
ကွန်ကရစ်မြို့တော်
တစ်နာရီ ခြောက်ဆယ်မိုင်လျော့လျော့မှာ မအိပ်ငိုက်အောင်
ဖြစ်စေ အိပ်မငိုက်အောင်ဖြစ်စေ သတိပေးစာတမ်းကို နာခံလျက် အသက်ကို မြတ်မြတ်
နိုးနိုး ထုပ်ပိုးကာ ဘာ့ကြောင့်ရပ်ရပ် လမ်းဘေးချရပ်ရင်း အလျင်လိုသူများအနေဖြင့်
လမ်းအိုကိုသာ လိုက်သင့်သော ခရီးအဆုံးမှာ မြင်လေရာရာ ဟာခနဲ ဟင်ခနဲ
ကမ္ဘာမှားသလား ဂြိုဟ်မှားသလား ခရမ်းပြာလဲ့လဲ့ မီးလုံးမီးစုန်းတွေ အဆန်းတကြယ်
ပလတ်စတစ်ပန်းရောင်စုံတို့ ၀န်းရံခ နေသော ပဒုမ္မာ ကုမုဒြာ ကြာပန်းများလည်း လန်းစွင့်
လျက် ဘိလပ်မြေ ဘိလပ်ရည်များ လိမ်းကျံသည့် ကျက်သရေဆောင် လမ်းမရှည်များ စည်းကမ်းတကျ
လေးထောင့်ကွက်ကျ မဟာဆန်ဆန် ပါဠိပုံဆောင်ခဲ မြို့ငယ်များ အရာတော်မြေချ အိမ်ကြီးကနားတို့ဖြင့်
တုတ်တုတ်ပင်မလှုပ် လူသူဆူပူကင်းဝေး ဆိတ်ငြိမ်ပိပြားလျက် အခြေချ စိတ်နှင့်ခန္ဓာထပ်တူ
ရွေ့လျားကြသူများမှ တပါးအင်္ဂါရပ်များအားလုံး နှင့်အညီ ပြီးပြည့်စုံခြင်းဟာ ကျိုးနွံခယ
ဦးချချင်စရာ ညနက်နက်မှာ လထွက်ခါမှ ရုပ်တုကြီးများ အသက်ဝင်လာမလား သောသောညံညံ
မြို့သူမြို့သားတို့ စည်ကားပျော်ပါး ရောင်းဝယ်ဖောက်ကားကြ မနက်မိုးလင်းမှ အလျှိုလျှို
ပျောက်ကွယ်သွားကြလေသည် ဆိုသော ဒဏ္ဍာရီထဲက အဖြစ်မျိုးလား ရူးနှမ်းချောက်ချား
အတွေးပွားမိ နောင်အနှစ် တစ်ထောင်ခန့်အကြာ ပိဋကတ်သုံးပုံကို ဆောင်ကြဉ်း၍ ဘုရား
ကျောင်း ကန် စေတီ ပုထိုးများ တည်ထားစေခဲ့သော သာသနာ့ ဒါယိကာ မင်းမြတ်အနော်ရထာ၏
ဘုန်းတော် ကံတော် ဥာဏ်တော်ပွင့်လင်း အံ့ဘနန်း ဖြစ်လှပါဘိခြင်းလို့ ပုဂံမြို့ဟောင်းမှာ ကမ္ဘာလှည့်
ခရီးသွားတို့ ရင်သပ်ရှုမောရသလို မှတ်တမ်းများ မှတ်ရာများ အမှတ်သည်းခြေများဖြင့်
အသင်္ချေအသချာင်္ သင်္ချာတွက်ထုတ် အလုပ်ရှုပ်ကြရပေလိမ့်မလား လို့လည်း မရဲတရဲ စိတ်ကြီးများပင်
ဝင်ခဲ့မိ ကမ္ဘာ့အကျယ်ဆုံး လမ်းမကြီးတစ်စင်းထိပ်ဝယ် ညီလာခံသဘင်များလည်း ရက်သတ္တပတ်လုံး
နှစ်ဆယ့်လေးနာရီ အလင်းရောင်မပြတ် ၀ှဲချီးကျင်းပလျက် အမှန်အကန် တည်ရှိ ကိုင်တွယ်၍ရခြင်း
အကောင်အထည် ရုပ်အားဖြင့် ဒု ဗြက် တိတိတိကျရှိခြင်း သိပ်သည်း ကြမ်းရှ ကျစ်လျစ်
မာကြော ကြံ့ခိုင် ထူထဲ မြဲမြံခြင်း စသည့် ဂုဏ်သတ္တိများ အထူးထူးအပြားပြားဖြင့် ကွန်ကရစ်မြို့တော်။
ပန်ဒိုရာ
၇-၈.၁၂.၂၀၁၁
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
5 days ago





10 comments:
ကွန်ကရစ်မြို တော်NY ကတော့ရောင်းဖို့ ရှိပါတယ်၊ကျနော့ကိုအဆစ်ယူမယ်ဆိုရင
်ဈေးပိုရပါမယ်ခင်ဗျာ...
မိုက်တယ်ဖွဲ့ထားတာလေး....။
တကယ့် ကွန်ကရစ်မြို့တော် :)
ကွန်ကရစ်မြို့တော်...
နေပူတော်...
:)
လွှတ်တော် သွားတက်တာလား ။ သတင်းထဲမှာ တွေ့လိုက်မိသလိုပဲ။
မမပန် ဖွဲ့ တာ တကယ်မိုက်တယ်..
နွေရာသီမှာ အဲဒီကွန်ကရစ်တွေက တံလျှပ်တွေ တစ်ရိပ်ရိပ်ပြေးအောင် ပူပြင်းခြောက်သွေ့လို့ နေသေးတာ....
မိုက်တယ် ၊ တစ်ကြောင်းထဲကို ပြေပြစ်မှုရှိစွာ ရေးသွားတာ ပညာပါ ၊ စကလုံးတွေက ကြွရွ ။
ပိရမစ်ကြီးတွေမှာ ကွန်ကရစ် ဘယ်လိုသုံးထားလဲလို့ သိချင်စိတ်ဝင်စေအောင် ဆွဲခေါ်သွားပါတယ် ...
ဒေါ်ပန် ကြပ်ပြေးရောက်နေတယ်ပေါ့လေ...လုပ်ကြပါ..လုပ်ကြပါ..ပြန်နိုင်သူများ..မလိုနာဘူး..
Post a Comment