Sunday, February 15, 2009

အချစ်တွေ အခိုးခံရတယ်

ကောင်းကင်ကို နဲ့ ကိုအောင်သာငယ် တို့က သူတို့ရဲ့ အချစ်ဆိုသည်မှာ ပို့စ်လေးတွေကို တခြားဘလော့ဂ်တွေမှာ ရေးသူအမည် မပါပဲ ဖော်ပြထားတာကို တွေ့တယ်လို့ ရေးကြတာနဲ့ ကိုယ်လည်းအားကျမခံ အချစ်ပို့စ်လေး ထဲက keyword တစ်ကြောင်းရိုက်ပြီး ရှာကြည့်လိုက်ပါတယ်။

ဂူဂယ်လ်မှာ ဒီလိုထွက်လာတယ်။



ဒါနဲ့ လိုက်ကြည့်လိုက်တော့ တချို့ကလည်း mail ကရတယ်လို့ ရေးထားကြတယ်။ multiply မှာလည်း အတော်များတာ တွေ့ရတယ်။ အချစ် (၁) ဆိုတဲ့ အပိုင်းလေး တစ်ပိုင်းတည်းကို ဖော်ပြထားတာမျိုးလည်း တွေ့ရပါတယ်။ စာရေးသူ ပန်ဒိုရာ ဆိုတာကိုတော့ ဖော်ပြထားတာ မတွေ့ပါဘူး။

http://beautifulsoul4all.multiply.com/journal/item/11 (မနောဖြူဆိုတဲ့ တစ်ယောက်ကတော့ သင့်တော်ရာပုံလေးတွေနဲ့တောင် ရှာဖွေတွဲဖက် တင်ထားလိုက်ပါသေးတယ်။း))

http://ahmayelattya.blogspot.com/2008/11/blog-post_33.html

http://vayotethotekha.ning.com/profiles/blogs/2516877:BlogPost:3532

http://phoewalone.blogspot.com/2008/10/blog-post_27.html


http://keaixiaoliu6.blogspot.com/2008/12/blog-post_22.html

http://groups.google.com/group/taunggyifamily-tgi/msg/bc0e54d1aa100f9f?

http://lartyar.multiply.com/journal


http://yp1357.ning.com/profiles/blogs/2659818:BlogPost:3996


http://toiletwall.ning.com/profiles/blogs/2387570:BlogPost:255614

http://shweknowledge.blogspot.com/2008/11/blog-post.html

အထက်က လင့်ခ်တွေကတော့ ဘယ်ကမှန်းမသိတဲ့ စာကို နှစ်သက်လို့ ပြန်ဖော်ပြရုံလို့ ယူဆရပါတယ်။

မောင်သစ်ဆင်း ဆိုတဲ့ ဘလော့ဂါရဲ့ ဒီပို့စ်မှာတော့ ပန်ဒိုရာရေးတဲ့ အချစ် (၁) ဆိုတာကို ရေးသူက အောင်ကိုကို လို့ကို အတိအလင်း ရေးထားပါတယ်။ အောင်ကိုကို ဆိုသူကလည်း သူ့စိတ်ကူးလေးပါ လို့ မှတ်ချက်မှာ ရေးသွားပါတယ်။ ပြောကိုမပြောချင်တော့ဘူး လို့ပဲ ပြောချင်ပါတယ်။ :)

http://thitsinn.blogspot.com/2008/10/blog-post_27.html






ကိုယ်ရေးတာတွေကို လူတွေကြိုက်တာကို စာရေးသူတိုင်း သဘောကျကြမှာပါ။ ကြိုက်လို့ လာဖတ်ပြီး ဖြန့်ဝေပေးသူကိုလည်း ကျေးဇူးတင်ကြမှာ အသေအချာပါပဲ။ ဒါပေမယ့် စာတစ်ခုလုံးကိုတောင် ကူးသွားပြီးမှ စာရေးသူ နာမည်ကို ဒါမှမဟုတ် ဘလော့ဂ်လင့်ခ်ကို ချန်ခဲ့တတ်တယ်ဆိုတာ ဘာကြောင့်ဆိုတာ မစဉ်းစားတတ်ပါဘူး။ ဆိုးတာက ကိုယ်မရေးပဲ ရေးသယောင် လုပ်ကြတာကို ပါ။

ပန်ဒိုရာရေးထားတဲ့ တခြားစာလေးတချို့ နောက်ထပ် နိုင်သလောက် google search ရှာကြည့်သေးတယ်။ ခုထိတော့ ထပ်မတွေ့သေးဘူး။ (လူကြိုက်မများတဲ့ သဘောပေါ့။ ၀မ်းနည်းလိုက်တာ။ :P)

ကော်ပီရိုက်နဲ့ ပတ်သက်တဲ့ ဒီအခြေခံကျင့်ဝတ်လေး ကိစ္စကို ပြောရပါများလို့လည်း အကျယ်မရေးချင်တော့ပါဘူး။ တခုလောက် မေတ္တာရပ်ခံချင်ပါတယ်။ နောက်တခါ forward မေးလ်တွေထဲမှာ စာရေးသူအမည်မပါပဲ ဖတ်စရာလေးတွေ ရောက်လာခဲ့ရင် ဘယ်သူရေးတာလဲ ဆိုတာကို ဖော်ပြဖို့ ပို့သူထံ အီးမေးလ် ပြန်ပို့ပေးဖို့ပါပဲ။ ဒါဆိုရင် အဆင့်ဆင့်နဲ့ ပထမဆုံး စာကို ကူးယူဖြန့်ဝေပေးသူဆီကို ရောက်နိုင်ပါတယ်။ အခုလို အဖြစ်မျိုးတွေ ထပ်မဖြစ်အောင် တတ်နိုင်သလောက် စမ်းကြည့်ကြရအောင်။

ဒီလိုမှ မဟုတ်ရင်တော့ ကိုယ်ရေးတဲ့စာမှန်း သေချာအောင် စာထဲမှာ စာရေးသူတွေ နာမည်ပါအောင် အမြဲ ထည့်ထည့် ရေးရတော့မယ် ထင်ပါရဲ့။ ဘာကို သွားသတိရသလဲဆိုတော့ နန်းတော်ရှေ့ ဆရာတင်ကိုပါ။ ဆရာတင်က သူသီချင်း စပ်တိုင်းမှာ သူ့နာမည် ပါအောင် ထည့်စပ်သတဲ့။ (အဲဒီ ခေတ်ကတည်းက ကော်ပီရိုက် အရှုပ်အရှင်း သတိပြုမိဟန် ပေါ်တယ်။ :)) လေဘာတီမမြရင်ရဲ့ အလှူ့ရှင် သီချင်း နောက်ဆုံးပိုဒ်ကလေးကို အထူး သတိရမိပါတယ်။

“နိုင်ငံကျော်ပါရှင် ပြိုင်စံပေါ်စရာမမြင် နန်းတော်ရှေ့က တင်
ဘယ်သူကတော့ ဘယ်လိုမြင်မြင် သူကတော့ တမျိုးထွင်ချင်
အလှူ့ရှင်မှန်း အားလုံးသိကြပါတယ် ရှင်
စာစီညွှန်ဖွဲ့ရင်… နာမည်အလွန်ထည့်ချင်”

(အခုလို စာမျိုးလေးတွေကိုလည်း email နဲ့ forward လုပ်ပေးရင် အထူးကျေးဇူးတင်တာပေါ့။ :))

ပန်ဒိုရာ


နောက်ဆက်တွဲ။ ။ မောင်သစ်ဆင်း ဘလော့ဂ်ပိုင်ရှင် က လာရောက် တောင်းပန်ဖြေရှင်းသွားလို့ ကျေးဇူးတင်ပါတယ်။ မှတ်ချက်ထဲမှာ ဖတ်ပါ။

41 comments:

မေငြိမ်း said...

စိတ်ဆင်းရဲစရာပဲ ဒေါ်ပန်ရယ်.. Copy rights ကို သေချာရေးနေတဲ့သူမှ တည့်တည့်ဖြစ်ရလေတယ်။ အမသာဆိုတော်တော်စိတ်တိုမယ်.. ခက်လိုက်တာ..။

khin oo may said...

ုkom လာဖတ်သွားသည်။

ကိုရင်နော်ခင်လေးငယ် said...

ခက်တယ်.. ခက်တယ်.. ဒီလို လုပ်ရပ်တွေ ရှိနေတာ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်..

Anonymous said...

အဲဒီလုပ်ရပ်တွေ ခံစားရဖူးရင် ပိုသိပါတယ် ရီရမလို ငိုရမလိုပဲ...ပန်ဒိုးရာစံ။ ...ဝဘ်ဆိုဒ်တခု အတွက် ကျုပ်ရေးတဲ့ ကိုယ်ပိုင် သတင်းတပုဒ် ဆိုရင် ဖတ်ပ ဆိုတဲ့ဆိုဒ်က CNN လို့ ပြောင်းပြီး ဖေါ်ပြတာ ခံလိုက်ရဖူးတယ်၊ သတင်း အတွက်သုံးတဲ့ ဓါတ်ပုံမှာ မထင်မှတ်ပဲ ရိုက်မိတဲ့ ကျုပ်ကား နောက်မြီးပိုင်းတောင် ပါနေသေးပါ့

Anonymous said...

ကျနော့် ဘလော့စာမျက်နှာမှ ထိုပို့စ်လေးအတွက် အနူးအညွတ် တောင်းပန်ပါတယ် ခင်ဗျာ။ စာပေကို တန်ဖိုး မထားသလို ဖြစ်သွားတာအတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ဘလော့စလုပ်တဲ့ အချိန်တုန်းက ဘလော့လောက ခုလောက် ရှုပ်ထွေးမှုန်း မသိခဲ့ပါဘူး။ ခုထိလဲ သေချာ မသိပါဘူး။ ကိုယ့် စိတ်စေရာကိုပဲ ကိုယ်လျှောက်လုပ် နေတာပါ။ စလုပ်ဖြစ်တုန်းက မျှဝေဖို့ အဓိကထားပြီး စလုပ်ဖြစ်ပါတယ်။ သူငယ်ချင်း တစ်ယောက်ကတောင် ကိုယ်ပိုင် အကျီင်္လေး ချုပ်ဝတ်ပါဦးလို့ ပြောလာရတဲ့ အထိ ကိုယ် ဖတ်ဖူးသမျှ စာတွေကိုပဲ ပို့အဖြစ် တင်ခဲ့ပါတယ်။ စာရေး ညံ့တာကြောင့်လဲ ပါတယ်။ အစောပိုင်း ကျနော်တင်တာ အများစုဟာ ကျနော့် မှတ်စုစာအုပ်ထဲ ကူးယူ ရေးမှတ်ထားတဲ့ စာတွေပါ။ တောင်းပန်ပါတယ်။ ခုလောက်ထိ ကျနော့် အကြောင်း ပြောနေမိတာ။ ကျနော် အဓိက ပြောချင်တာက သူငယ်ချင်းက ဒီစာလေးကို ပို့လိုက်ပြီး တင်ပေးပါဆိုတာနဲ့ တင်လိုက်တာပါ။ အဲဒီ သူပေးတဲ့ အချိန်တုန်းကတော့ ဒါလေးကို ဖတ်ဖူးကြားဖူး သလို ရှိတယ် လို့ ထင်မိတာ ဝန်ခံပါတယ်။ ဘယ်သူ ရေးတယ်၊ ဘယ်မှာ ဖတ်ဖူးတယ် ဆိုတာတော့ မသိပါဘူး။ ထားပါဗျာ။ ကျနော့် ဘလော့က ပို့လေးအတွက် ကျနော် တောင်းပန်ကြောင်း ထပ်ပြောချင်ပါတယ်။ တစ်ခုတော့ နားလည်ပေးစေချင် ပါတယ်။ ကျနော်ကလဲ ဘာရယ် မဟုတ်ပဲ တင်လိုက်တာပါ။ ခုမှ ပြန်စဉ်းစားမိတော့ ကျနော့်ကို ပေးလိုက်တဲ့ သူငယ်ချင်းကလဲ ကျနော့်ကို နောက်ချင်လို့ သက်သက် ပေးလိုက်တာ ဖြစ်ရမယ်လို့ ထင်မိပါတယ်။ သူ(အောင်ကိုကို)လဲ အခုဆို တက္ကသိုလ် တစ်ခုမှာ စာပေ(ဘလော့တွေ၊ ဝက်ဆိုဒ်တွေက မြန်မာ စာပေကို ဆိုလိုတာပါ)ကို သိပ်ရင်းနှီး ကျွမ်းဝင်မှု မရှိလှသူ အဖြစ် နေနေပါတယ်။ ကျနော် အစောပိုင်း တင်တဲ့ ပို့စ်တွေကတော့ စာရေးသူ မမှတ်မိတော့လို့ ထည့်မရေးမိတာပဲ ရှိမယ်။ ပြန်မျှဝေမှု တွေသာ ဖြစ်ပါတယ်။ ( မောင်သစ်ဆင်း အမည်တောင်မှ စာရေးဆရာ ရှိမှန်း မသိခဲ့ဘူး..ကျနော်က။ ဟဲဟဲ.. ။ ရှင်းတမ်း ပို့လေးတွေတော့ တင်ထားတာ ရှိပါတယ်။ ဘလော့ ရေးရခြင်း အကြောင်းရော။ မောင်သစ်ဆင်း အမည်နဲ့ ပတ်သက်ပြီးရော။ ခုတော့ ပြောင်းထားပါပြီ။)
အဆင်ပြေ မယ် ဆိုရင် ကျနော့်ကို အကြောင်း တစ်ခုခုလောက် ပြန်စေချင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် တောင်းပန်ပါတယ်။

pandora said...

ဆရာမဒေါ်မေငြိမ်း မခင်ဦးမေ ကိုရင်နော်ခင်လေးငယ် ကိုဒူကဘာ မှတ်ချက်တွေအတွက် ကျေးဇူးပါ။

ကိုမောင်သစ်ဆင်း liberty ကိုလည်း အခုလို အကျိုးအကြောင်းနဲ့ သေသေချာချာလာ ရှင်းလင်းသွားတာကို ကျေးဇူးတင်ပါတယ်နော်။

Mhu Darye said...

အဲလိုဆို စိတ်ညစ်စရာကြီး... ဟူးးးးး(

Anonymous said...

ဆရာမ (ဒေါ်) မေငြိမ်းရေးတာကို ထောက်ခံတယ် ။
အတိအကျ ရေးတဲ့(မ) ပန်ဒိုရာကိုမှ အတိအကျ ဖြစ်ရတာဆိုတော့ ။ပြုံးတောင် ပြုံးမိပါတယ် (မချိပြုံး)

လာဖြေရှင်းသွားတဲ့ (ကို) မောင်သစ်ဆင်း ကလည်း ကျေနပ်စရာ ကောင်းအောင် ရဲရဲကြီး ဖြေရှင်းသွားတာ
အသိအမှတ်ပြုမိပါတယ် ။
(မဟုတ်တဲ့သူ ဆို ငြိမ်ပြီး ကုပ်နေကြမှာ)

Anonymous said...

မပန်ရယ် ဖတ်ပြီး စိတ်လေသွားတယ်။ ဒါမျိုးက ခဏခဏပဲ ဖြစ်နေတာပဲ။ ဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် သူများရေးတာကို ကိုယ်ရေးသလို ဖြစ်အောင်ပြောတာ အဆိုးဆုံးပါ။

ATN said...

ကိုယ့်စာတွေ အခိုးခံနေရတဲ့သူ ဘယ်နှစ်ယောက်များ ရှိနေပြီလဲ မသိတော့ပါဘူး မပန်ရေ့...
ခုလို လာရောက်ဖြေရှင်းသွားတာဆို တော်သေးတာပေါ့လေ...

သို့သော်လည်း မပန် အချစ်တွေကို လူအတော်များများ ယူသွားကြတဲ့ သဘော...း)

ကျနော့် အချစ်တွေကိုတော့ တယောက်တည်းကပဲ ယူသွားတာ...း(

ကလူသစ် said...

လာရောက်ဖြေရှင်းဝန်ခံသွားတာတွေ့လို့ တော်တော်တော့ ဘ၀င်ကျသဗျ။ ထိပ်ခေါက်လိုက် ဦးချလိုက် မလုပ်နေဖို့ပဲ ကျန်တော့တယ်ပေါ့။

မေဓာဝီ said...

ပန်ပန်ရေ ...
ပန်ပန့်ပို့စ်ကို ဖတ်ရလို့ မမေလည်း အချိန်ရခိုက် ကိုယ့်စာတွေ ကဗျာတွေများ ခိုးခံရတဲ့ထဲ ပါလေမလားလို့ လျှောက်ရှာကြည့်တာ ... တွေ့ပါရောလား။
အဲဒီမှာ ...
http://co2zenith.blogspot.com/2008/11/blog-post_4196.html
မမေ ရေးခဲ့တာက ဒီမှာ ...
http://maydar-wii.blogspot.com/2008/01/blog-post_04.html
သူက ကျမ နေရာမှာ ကျွန်တော်လို့တောင် ပြောင်းလိုက်သေးတယ်။
ဘလော့လောကကြီး ဘယ်လို ဖြစ်နေပါလိမ့်နော် ... ။

Anonymous said...

အခုတစ်လော သူခိုးဖမ်းပွဲတွေ စည်ကားနေပါလား :D ခံရသူဖို့အဖို့တော့ အတော် စိတ်မကောင်း ဖြစ်ရမယ့် ကိစ္စပါပဲ။ ကျွန်တော် ကိုယ်တိုင်လဲ အင်တာနက်က ပုံတွေကို ယူယူသုံးပြီး တခါမှ ဘယ်ဆီဘယ်က ဆိုတာကို မဖော်ပြဖြစ်ခဲ့ဘူး။ အချို့ watermark နဲ့ပုံတွေဆိုရင် ဖျက်တောင် ဖျက်လိုက်သေးတယ်။ အဲဒီအကျင့် ပြင်ရမယ်။ ကိုယ့်ကိုယ်ကိုယ့်ဖြေပြီး ပြောရရင် စိတ်ထဲမှာ အင်တာနက် ဆိုတာကြီးကို အားလုံးဖရီး လို့ စိတ်ထဲစွဲနေခဲ့တဲ့ (လူတိုင်းလုပ်နေတာ ငါလဲလုပ်မယ်) အကျင့်ကြောင့်ပါပဲ။ ဆော့ဖ်ဝဲတွေ ခိုးသုံးတာက အစပေါ့။ ပြန်စဉ်းစားကြည့်တော့ ဘယ်လိုမဆို ဆော့ဖ်ဝဲ ထုတ်လုပ်သူတွေအတွက် အနည်းဆုံး ဘယ်ကုမ္ပဏီက ထုတ်လုပ်တာပါဆိုတာ ကျန်ခဲ့သေးတယ်။ သူ့ဆော့ဖ်ဝဲ ကောင်းရင် ကောင်းသလို နာမည်ကြီးသေးတယ်။ အင်တာနက်က Art, Media တွေကတော့ တော်ယုံ ခြေရာခံလို့မရနိုင်။ မပန် ရဲ့ အစောပိုင်း Copy Right နဲ့ ပါတ်သက်တဲ့ ပို့စ်တွေ ဖတ်ရတုန်းက စိတ်ထဲ ဘာမှ ခံစားချက်မရှိခဲ့ပေမယ့် အခုလို နည်းနည်း လှုပ်၂ရွ၂ ဖြစ်လာတော့မှ သေချာ တွေးကြည့်မိတော့တယ်။
ကိုယ်တိုင် ဖန်တီးထားတဲ့ဟာတွေကျတော့ Creative Commons Sign တွေ ထည့်လိုထည့် သူများဟာကတော့ Watermark က အစ ဖျက်ပစ်နဲ့ တော်တော်ကျဖို့ ကောင်းတဲ့ ငါပါလားလို့ ရှက်မိပါရဲ့။ အသိတရား တစ်ခုရအောင် ဖော်ပြပေးတဲ့ မပန် ကိုအောင်သားငယ် ကောင်းကင်ကို တို့ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Anonymous said...

ကျနော်လည်း အဲသလို ခံခဲ့ရဖူးပါပေါ့ အစ်မရေ။ အခုတော့ သဘောရှိကလောဟိုလို့ သဘောထားရင်ကောင်းမလားပဲ စဉ်းစားနေမိတယ်။ ဒီဆိုဒ်ကလေးတစ်ခုတော့ သိထားတယ်။ သုံးကြည့်ပါလားဗျာ။ ကျနော်တော့ သိပ်နားမလည်ဘူး။ ကိုယ်က ကွန်ပြူတာလည်း နားမလည်တော့လေ။ www.copygator.com

Anonymous said...

ကျမ တစ်ချက်လောက် ၀င်ဆွေးနွး ချင်လို့ ပါ
မပန်ပြောတဲ့..Email forward လုပ်လာခဲ့ ရင်..ဘယ်သူရေးသလဲ လို့ ပြန်မေး ဘို့ ဆိုတဲ့ ကိစ္စလေး..
...
အမှန် တော့ ကျမ က သာမန်စာဖတ် ပရိတ်သတ် တစ်ယောက် နဲ့..သာမန် Gmail user တစ်ယောက်ပါ..
ဒီလောက ထဲ ရောက်လာခဲ့တာက..
ကျမရဲ့ အစ်ကိုလေး ကြောင့်ပါ
သူမတိုက်တွန်းရင် ရောက်လာမှာမဟုတ်ပါဘူး..
..
ကျမပြောချင်တာက..မေးလ် တစ်ခု forward လုပ်လာခဲ့ ရင်..တစ်ချို့ မေးလ် တွေ ၁၀ ကြိမ်နဲ့အထက် တောင် ကျော််ချင် ကျော် နေမှာ..ဆိုတော့..ဘယ်လို လုပ်ပြီး..ခြေရာ လိုက်ခံ မလဲ..တော်ရုံ စေတနာ နဲ့ ဆိုရင် ပြောပါ တယ်.....
အဓိက က တော့...ကိုယ့်လိပ်ပြာနဲ့..ကိုယ့် သိက္ခာ ကို ရှက်ဖို့ လိုကြတာပါ ပဲ....
ဘလော့ဂ်ရေးတဲ့ သူ အများစု က ပညာတတ်တွေ နဲ့ internet ကို ကောင်းကောင်း အသုံးချနိုင်သူတွေပဲဖြစ်မှာပါ နော့...
စဉ်းစား တတ်ကြမှပါ..
...
မပန်တို့ က နည်းပညာတွေ ကျွမ်းကျင်တယ်..
ပြီးတော့ နာမည် ကြီး ဘလော့ဂါတွေ ဆိုတော့ ပို သတိထားရမှာပေါ့...
အကြံတစ်ချက် ပြု ပါရစေ..Myanmar Web Blogger Association လေး တစ်ခုဖွဲ့ပြီး..
အွန်လိုင်း မှတ်ပုံတင်တာတို့..ဘာတို့.....း(...
...
ရမလားတော့ မသိဘူး..း)..
အမှန်က ကျမ ဘာမှ နားမလည် ပါ....
it is just small suggestion to protect .......
ဒီနေ့ စာတွေ ဖတ်ပြီး စိတ်ညစ်နေလို့...

Anonymous said...

ဘုရားရေ- အိပ်ယာကနိုးလို့..ပြတင်းပေါက်တွေဖွင့်မှ..သူခိုးဇတ်လမ်းတွေ ပွတ်လောရိုက်နေပါလား။ ကြည့်ရတာ..သူခိုးတွေက..အချစ်ပဲ လိုက်ခိုးတာထင်တယ်။ ဒါဆို အချစ်သမားတွေ သတိထားကြ။

Phyo Evergreen said...

ဟုတ်တယ်အန်တီပန် မှတ်မှတ်ရရကျွန်တော်တောင် အဲဒီပို့်စ်လေးကို အချစ်တစ်ခုချင်စီအတွက်မန့်ခဲ့သေးတယ်.။
လူတွေ ခက်ပါလား...။

s0wha1 said...

တော်တော် အခြေအနေ ဆိုးပါလား မပန်ရေ။ စိတ်ပျက်လိုက်တာ။

Layma said...

ဟော.. ဟော... ဟောတော့်...
မပန်ရေ.. သူများတွေ ရေးထားသလိုပဲ.. မပန်နဲ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင် လို့ ပဲ အော်ရတော့မယ်..။ ဟုတ်ပ.. မပန် ခဏခဏရေးနေတဲ့ ကိစ္စက မပန်ကိုမှ လာကျူးလွန်ရတယ်လို့ ..။ နာမည်ကြီးကိုး.. မပန်ရဲ့.. ဂုဏ်ယူလိုက်စမ်းပါ...။
လေးမ ဘလော့ဂ်ရပ်ဝန်းမှ အလွဲလေးများ ၁ မှာ ဒီ အကြောင်းရေးတော့ မပန်က ပြောပြမှ သိရတော့မယ်ဆိုတော့လဲ လို့ ( ထင်တယ်) ရေးသွားတာ မပန်မှတ်မိလား...။ အခု မပန်ယုံပြီမို့ လား..။ ပြောပြလဲ.. ခဏခဏ ထပ်ပြောဦး ဆိုသလို ဖြစ်နေတယ်...။
အဟီး... လေးမ ပို့ စ်တော်တော်များများကို ပြန်ဆန်းစစ်တော့ လေးမ ဆိုတဲ့ နာမည်တော်တော် သုံးထားတယ်.. ဟီး.. ဟီး.. အလှူ့ ရှင်မှန်း အားလုံး သိကြတာပေါ့နော်...။
မပန်လိုပဲ လေးမလည်း ဂူဂဲ ကြည့်လိုက်တာ.. လေးမ အချစ်တွေတော့ ခိုးမယ့်သူ မရှိဘူးဆရာ...။ ကောင်းကင်ကြီးနဲ့  ဆိုတာ သိလို့  ထင်တယ်နော်...။

ဒါပေမယ့် လေးမ အားငယ်လိုက်တာ...။ လေးမ ပို့ စ်လေးတွေက တန်းမ၀င်ဘူးဆိုပြီးတော့လေ... အဟင့်..။ တစ်ခါတစ်လေတော့ လေးမလည်း မပန်တို့ လို အကူးခံချင်တာပေါ့...။ ဟင့်...။
ပျော်ရွှင်ပါစေ အရီးလေးရေ...။
ခင်တဲ့
လေးမ

သက်ဝေ said...

အချစ်တွေ အခိုးခံရတယ်...
ပိုစ့် ခေါင်းစဉ်တွေ့တော့ တော်တော်တောင် လန့်သွားတယ်...
မနေ့ကပဲ Valentine... ဒီနေ့ကျတော့ အချစ်တွေ အခိုးခံရတယ် ဆိုတော့...
အင်း... အချစ်သမားတွေ သတိထားကြရမှာပေါ့...။

Anonymous said...

အော်...

မပန်စာတွေပါ ပါသွားပြီပေါ့..
ဘယ်လို စိတ်တွေနဲ့ ဒီလိုလုပ်လဲဆိုတာ
စဉ်းစားလို့တောင်မရအောင်..ပဲ...။

မပန်ရေ..အခု မစံရှားလုပ်နေရတယ်..
ဝတ္ထုတို ခိုးမှုတစ်ခုအတွက်..
သိရရင်ပြောပြမယ်..
ဘ၀တူတွေပေါ့...

Kaung Kin Ko said...

ဆိုးတယ်နော် :-(

Anonymous said...

ဒါမျိုးတွေတစ်ကျော့ပြန်လာပြန်ပြီးး)
အရင်တစ်ခါတုန်းက ပုံ
ခုကျတော့စာ..
နောက်ဆိုရင်တော့........................ :P

Anonymous said...

ဒါမျိုးတွေ တော်တော်များများလက်ခံရရှိဖူးပါတယ်။ တစ်ခါကတော့ နိုင်းနိုင်းစနေ ရဲ့  Post တစ်ခု မိတ်ဆွေမောင်လေး တစ်ယောက်ဆီက ရလာတော့ ခေါင်းစဉ်ဖတ်မိတဲ့က သိလိုက်တယ် ဒါငါဖတ်ပြီးသားဆိုတာ။ ဒါပေမဲ့ ဆုံးတဲ့ထိပြန်ဖတ်မိတယ်။ အောက်ဆုံးရောက်တဲ့ထိ ရေးသားသူ ဘယ်သူဘယ်ဝါ မပါလာတာကြောင့် ချက်ချင်းပဲ ပို့ ပေးလိုက်တဲ့ မောင်လေးဆီနဲ့ တစ်ခြားကိုယ်ရင်းနှီ်းတဲ့ မိတ်ဆွေအချိုးဆီပါ cc ခံပြီးပို့ ပေးလိုက်တယ်။ ဒီစာရေးသူဟာ ဘယ်သူပါဆိုပြီး။ နောက်တစ်ခါ ဒီလို မျိုးရသကောင်းကောင်းစာပေတွေဝင်လာခဲ့လို့ စာရေးသူအမည်မပါလာရင် ပို့ ပေးတဲ့သူကို ကျေးဇူးတင်ကြောင်းနဲ့  ဒီစားရေးသားသူက ဘယ်သူလဲ ဆိုတာမေးဖို့ အဲဒီလိုလုပ်ခြင်းအားဖြင့် စာရေးသူကို ကျေးဇူးဆပ်ရာရောက်ကြောင်း ကိုယ်သိသလောက် အကြံပေးထားပါတယ်။ အဲဒီနောက်ပိုင်းတော့ Forwarded မေးလ်တွေရောက်လာတာ နည်းသွားတော့တယ်:) ကျမအဲလိုလုပ်ပြီးမကြာဘူး ပန်ဒိုရာ ဟိုတလောက ရေးတဲ့ ကော်ပီရိုက် ပို့ စ်တွေကိုဖတ်လိုက်ရပြန်တယ်။ ခုဒီ Post ထပ်ဖတ်မိတော့ comment ၀င်ရေးချင်တဲ့စိတ်ပေါက်လာလို့  ပန်ဒိုရာ ပြောသလို၊ ကျမလုပ်ခဲ့သလိုမျိုး ကိုယ့်ဆီပို့ လာတဲ့ သူကို တဆင့် တဆင့် မေးမြန်းနိုင်မယ်ဆိုရင် အနည်းနဲ့ အများ ဒီကိတ်စကို ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

mgphonemyint said...

အင်း..ကျနော်လဲ ခိုးခံလိုက်ရတယ်ဗျာ
စုဗူးမှာ ပါပဲ...
http://www.mysuboo.com/component/option,com_blog

Anonymous said...

ပုထုဇဉ်တို့ သဘော သဘာဝ အတိုင်း မှားမိတာကို ထပ်မံ ဝန်ခံပါတယ်။ ကျနော့် သူငယ်ချင်းကလဲ သူ့ကိုယ်ပိုင် မဟုတ်တာ၊ တခြား တစ်နေရာက ယူထာတာ ဆိုတဲ့ အကြောင်း ပြောပါတယ်။ ကျနော့် ဘလော့က ထိုပို့လေးကိုတော့ လာရောက်ကြသူများဟာ ကုသိုလ်စိတ်ထက် အကုသိုလ် စိတ်တွေ ဖြစ်ပေါ်တာ များကြမှာကို မဖြစ်စေလိုတဲ့ ဆန္ဒနဲ့ ပယ်ဖျက်လိုက်ပါပြီ။ ဒါတွေဟာ ဘဝမှာ ခဏတာတွေသာ ဖြစ်တယ် လို့ မိတ်ဆွေ အားလုံး သဘောပေါက် သိမြင်နိုင်ပြီး ကိုယ်လုပ်စရာ ရှိတဲ့ အလုပ်ကို ကောင်းမွန်စွာ ဆက်လက် လုပ်ကိုင် ဆောင်ရွက် နိုင်ကြပါစေ ဆုတောင်း ပေးလိုက် ပါတယ်။ ( liberty )

Anonymous said...

ကိုယ့်မှာအချိန်တွေပေး၊ ခံစားချက်တွေရင်းပြီး ရေးထားရတာကို စာမရေးပေမယ့် စာရေးသူနေရာကနေ ခံစားလို့ရပါတယ်.. နံမည်ကြီးချင်လို့ နံမည်ကြီးပြီးသားတွေရဲ့ စာတွေကို အလွယ်တကူခိုးချတာ တကယ်ကို အထင်သေးဖို့ကောင်းပါတယ်.. ဒီလိုလူမျိုးတွေရှိနေ သရွေ့တော့ ဒီလိုအဖြစ်မျိုးတွေ ကြုံနေရဦးမှာပါပဲ..

ရိုးမြင့်အောင် said...

မှားတဲ့အခါလည်း မှားကြပေမပေါ့... အဟတ်ဟတ်... ကိုသစ်ဆင်း ဝန်ခံသွားတာလည်း တကယ့်ကို ကောင်းပါတယ်...

Anonymous said...

Hey Dude! (Pandora)

This epidemic of plagiarism (or cheating) is something that it could never be won at all. It does not have to do with education nor the country that you and I were brought up. It has to do with basic human psyche.

At some point in time, almost all of us probably get a copy of pirated Application Software, Operating System, DVD movie, a song or an e-book and we were glad that we got that for free.

But some took comfort in knowing that, oh they are multimillion dollar company, so stealing this won't hurt. Right?

It is the same thing here. People are stealing or copying your work because they think internet is such a big place. Not only the individuals that you have mentioned were cheating and stealing. There are/were a lot of famous writers, anchormen, song writers got in trouble because they plagiarized others' work. It has been going on for a very long long time.

So my point is it is a war that you can't win. Just like fighting the war on drug or AIDS. You can educate but humans will cheat when no one is watching.

So instead of pissing off at those individuals, just think of this way. Let them copy since your blog has so much good quality material here. Plus any blogs that only go for quantity rather than quality will wither and die later. So just let it go dude. It is something that you/I can't avoid.

PS: Isn't it kind of sad though people are only interested and willing to steal materials that deals with Love and Relationship stuff but not thought provoking stuff? THAT HAS TO DO WITH EDUCATION AND COUNTRY THAT WE ARE FROM.

Take care:

you know who this is.

Apprenticeship said...

နာမည်ကြီးတွေဆိုတော့ အခိုးခံရတာပေါ့ :)

Anonymous said...

ဒီကိစ္စကို နီးစပ်ရာ (ဥပမာ. ဖိုရမ်တို့၊ MBS Ningတို့မှာ၊) ခေါင်းစဉ်ထုတ်ပြီးတော့ဗျာ ဘယ်နေ့ဘယ်အချိန်က ပို့စ်ကို ဘယ်နေရာမှာ ပြန်ကူးယူထားတယ်ဆိုပြီး.. လက်လှမ်းမှီသလောက်လေး ကျွန်တော်တို့ လုပ်ကြရင်ကောင်းမလားလို့.. ဒါဆိုရင် (ရှက်တတ်တဲ့သူကတော့) သေချာပေါက် လုပ်တော့မယ် မထင်ဘူးဗျာ၊ ပိုပြီး ဆင်ခြင်လာကြမယ်ပေါ့.. အင်း.. တစ်ချို့ကျတော့လည်း ကော်ပီရိုက်ဘာညာ နားမလည်တာကြောင့် တစ်ထစ်ချစွပ်စွဲလို့လဲ မရဘူးပြန်ဘူးဗျာ.. ပြည်တွင်းမှာတော့ internetနဲ့ ပတ်သက်ပြီး educate လုပ်နိုင်တဲ့ seminar တွေ ပေါ်လာရင် သိပ်ကောင်းမှာပဲ.. အထူးသဖြင့် အခုမှ အသုံးပြုခါစ နယ်တွေဘက်မှာပေါ့.. အခုနောက်ပိုင်း ningတွေ ပေါလာတော့ ပိုဆိုးတယ်ဗျာ.. တော်တော်များများက ကြုံသလို copy, pasteနေကျတယ်.. ကျွန်တော်တော့ လက်လှမ်းမှီသလောက် ပြောပြပေးနေပါတယ် အစ်မရေ..
ဘလော့ပေါ်က အလကားရတယ်ဆိုပြီး တန်ဖိုးမထားကြဖြစ်လာကြရင် ရေးတဲ့သူ စိတ်ကသိကအောက်ဖြစ်ရမယ့်အတွက် ကျွန်တော်တို့လို စာဖတ်သူတွေအတွက်လည်း စာကောင်းတွေ ဖတ်ခွင့် ဆုံးရှုံးရတာပေါ့။

လေးစားလျက်
edu

P.Ti said...

စာကောင်းတော့ အခိုးခံရတာပေါ့... ကိုယ့်ဘလော့မှ တင်မယ့်သူတွေ မတင်ချင် သေချာစဉ်းစားပြီးမှ တင်စေချင်ပါတယ်။

ပန်ဒိုရာက အချစ်ကိုအဲလိုခံစားပြီးရေးတာကိုး... ကျွန်တော်လိုရေး ခိုးမယ့်သူရှိဘူး.. :P

Welcome said...

ပို့စ်ကိုလည်း ဖတ်သွားပါတယ်။
ကွန်မင့်တွေကိုလည်း တစ်ခုမကျန် အကုန် ဖတ်သွားပါတယ်။
စိတ်မကောင်းပါ။

Anonymous said...

အစ်မပြောသလိုပဲကောင်းတာလေးကိုမေးလ်ကနေတွေ့ လို့  သူများတွေ ကို ဖတ်စေချင်တဲ့ စိတ်နဲ့ 
ဖတ်တဲ့ သူတွေ စိတ်ဝင်တစားဖြစ်အောင် ပုံလေးတွေ ရှာတင်ထားတာပါ အစ်မ ..။
ကျွန်မရေးတယ်လို့  မပြောထားပါဘူးရှင်...
မာလ်တီပလိုင်းဆိုတာ က အဲ့ လို ပဲကောင်း
တဲ့ စာတွေတွေ့ ရင်ကူးယူပြီး တင်နေကြတာပါပဲ..
အစ်မ ရဲ့ ပို့ စ် ကျွန်မဆီရောက်လာတာ ရေးထားတဲ့ သူနာမည် မပါလို့ ပါရှင်..
နောက်ပြီး ကျွန်မ ဘယ်ကစာပဲတင်တင် ဘယ်ကရတယ်ဆိုတာ ကိုဖော်ပြထားပါတယ်..
အခု ဒီတစ်ခု ကို ပဲ မရေးမိတာပါ..
ဘာပဲဖြစ်ဖြစ် ပိုင်ရှင်ရဲ့  ခွင့် ပြုချက်ကိုမယူဘဲ တင်မိတဲ့ အတွက် အစ်မ ကိုတောင်းပန်ပါတယ်ရှင်..
အစ်မ ရဲ့  ပို့ စ်ကိုလဲ ကျွန်မ ပြန်ဖျက်လိုက်ပါ့ မယ်ရှင့်  .
အခုလို အမှားကိုထောက်ပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင်... ။

လေးစားစွာဖြင့် 
မနောဖြူ

Anonymous said...

ရေးတဲ့ comment တွေကို ခိုးကူးထားတဲ့ microsoft windows ပေါ်မှာ ဖွင့်ကြည့်။ ရိုက်ထဲ့လိုက်တဲ့ Office ကလည်း pirated. a hee! I'm asking for copyright! Cheers buddies, Cheers! အရင်ဆုံး အဲ့ဒါတွေကို ဂရုစိုက်ပါဗျို့ ။ အရင်ဆုံး မအော်ခင်မှာ ကိုယ် ဘာတွေကို ပျော်ပျော်ကြီး သုံးခဲ့တယ် ဆိုတာ သိတရပါလို့ပဲ ပြောချင်တယ်။

Anonymous said...

Check your OS first. Is that genuine? Check your Microsoft Office! Is that genuine? Check your PC... Anti-virus? Browser? CD burning softwares? Graphic editing softwares? and and and... many more fellas. You guys are nuts or what? What an embrassing. Keep posting blogs regarding copyright and pointing fingers to others. But, don't forget where you stand and what you are doing with.
"Don't do to others if you don't like other people to do to you."

Wei Min said...

Yes. I distribute the masterpiece of others authors. And i got this masterpiece from one of my friend, he also got this post from his forward mails.. so I don't know who is author. May be u should registered your masterpiece... Just the sake for right.. If you are the real author of this post, sry about that. I always refer the authors when i take their masterpiece. This time forget to refer :( I also don't want to plagiarize other's masterpiece... So one thing i wanna advise you is next time when u create your masterpiece, type your name under ur masterpiec and write sth warning.. Anyway this is nice post.....

Anonymous said...

I feel become more angry than angry by watching the blogs list you post.. They never write the post is done by theirs.. So you can't tell they are plagirism.. and you don't have any right to do it also... I wonder how you understand about copy right? Do you have registered for copy right for this story? And how can u prove that this post is created by you? If you did it, you probably also took from english short stories. I don't understand You posted this post to make shame to other bloggers or do u want to make popular yourself?

Your post is make other bloggers shame and feel sad and angry... So delete this post that u accused others blogger plagiarized your post...

Anonymous said...

ဒီနေ့ဘလောဂ့်တခုဝင်ဖတ်မိရင်း သူတို့ပိုစ့်တခုကို သူများ credit မထည့်ဘဲ တင်ထားလို့ အီးမေလ်းအပြန်အလှန်နဲ့ တောင်းပန်တာတွေ ကွန်မန့်ရေးထားတာတွေ ဘလောဂ့်မှာတင်ထားတာကို ဖတ်မိရင်း ခေါင်းထဲမှာ မဟုတ်တရုတ်အတွေးပေါ်လာတယ်။

ဒီဖော်ရမ်ထဲမှာတောင်မှ အင်္ဂလိပ်ဘလောဂ့်တွေကနေ ယူလာပြီးတင်ထားတဲ့ဟာ (သူတို့မူပိုင်ရေး) လေးတွေရှိပါတယ်။ credit တော့မပါဘူး။ အဲ့ဒီအတွက် ဖော်ရမ်ကိုလည်း ဘယ်သူမှရန်မရှာဘူး။ ခရက်ဒစ်မပေးရကောင်းမလားဆိုပြီးတော့လည်း အဲ့ဒီဘလောဂ့်ပိုင်ရှင်ကလည်း လာမပြောဘူး။
သူတို့ဘာလို့ မပြောတာလည်း (မတွေ့လို့ဆိုတာမျိုးကြောင့်တော့မဟုတ်ဘူး။ Google ကြီးတခုလုံးရှိနေတာဘဲလေ။) မရှာလို့ ဂရုမစိုက်လို့ သူတို့ အနုပညာ အကုန်လုံးယူသွားလည်း သူတို့အတွက် ဘာမှပဲ့ပါသွားတာမဟုတ်လို့ပါ။ Public ချပေးရင်း ပျံ့လေကောင်းလေဆိုတဲ့စိတ်မျိုးထားနိုင်လို့ပါ။ (*** ဒါကျမရဲ့ တီကောင်ဦးဏှောက် အတွေးပါ)။ မှန်ချင်မှလည်း မှန်မှာနော်။

ကိုယ့်ဦးဏှောက်ကထွက်လာတဲ့ အနုပညာ ပညာကို သူများယူသုံးပြီး Credit မပေးတိုင်းသာ တချို့တွေလိုမျိုး လူသိရှင်ကြား လိုက်အော်မယ်ဆိုရင် Microsoft, Adobe, စတဲ့ နာမည်ကြီး ကွန်ပြူတာ ဆော့ဝဲတွေ သီချင်း ရုပ်ရှင် (မှတ်ပုံတင်ပြီး) ထုတ်တဲ့ လူတွေအဲ့လိုလိုက်လုပ်လို့ ကျမတို့ သိက္ခာလည်း ကျန်မှာတောင်မဟုတ်တော့ဘူး။

အင်တာနက်ပေါ်မှာစာရေးတဲ့ လူတွေဟာ ကွန်ပြူတာနဲ့ ပါတ်သတ်နေရတဲ့ လူတွေပါ။ ကွန်ပြူတာသုံးတဲ့ မြန်မာလူဦးရေ 99 ရာခိုင်းနှုန်းဟာ ဆော့ဝဲမူရင်း ဝယ်သုံးတာမဟုတ်ဘူး။ တန်ရာတန်ကြေးမပေးဘဲ အလကားရတဲ့ Ebook ဆိုတာကို မဖတ်ဖူးတဲ့သူမရှိဘူး။ သီချင်းအလကားဒေါင်းပြီး နာမထောင်ဖူးတဲ့လူမရှိဘူး။ ဒါဆို သူများရဲ့ ပညာကိုကျတော့ ခိုးသုံးတယ် သူတို့ Public ချ တင်ပေးတဲ့ စာတွေကြတော့ credit မပေးရင် ဆတ်ဆတ်ခါနာတယ်။ (မူပိုင်ခွင့်ဝယ်ထားသူများ စာအုပ်ထုတ်ရောင်းနေသော စာရေးဆရာများကို မဆိုလိုပါ။) အဲ့ဒါ တရားသလား?


ကျမရေးထားတဲ့ ပိုစ့်တွေကို တနေရာမှာ တင်ထားပြီး credit မပေးထားရင် ကျမလည်း အဲ့လိုအော်မှာဘဲလားလို့ ထပ်စဉ်းစားမိတယ်။

မသိသေးပါဘူး။ ကျမလည်း ဘယ်တုန်းကမှ လိုက်မရှာ လိုက်မကြည့်ဖူးဘူး။


ကျမတွေးမိတာက အကယ်၍ ကိုယ်က သူများ Software တွေ ရုပ်ရှင်တွေ သီချင်းတွေ စာအုပ်တွေကို Original (ဥာဏ်ပညာပူဇော်ခ) မစိုက်ထုတ်ဘဲ သုံးတယ် အဲ့ဒီအတွက်လည်း ဘာမှမခံစားရဘူး ဘယ်မှာမှလည်း ကျေးဇူးတင်ကြောင်းတို့ ခရက်ဒစ်ပေးတာတို့ မရှိခဲ့ဖူးဘူးဆိုရင် ကိုယ့်ပညာ ကိုယ့် အတွေးခေါ်ကို သူများက ဘာမှမစိုက်ထုတ်ဘဲ ဘာခရက်ဒစ်မှာမပေးဘဲ ယူသုံးသွားရင်လည်း ကိုယ်ကဘာလို့ ခံစားချင်နေရတာလည်း။ ကိုယ့်ကိုယ်ကို အကောင်းဘက်ကကြည့်ရင် ပညာ အလှုလုပ်တယ် (နောက်တဖက်ကကြည့်ရင် ဝဋ်လည်တယ်) လို့ မစဉ်းစားပေးနိုင်ဘူးလား? မြန်မာတွေဘဲ မြန်မာပိုစ့်တွေ မြန်မာစာတွေကိုဖတ်တာပါ။ ကိုယ့်လူမျိုးအချင်းချင်းအတွက်ဘဲလို့ ဘာလို့မစဉ်းစားပေးတာလည်း? ဘာလို့ မြန်မာလူမျိုးအချင်းချင်း အရှက်ကွဲအောင် လုပ်ချင်ရတာလည်း?

ကျမပြောတာ Credit မပေးသင့်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကိုယ့်ပညာကို ခရက်ဒစ်မပေးတာတွေ့ခဲ့ရင်တောင် လူသိရှင်ကြားတွေ မလုပ်သင့်ဘူးလို့ တွေးမိတာပါ။

ဒီအတွေးနဲ့ပါတ်သတ်ပြီး မကျေနပ်တာရှိရင် cr.crystalrays@gmail.com ကို မေလ်းပို့လို့ရပါတယ်

ဏီ(န်)ကင်း said...

ဒီပို့ကိုအခြားဆက်စပ်မိတာတွေနဲ့အတူလာဖတ်သွားတယ် အမရေ....စာနာပါတယ်။ ကိုယ်တော့မခံရသေးဘူးအခုထိ (နာမည်မကြီးသေးလို့ ခွိခွိ)

လေးစားစွာဖြင့်
ဏီ(န်)ကင်း
http://blog.netvirus.net

အင်ကြင်းသန့် said...

အစ်မရေ...ဘလော့ဂ်လောကကဒီလိုရှုပ်ထွေးမှန်း
တကယ်ကိုမသိခဲ့ဘူး....အခုမှဘလော့ဂ်ကိုစလုံးရေ
စလုပ်တာဆိုတော့လေ၊ဘာမှလည်းသိပ်မသိဘူး
ကျွန်တော်ကကိုယ်ရေးချင်တဲ့ပိုစ့်လေးကို လိုက်ဖက်တဲ့ပုံလေးတွေနဲ့တွဲဖက်ဖော်ပြချင်တော့
...အင်တာနက်ကနေလိုက်လိုက်ရှာပြီး
ယူယူသုံးနေတာ...
ဒီပိုစ့်လေးကိုဖတ်လိုက်ရမှ ကိုယ့်ကိုကိုယ်ဆင်ခြင်ရမယ်ဆိုတာ အသိတရားရသွားတယ်၊ ကျေးဇူးပါမပန်ဒိုရာ...
သြော်...ဒါနဲ့ အစ်မရဲ့လင့်ခ်လေး
ယူထားတယ်နော်အစ်မ..:)