
အဲဒီအချိန်မှာတော့အဲဒါဟာအစစ်ဖြစ်ခဲ့သတဲ့
မထင်မှတ်လောက်အောင် ရဲရဲတင်းတင်းတွေ ရေးချလိုက် ပြီးတော့မှ လေသံကို ချက်ချင်းဂီယာပြောင်း-မထင်မှတ်လောက်အောင် အသေးစိတ်တွေဖွဲ့နွဲ့ ပြီးတော့ မိန်းကလေးလေသံကိုဖျောက်၊ ပြီးတော့ လှချင်စိတ်ရှိသလောက် အလှတရားကို မဖန်တီးတတ်ရှာ တခါတလေ အရာအားလုံးကို လုပ်ပြနိုင်သူလိုလိုပုံဖမ်း၊ ပြီးတော့ ဘာမှမသိပါဘူးရှင် အချိုးမျိုးလေးနဲ့ ပြန်ပေါ်လာ အဝေးကနေ လက်တည့်စမ်းတတ်ပြီး ကိုယ်ပုန်းဖို့ အလုံခြုံဆုံးတစ်နေရာကို အမြဲရှာဖွေထားတတ်သူ - အတိုပြန်ချုပ်ပြောရရင် ပါးနပ်တယ်- သို့သော်ထူတယ်၊ ပါရမီရှိတယ်- သို့သော် ရှိသင့်သလောက် ရှင်းရှင်းလင်းလင်း မရှိဘူး၊ အရဲကိုးတယ်- သို့သော်သတ္တိနည်းတယ်၊ လူမှုတွေကို သိပ်မမှုစမ်းပါနဲ့ - တစ်ခါလောက် အိမ်ကပြေးကြည့်ပါလား၊ စိတ်ထဲက ရှုပ်ရှုပ်ထွေးထွေးတွေ အမှိုက်တွေ ကုန်သွားအောင် ဆန္ဒအရှိဆုံး အမှားတစ်ခုကို စိတ်ရှိလက်ရှိကျုးလွန်လိုက်- အပြင်ကိုထွက်ပြီး နည်းနည်းလောက် အသက်ရှူကြည့်လိုက် ဒါမှမဟုတ် အသက်ရှူရပ်ကြည့်လိုက်၊ ကားတစ်စင်းလို လမ်းဘေးထိုးရပ်လိုက်ရတဲ့ ဘ၀တွေရှိတယ် ၊ အင်ဂျင်မပါပဲ မောင်းနေတဲ့ ကားတွေရှိတယ် - ကားနေတဲ့ မောင်းတွေရှိတယ် - မောင်းထုခေါ်ပြီး လူထုက ကျောက်ခဲနဲ့ဝိုင်းပေါက်သတ်တဲ့ ပြစ်မှုတွေရှိတယ်- လက်ဖျားနဲ့တို့စရာမလိုဘဲနဲ့ အားအားယားယား တရားဝင် သတ်ဖြတ်မှုတွေလည်း ရှိတယ်၊ သေခြင်းတရားကို ရွှေဒင်္ဂါးလို ထွေခင်းစကားကြတယ် ဆိုတာကြားဖူးလား- လူ့ဘ၀ဆိုတာ မပျင်းတတ်ရင် တိုတိုလေး ပျင်းတတ်ရင် ရှည်ရှည်ကြီးပေါ့ ရှင်းပလား ၊ ငြီးငွေ့လွယ်စရာကောင်းတဲ့ လူလူချင်း ဆက်ဆံရေးတွေရှိတယ် - စကားလုံးလော်လီနေတဲ့ အခွင့်အရေးတွေ ရှိတယ်၊ လှုပ်စိလှုပ်စိ စီးဆင်းနေတာတွေ ရှိသလို အထက်အရပ်က ပီကေကပ်ထားခံရတာလည်း ရှိတယ်- အရင်ကပြောင်းခဲ့ပုံတွေနဲ့ အခုနောက်ဆုံး ပြောင်းနေတာတွေနဲ့ မတူတော့ ပြောင်းလဲတွေပုံက ပြောင်းလာတယ်၊ မျက်တောင်တဆုံးမကြည့်နဲ့ မျက်တောင်မခတ်ကြည့်ပါ လှမ်းကြည့်လိုက် လှန်ကြည့်လိုက် လှပ်ကြည့်လိုက် အတုတွေ ထထမလုပ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို အပြည့်ဖြည့်ထားလိုက် ကဲပါလေ စောစောက ပြောတာတွေလည်း မေ့ပစ်လိုက် မင်းမှာ အိုင်ဒီယာရှိတယ် စတိုင်သစ်ရှိတယ် အိုင်ကွန်ရှိတယ် ဖက်ရှင်ရှိတယ် ဖက်ရှင်အင်းမေ့ဂ်ျလည်းရှိတယ် ကဲ .. ရယ်မောသွားပြီဟုတ် အဲဒီလိုနေပါ ပေါ့ပေါ့ပါးပါးနေထိုင်ပြီး လေးလေးနက်နက် တွေးတောပါ ဟာသဥာဏ်ရှိတယ် သရော်မယ် လှောင်ပြောင်မယ် အရာရာကို ရယ်စရာ မြင်နေတတ်တာလည်း ကောင်းတော့ကောင်းပါတယ် ကောင်းလည်းမကောင်းဘူး ထောင်တန်တဲ့ စကားက ရယ်ရင် ပေါ့တတ်တယ် ငါးထောင်တန်ကတော့ အကြွေဖျက်ဖို့ခက်မယ် ထောင်တွေတန်းတွေကတော့ ဘယ်သူနဲ့မှ မတန်ပါဘူး စကားကို ကတ်မပြောနဲ့ ခတ်မပြောနဲ့ လွဲမပြောနဲ့ လွှဲမပြောနဲ့ ပြောရင်းဆိုရင်း လျှောချသွားပြန်ပြီ- ကြည့်။
ပန်ဒိုရာ
၁၈-၁၉.၁၁.၂၀၁၁
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





13 comments:
ကြည့်...
ဖတ်...
ဟောဒီကဗျာကတော့ ပန်ဒိုရာရဲ့ မော်ဒန်ဖြစ်ခဲ့သတဲ့
အရာအားလုံးကို လုပ်ပြနိုင်သူလိုလိုပုံဖမ်း၊ ပြီးတော့ ဘာမှမသိပါဘူးရှင် အချိုးမျိုးလေးနဲ့ ပြန်ပေါ်လာ ..
....ဒီနေ့တော့ပင်ပန်းလို့မပါနိုင်တော့ပါဘူး၊
မရှိခဲ့ဘူးလို့ဘဲပြောပါရစေ၊
ကျမမွေးနေ့ကိုတက်ရောက်သူအားလုံး
ကျေးဇူးတင်ပါတယ်....
ပေါ့ပေါ့ပါးပါးနေထိုင်ပြီး လေးလေးနက်နက် တွေးတောပါ ဆိုတဲ့ စကားလေးသဘောကျတယ်..
ကိုယ့်ကိုယ်ကို ပေါ့ပေါ့ပါးပါး နေရဲ့လားလို့ ပြန်မေးခွန်းထုတ်မိတယ်..
ထောင်တန်တဲ့ စကားက ရယ်ရင် ပေါ့တတ်တယ် ငါးထောင်တန်ကတော့ အကြွေဖျက်ဖို့ခက်မယ် ထောင်တွေတန်းတွေကတော့ ဘယ်သူနဲ့မှ မတန်ပါဘူး စကားကို ကတ်မပြောနဲ့ ခတ်မပြောနဲ့ လွဲမပြောနဲ့ လွှဲမပြောနဲ့ ပြောရင်းဆိုရင်း လျှောချသွားပြန်ပြီ- ကြည့်။
ကဗျာလေးဖတ်သွားတယ်ညီမရေ...။
ကြည့်..... :)
ပန်ပန်ရေ တကယ်ခိုက်သွားပီ။
ကဗျာတွေ ၃ ပုဒ်လောက်တစ်ခါထဲစုဖတ်သွားတယ်။
ဒီတစ်ပုဒ်မှာ ကဗျာရှင်အားထုတ်ထားတဲ့ creation,အရိုးဆုံး စကားလုံးတွေသုံးပီးအကျစ်လစ်ဆုံး အနက် နဲ့  ဘာသာပြန်ဖို့ ချန်ခဲ့တဲ့အဖွဲ့ တွေနောက် မှာအတွေးတွေကျန်ခဲ့တယ်..ဥပမာ
" အပြင်ကိုထွက်ပြီး နည်းနည်းလောက် အသက်ရှူကြည့်လိုက် ဒါမှမဟုတ် အသက်ရှူရပ်ကြည့်လိုက်၊"..
ဆိုတဲ့အဖွဲ့ ..ကဗျာအစကနေပြီး မလုံခြုံမှုတွေနဲ့  မွန်းကျပ်နေရာ က လွတ်လပ်သွားတဲ့ ခံစားချက်ကလေး ဗြုန်းဆို ပြန်ထွက်ပေါက်မဲ့သွားသလိုပဲ။
"အင်ဂျင်မပါပဲ မောင်းနေတဲ့ ကားတွေရှိတယ် - ကားနေတဲ့ မောင်းတွေရှိတယ် - မောင်းထုခေါ်ပြီး လူထုက ကျောက်ခဲနဲ့ဝိုင်းပေါက်သတ်တဲ့ ပြစ်မှုတွေရှိတယ်- လက်ဖျားနဲ့တို့စရာမလိုဘဲနဲ့ အားအားယားယား တရားဝင် သတ်ဖြတ်မှုတွေလည်း ရှိတယ်၊"
ဒီ flow က အင်မတန် လှတယ်။ ကဗျာရဲ့  climax လို့ တောင်ခံစားမိတယ်
"ပြောင်းလဲတွေပုံက ပြောင်းလာတယ်၊
မျက်တောင်တဆုံးမကြည့်နဲ့ မျက်တောင်မခတ်ကြည့်ပါ လှမ်းကြည့်လိုက် လှန်ကြည့်လိုက် လှပ်ကြည့်လိုက် "..
ကလဲ အဓီပါယ်ပြည့်နေတဲ့ အဖွဲ့ ပဲ။
ကောင်းတယ်ဗျာ..
အရင်တစ်ပုဒ် ခြင်္သေ့လက်ဖ၀ါး လဲကြိုက်တယ်။ တစ်ချို့ နေရာလေးတွေမှာတော့ mood မတွေ့ ရဘူး။
ပုံ
(မတောက်တစ်ခေါက် နဲ့ တတ်ယောင်ကား ဝေဖန် တဲ့ စာဖတ်သူတစ်ဦး)
မမပန် စာတွေ လာဖတ်တယ်...
အပေါ်ပိုင်းတွေ သဘောကျတယ်။
အောက်ပိုင်းကတော့ တကယ် လျှောချသွားတာ သိသာတယ်။
ကဗျာလေး ခံစားသွားပါတယ်ရှင်...
အတုစစ်စစ်တွေ ဖြစ်ကြကြောင်း ... လေလံတင်ပွဲကို ရောက်ခဲ့ရသလို ...
Post a Comment