Friday, May 13, 2016

သတင်းအချက်အလက်ဟာ တပွက်ပွက်ဆူနေတယ်



သတင်းအချက်အလက်ဟာ တပွက်ပွက်ဆူနေတယ်

ဝေနေတယ် ဖိတ်လျှံကျလာတယ်
နေပါစေ့လေ တော်ကြာနေ ကျက်သွားလိမ့်မယ်
ဟိုက်ဘရစ်  သတင်းတစ်ပုဒ်ရဲ့ ချက်ပြုတ်မှု
ချိုတော့လည်း ချိုလို့ ချဉ်လို့ စပ်လို့ ဆိမ့်လို့ ငန်လို့ ခါးလို့
တူးလို့ပဲခြစ်ခြစ် လျှာရင်းထဲမတော့ မျိုးမျိုးမြက်မြက်ဖြစ်
ဘ၀တဏှာဟာ ရသာစုံတယ်
နေကြာစေ့တစ်ထုပ်စာမက သတင်းကကြာတယ်
မွေးကင်းစ  ကလေးငယ်ကို မိုက်ကရိုဝေ့ဗ်ထဲ ထည့်ဖုတ်လိုက်သော မိခင်
ဗုံးပေါက်ကွဲ ပြန်ပေးဆွဲ ရထားတွဲချော်ကျ
ငလျင် ဆူနာမီ မရှိတာ အတော်တောင်ကြာလှ
အမိုက်အမဲတွေအတွက် လှိုက်လှဲ အသက်ပြင်းသူများအတွက် သက်ပြင်းချ
အာလူးကြော်ကို ကြွပ်ကြွပ်ဝါး သနားစရာ ငါ့ခမျာ တရားနဲ့ဖြေနေရှာ။

ပန်ဒိုရာ
၂၃.၆.၂၀၁၁-၁၃.၅.၂၀၁၆

No comments: