painting ICN2 |
အမဲလိုက်ခန်း
ဝန်းကျင်ဟာ အရိပ်မထင်
ညို့ညို့ဆိုင်းဆိုင်း ထူထူထပ်ထပ်
ဖြိုးဖြိုးဖြောက်ဖြောက် သစ်ရွက်တွေပေါ်မှာ
သွေးစက်တွေ တုန်ခါ
တောဟာ မောကြီးပန်းကြီး အသက်ရှူမြန်လာ
ရက်စက်ခြင်းဟာ ရှင်သန်မှုအတွက်
အရသာခံ ဟင်းတစ်ခွက်
အဲဒီမှာ ဇာတ်လမ်းရဲ့
အံ့မခန်းလှချက်
ပေါက်ကွဲသံဟာ တောလုံးညံတယ်
ဘယ်မလဲ
လန့်ပြေးသွားသော ခြေရာတစ်စ
ဒူးထောက်ထိုင်ချရင်း အဝေးကိုမျှော်ကြည့်လိုက်တယ်
ချိန်ရွယ်မိတာပါ
မရည်ရွယ်ခဲ့ဘူး။
ပန်ဒိုရာ
၇.၄.၂၀၁၁-၂၅.၁.၂၀၁၃
2 comments:
အမဲလိုက်ခန်းက Season-IIအထိကို ရောက်နေပြီပဲ...။
အိုးးးးးးးးးးးးး
အမပန် ရဲ့ အမဲလိုက်ခန်းထဲမှာ
မိုးနတ်လဲ မျောသွားတယ်....
“ကဗျာပီပီ စာညီညီ
သိပ်ကိုလှပတဲ့ ပန်းချီကားတစ်ချပ်ပါပဲ”
ကဗျာက ကောင်းမွန်ပြည့်စုံတဲ့ အခါကျတော့
ဖတ်ရသူစိတ်ထဲမယ် ကဗျာတစ်ပုဒ်အဖြစ်တင်မကပဲ
တိုတောင်းသော်လည်း စာတစ်ပုဒ်လို ပြည့်စုံတင့်တယ် တယ်...
လက်ရာမြောက်တဲ့ ပန်းချီကားတစ်ချပ်လို
အသက်ဝင်နေလို့ စိတ်ထဲမြင်ယောင်ခံစားမိတယ်...:)
i like it very much >>>>
thanks a lot for it :)))
Post a Comment