်ဆိုင်ရင်း စစ်တလင်းလို ထင်မြင်လာသည်အထိ
အသိုက်ရွှေ့ရင်း ထပ်ပြောင်းရင်း မွေးရာပါအတောင်ပံတွေပေါ် ညိုညင်စိတ်ကွက်လာသည်အထိ
ဘယ်သူမှ မလိုချင်တဲ့ ခိုတွေ ခိုတွေ…. မိဘမဲ့ ရင်ခွင်မဲ့ ခိုတွေ ခိုတွေ
အိမ်ကနှင်ချခံရတဲ့ ခိုတွေ ခိုတွေ…. အိမ်ပြန်လမ်း မေ့သွားတဲ့ ခိုတွေ ခိုတွေ
ဟိုမှာဒီမှာ ပဲစေ့ပြောင်းစေ့တွေ တလျှပ်လျှပ် ပြန့်ကြဲတိုင်း ၀ုန်းခနဲထပျံလိုက်ကြ။
ပန်ဒိုရာ
၁၄. ၅.၂၀၁၁ -၂.၆.၂၀၁၁
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





16 comments:
ဒီကဗျာလေး ဖတ်ရတာ ဆူးလေနား ချက်ချင်း ရောက်သွားသလို ခံစားလိုက်ရတယ်၊ နားထဲမှာတောင် တဝုန်းဝုန်း ထပျံသံတွေ ကြားလိုက်မိ သလိုလို...။
အခု ခိုလေးတစ်ကောင်မွေးထားရတယ်၊ ငယ်သေးလို့ ကောင်းကောင်း မပျံတတ်သေးတော့အိမ်ထဲမှာပဲ ထားရတယ်၊
ကလေးလို အစာခွံကျွေးနေရသေးတယ်၊
ခု နည်းနည်းပျံနိုင်လာတော့ စာရိုက်နေရင် ကီးဘုတ်ပေါ်တက်ထိုင် လက်ချောင်းတွေနှုတ်သီးနဲ့ လိုက်ဆိတ်နဲ့၊
ခို ကရိကထများနေတာနဲ့ ခိုကဗျာလေး ဖတ်သွားပါတယ်။
ကြိုက်တယ်။
အိမ်ပြန်လမ်း မေ့သွားတဲ့ ခိုတွေ ခိုတွေ...
ပျံနေရင်း အတောင်ညောင်း ခြေကုန်သွားတဲ့ ခိုတွေ ခိုတွေ...
အိမ်ပြန်နေရင် လမ်းပျောက်နေတဲ့ ခိုတွေ ခိုတွေ....
ညည်းချင်းတွေ အခါခါ ချနေကြတဲ့ ခိုတွေ ခိုတွေ...
ခိုစရာ ရှာနေတဲ့ ခိုတွေ ခိုတွေ...
တကယ်ကျတော့ ခို ဆိုတဲ့ နာမည်ကို ဘယ်သူက ပေးခဲ့တာလဲ လို့ နာကျည်းနေတဲ့ ခိုတွေ ခိုတွေ...
ခိုတွေ ခိုတွေ ခိုတွေ ...........
တလောကလုံး ခိုတွေကြီးပါလား
စာလာဖတ်တဲ့ လူခိုတယောက်
အဆင်မပြေမှုကို သီချင်းလိုညည်းကြတယ်။ ဟုတ်တယ် ကိုယ့်ကိုယ်ကိုယ် ခိုများဖြစ်နေပြီလား ပြန်စဉ်းစားမိတယ်။ ခိုစာကျွေးရင် ဒဏ်ငွေနော်... မပန်။း)
ခင်မင်လေးစားလျက်
ဟိုမှာဒီမှာ......
ဝုန်းခနဲထပျံလိုက်ကြ....ခိုတွေ
မပန် အတွေးတွေအရမ်းကောင်းတယ် အကြောင်အရာက
ဖြန့်ကျက်တွေးမိတဲ့အခါ နာကျင်ရတယ်
ကျနော်တို့လည်း ခိုတွေလိုပါပဲ မပန်...
ကောင်းသောနေ့ပါ
ခိုတကောင် “မှန်” ကြည့်လိုက်သည်။
ခိုအကြောင်းဖတ်ပြီး ကိုယ်လဲ ခိုတစ်ကောင်ပါလားလို့.............
တွေးနေမိတယ်
ခိုတွေ အခြင်းခြင်း ဖတ်ကြဖို့ ခိုလောက ထဲမှာ အတောင်ဖျန့်လိုက်တဲ့ .. ခိုတကောင် ရဲ့ သံဝေဂ
ကဗျာလေးဖတ် ပုံလေးကြည့်သွားတယ်ပန်လေးရေ
I've two little pigeons at my back balcoy.I hope they start fly next week.....but....their mom came and layed yesterday again.Himmmmmmmmm.....what should i do:(
pigeon Gyidaw
ကဗျာပေါ်မှာခိုတကောင်လာနားသွားတယ်...
အော်..........ခိုတွေ ခိုတွေ ခိုတွေ
အေးဗျာ..ခိုတွေကလဲ ခိုတွေပါပဲ
ကဗျာဆရာရှေ့မှ ဖြတ်ပျံမိကြလေတယ်..
ဖုရားရေ၊
Post a Comment