Thursday, October 20, 2011

အခုတော့ ငါလည်း လူနဲ့ အတော်ကလေး တူလာခဲ့ပြီပဲ


အခုတော့ ငါလည်း လူနဲ့ အတော်ကလေး တူလာခဲ့ပြီပဲ

စစချင်း သိမှုထင်ရှားတာက နားပတ်ပတ်လည်မှာ

နားလည်နေတဲ့ မိခင်ဘာသာစကားက နားထဲကို အော်တိုမက်တစ် လာလည်

မက်ထရိုပိုလီတန်ဘ၀လို အကြားခလုတ် ပိတ်ဖွင့်ကစားလို့ မရတော့ပါ

လူဟာ မနက်အလုပ်မသွားခင်နဲ့ ညနေအလုပ်ဆင်းပြီးချိန်မှာ

ဘရိတ်ဖတ်စ်နဲ့ ဆပ်ပါး ကြေညက်အောင်ဝါးစားဖို့ အချိန်တစ်ချိန်စီ ရှိရ

လူသောက်တဲ့ လက်ဖက်ရည်ဆိုတာ ချိုပေါ့ ချိုဆိမ့် ကျဆိမ့်

စသည်ဖြင့် အမျိုးမျိုးအစားစား ကွဲပြားဖျော်စပ်နိုင်ရ

ပဲ….. ပြုတ် ဆိုတဲ့ အော်သံနဲ့ နိုးထခြင်းစည်းစိမ်

မုန့်ကြာစေ့သာကူ ဟင်းရွက်စုံ ဖီးကြမ်းငှက်ပျောသီး သင်ဖျူးဖျာ (အော်သံများဆက်လက်)

သဘာဝနည်းစနစ်နဲ့ ထုတ်လုပ်ထားတဲ့ ခြင်တစ်ကောင် သို့မဟုတ် ခြင်အုပ်စုတစ်စု

ဟာ ပြူတင်းပေါက်က ဒါမှမဟုတ် တံခါးမကြီးက ၀င်လာတတ်တာ မျှော်လင့်ထား-ပြီး-ခဲ့-သင့်

ဓာတ်လှေခါး တပ်ဆင်မထားခြင်း မိုးရွာခြင်း (ခေတ္တ)ရေလျှံခြင်း လမ်းကြောပိတ်ခြင်း

သိုင်းဝတ္ထုထဲကလို သွေးကြောမကြီးကို ထိုးပိတ်လိုက်ခြင်း

(နောက်ဆက်တွဲသတင်း- သွေးကြောမကြီးကို ကာလတစ်ခုအတွင်း ပြန်ဖွင့်ပေးလိုက်ခြင်း)

မီးမှန်နေပါ(သေး)တယ် ရေရပါတယ် သူလိုငါလို အခြေခံကျေနပ်မှုရှိပါတယ်

သားက ကြီးလာရင် ပိုက်ဆံများများရအောင် သီလရှင်စက်ရုပ်တွေ တီထွင်ပြီး

အလှူလိုက်ခံခိုင်းမှာ (လူကြီးတို့ ရယ်သံများ)

ကာရေဘီယန်ကို ရောက်ရင် ဂျက်စပဲရိုးလို ကျင့်

တုန်ခြင်း မှုန်ခြင်း ထစ်ခြင်း အခွေနဲ့စက် အသံတူအောင်ထည့်

ရန်များကို ကိုယ်ရှင်းမယ် ဒီဝိုင်းကို ဘယ်သူရှင်းမယ်

ချွေးနှဲစာလေးနဲ့လား အိုစာမင်းစာနဲ့လား

စားစရာတွေကို ၀ါးသာစား ချိန်းဆိုမှုတွေ အေးအေးဆေးဆေး နောက်ကျပါ

သာ-လာတော့မှာပါ နေသာ ထိုင်သာ သက်သာ အိမ်သာ မသာ စသည်ဖြင့်

စကားမစပ် ပေါ့ထရီဟာ ပေါ်လက်တစ်စ်/ပေါ်လက်တီကယ် တို့ရဲ့အထက်မှာ ပေါလောပေါ်နေဆဲ

အက်ဖ်အမ်ရေဒီယို နားထောင်ပါ ကြော်ငြာစာရွက် အသံထွက်ဖတ်ပါ

အရိုးရှင်းဆုံးဘ၀ရဲ့ ပျော်ရွှင်မှု (ယိစ်!!!)

ပန်ဒိုရာ

၂၁.၉-၂၀-၁၀.၂၀၁၁

10 comments:

Anonymous said...

ယိစ်!!!

ဣဒါနိ ပနာဟံ မနုဿသမာနော။

Cameron said...

မိုက်တယ်....

မြသွေးနီ said...

nice !
မျက်လုံးထဲ မြင်လာတယ်။

လင်းဒီပ said...

ကာရေဘီယန်ကို ရောက်ရင် ဂျက်စပဲရိုးလို ကျင့်...
ဒါပါပဲ။။။
ကျွန်တော်များ ဘဝကို နေထိုင်တတ်လာပါတယ် ။

kay said...

ကြိုက် တယ် ကွာ ယားစ်

Angelhlaing(May everybody be happy and healthy! said...

စားသားတွေ ထိထိမိမိနဲ့ မိုက်တယ်မမရေ...
ခံစားအားပေးလျှက်...

Anonymous said...

ဟိ သွေးကြောမကြီးကို ယာယီဖွင့်ပေးလိုက်တာနော်။ ခိခိ။


ခင်တဲ့
မေသိမ့်

Maung Myo said...

ကျနော်လည်း ပေါလောပေါ်နေဆဲ ယိစ်း)))

ချစ်ကြည်အေး said...

မိုက်တယ် ကဗျာလေး။ ပန်ပန်ပျော်နေတာ အသိသာကြီး.....အုရှ် :)

Anonymous said...

http://www.eastwindburma.net/bur/index.php?option=com_content&view=article&id=969:2011-02-20-15-24-04&catid=71:2010-12-26-16-06-19&Itemid=415

မြေလျှိုးလို့ မိုးပျံဂူအောင်းလို့ နေသော်လည်း

အတိတ်ကံဆိုး ကြုံလာတိုးက

နွားခြေရာနောက် လှည်းဘီးလျှောက်သို့

လွတ်ရိုးထုံးစံမရှိပြန်ဘူး
ဆဒမ်ဟူစိန် ငူငူလေးထိုင်

သေနတ်ကိုင်လို့ သေနေတဲ့ ကဒါဖီပုံရိပ်
အတိတ်သင်ခန်းစာ မြင်အောင်ကြည့်ကြစမ်းပါ

လူမိုက်ဆိုတာ ဂျိုပါပြီးသားမို့

လွတ်စရာလမ်းမရှိ ကူသူလည်းနတ္ထိ

စမ်းစစ်ကြည့် အနိုင်ယူခြင်းရဲ့ နိဂုံး

အဆုံးသတ်မှာတော့ လူမိုက်ဆိုတာ

အရှုံးနဲ့ ပဲသေဆုံးရမှာပါ...