Tuesday, April 17, 2007

လေးထောင့်

လေးထောင့်


လေးထောင့်အဆောက်အဦကြီးတစ်ခုရဲ့
လေးထောင့်ရုံးခန်းထဲက
လေးထောင့်စားပွဲတစ်လုံးရှေ့မှာထိုင်ရင်း
လေးထောင့်ကွန်ပြူတာတစ်လုံးရဲ့
လေးထောင့်စခရင်ပေါ်မှာ
လေးထောင့်ပုံတွေဆွဲလိုက်တဲ့အခါ
လေးထောင့်စာရွက်တွေ လေးထောင့်ပရင်တာကနေ ထွက်လာတယ်
နယူးရီးယား လက်ဆောင် ဆိုပြီး
မျက်မှန်လေးထောင့်နဲ့ ငါ့ဘော့စ်က ပေးလိုက်တဲ့
လေးထောင့်အထုပ်တစ်ထုပ်ကို
ငါ့ရဲ့ လေးထောင့်လက်ဆွဲအိတ်ထဲ ပစ်ထည့်လိုက်တယ်
သိနေတယ်လေ အဲဒါ လေးထောင့်ပုံ တိုင်ကပ်နာရီတစ်လုံးမှန်း
(ရုံးနောက်ကျတတ်တဲ့ငါ့အတွက်ပေါ့)
လေးထောင့်ဘတ်စ်ကားတစ်စီးကိုစီးပြီး အိမ်ပြန်ရောက်တဲ့အခါ
ငါနေတဲ့အခန်းဟာလည်း လေးထောင့်ပါပဲ
အနားယူမယ်လို့ လေးထောင့်ဆက်တီပေါ်မှာထိုင်လိုက်တော့
ငါ့ရှေ့ကအရာဟာလေးထောင့်တီဗီတစ်လုံးဖြစ်နေပြန်ရော
အဲဒါနဲ့ စာအုပ်လေးထောင့်တစ်အုပ်ကိုကောက်ကိုင်လိုက်တယ်
နောက်ဆုံးတော့ လေးထောင့်ခုတင်ပေါ်မှာ လှဲချလိုက်တယ်
ငါ့ဘ၀ဟာ လေးထောင့်ထဲက ရုန်းမထွက်နိုင်ခဲ့
ချစ်စရာ့မေးရိုးကားကားလေးနဲ့ ပိန်ရှည်ရှည်ပြားချပ်ချပ်
လေးထောင့်ကောင်လေးရေ
မင်းကိုအဖြေပေးဖို့ ငါအချိန်ယူနေရတဲ့အကြောင်း
နားလည်နိုင်ပါစေကွယ်။

ပန်ဒိုရာ
၆ ၊၂၊ ၂၀၀၆

ရတနာမှာ အရင်က ရေးခဲ့တာလေးတစ်ခု။ နည်းနည်းလေး ပြန်ပြောင်းထားတာပါ။ လေးထောင့်တုံးလေးတွေ မြင်မနေရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

6 comments:

Anonymous said...

i like this poem since when i saw u post it on yadanar.. :)

ကလိုစေးထူး said...

လေးထောင့် အလုပ်ရုံက အပြန်
လေးထောင့် အခန်းကို ပြန်အရောက်
လေးထောင့် တံခါးကို ကသောကမျောဖွင့်
လေးထောင့် အိပ်ရာပေါ်မှာ ခြေပစ်လက်ပစ်..။

:D လေးထောင့်ကဗျာကိုတွေ့တော့ ဖတ်ရင်းနဲ့ သဘောကျလာလို့ မဟုတ်မဟပ်တွေ လျှောက်စပ်ကြည့်တာ.။ မူရင်းကို မမှီလို့ လေးထောင့် ကုလားထိုင်ပေါ်ကနေ လေးထောင့် ကွန်မန့်. (အဲ.. ဟုတ်ပေါင်) ရေးလိုက်ပါတယ်။ ကဗျာအသစ်၊ စာအသစ်တင်ပါအုံး။ ပန်ဒိုရာ တော်တော်အလုပ်များပုံ ပေါ်တယ်။ :)

Anonymous said...

ပန်ဒိုရာ... ကိုကလိုစေထူးဆိုဒ်က တွေ့ လို့ ၀င်လာကြည့်တာ ။ ကဗျာရေးတော်ပြီး ၊ ဓါတ်ပုံရိုက်လည်းတော် ၊ ပုံဆွဲလည်းတော်ပဲး)

ဒီကဗျာလေးကို အကြိုက်ဆုံးပဲ ။ ပေါ့၂ပါး၂လေးနဲ့ လူတွေအားလုံးဖြတ်သန်းနေရတဲ့ ပုံစံကို ဖေါ်ပြထားတာ ။

Yan said...

ဒါလေးကိုကြိုက်လို့ မသွးပါတယ်. ပန်ဒိုရာ

pandora said...

မ စေသတည်း။
ါ်)

Anonymous said...

ဒေါ်ပန်ပြောမှ အရာများများ လေးထောင့်
ငါစိတ်ဓါတ်ကော လေးထောင့်လားမသိ ?
ဒေါင့်မကျိုးတာတော့ သေချာတယ်။
ခု ကိုင်ထားတဲ့ ကော်ဖီခွက်ကတော့ အဝိုင်း။ :D