ကျည်လွတ်မြေမှ
အလွန်ဆုံးရှိမှ
လက်နှစ်သစ်လောက် ခပ်ကွေးကွေးလေး ထောင့်ချိုးရဲ့ အပြင်ဖက် ထိုးထွက်နေသည့် ထိုနေရာစွန်းစွန်းလေးက လွဲလို့
- ပတ်ပတ်လည်တွင် ယမ်းငွေ့တွေဝေခဲ့ ခေတ်ပျက်ကာလပျက်ကြီးထဲ ဒီမိုးဒီလေထဲ သစ္စာများပြုခဲ့
ဓားများဝှက်ထားခဲ့ မောပန်းနွမ်းနယ်ခဲ့ရ သွေးချောင်းကိုဖြတ်ကူးခဲ့ရ ချွေးစက်များပျံတက်ခဲ့ရ
မိအေးအခါခါနာရ မူးမိုက်တေလေမှု တုံးအညံ့ဖျင်းမှု အခွင့်အရေးယူမှု အလွဲသုံးစားမှု မညှာတာမှုများ ရသနဲ့ တဏှာကို ခြားထားတဲ့ ခပ်ပါးပါးလိုင်းကို အာသာဖြေ
လှီးဖြတ်သုတ်သင်မှုများထဲ ထိုနေရာလေးသာလျှင် မေ့လျော့ကျန်ရစ်ပြီး ငြိမ်းချမ်းခွင့် လွတ်ကင်းခွင့်ရခဲ့လေရာ
ရှေးဟောင်း အမွှေအနှစ် အဖြစ်သော်လည်းကောင်း ခေတ်အဆက်ဆက် ရှားပါး တန်ဖိုးထားရမည့် ပြယုဂ်အဖြစ်သော်လည်းကောင်း
အလေးအမြတ် ထိန်းသိမ်းထားရန် လိုအပ်လျက် လေးဘက်လေးတန် ကျုံးတူးကာ ငါး မကန်း လိပ် မိချောင်းများ
မွေးထားသင့် ပတ်ပတ်လည်ကို လျှပ်စစ်လှိုင်းလွှတ်ထားသော ခြံစည်းရိုးများဖြင့် ကာရံထားသင့်
ကျည်ဖြည့် မောင်းတင်ထားသော ကွန်မန်ဒိုတပ်သား အသေခံ အစောင့်အရှောက်များဖြင့် နေ့ညမပြတ်
ကာကွယ်ထားသင့် လိုအပ်လျှင် လိုအပ်သလို ဥပဒေများ ပြဌာန်းကာ အဆင့်မြင့် လုံခြုံရေးကိရိယာများ
ရဟတ်ယာဉ် မော်တော်ယာဉ် ရေငုပ်သင်္ဘောများ ရေဒါလှိုင်းများဖြင့် ရေပြင် မြေပြင် ဝေဟင်မှလည်းကောင်း
မြေအောက်မှသော်လည်းကောင်း တင်းတင်းကျပ်ကျပ် ကြီးကြပ်စောင့်ကြည့်သင့် နောက်နောင် ထိုးစစ်ဆင်ခြင်း
အငိုက်ဖမ်းခြင်းများမှ တွန်းလှန်ကာကွယ်ရန် လက်နက်ကြီး လက်နက်ငယ် ဗုံး အမြောက် ဓား လှံ
ဂျင်ကလိ ရှိရှိသမျှများ အရံသင့် တပ်ဆင်ထားသင့် သို့ရာတွင် မြေမြှုပ်မိုင်းများ ဇီဝလက်နက်များ
လူသားဒိုင်းကာများ လက်နက်ပုန်းများ အဆိပ်များ နောက်ကျောမှထိုးမည့်ဓားများကို ဘယ်သောအခါမှ
မသုံးစွဲပါနှင့်။
ပန်ဒိုရာ
၂၃-၂၉.၂.၂ဝ၁၂
(IDEA MAGAZINE, AUG 2012)






4 comments:
Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
နောက်ကျောမှ ထိုးမယ့်ဓားက အကြောက်ရဆုံး...။
ကြောက်စိတ်မှာ ထပ်မံသေဆုံး ၊ ကျည်ပုန်းဖို့ ဘယ်နေရာ ... ကိုယ်တွင်းမှာ ...
Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog
Post a Comment