Saturday, February 21, 2009

နားလည်ခြင်းရဲ့ နှင်းဆီတစ်ပွင့်




နားလည်ခြင်းရဲ့ နှင်းဆီတစ်ပွင့်


နားလည်မှုဆိုတာ ကမ္ဘာတစ်ခုဆိုရင်
ဥက္ကာပျံတစ်စင်း ပဲ့ကျလာသလိုမျိုး
ရှောင်မရတိမ်းမရ
မျှော်လင့်ချက်တွေကို ထက်ပိုင်းချိုးချရတယ်။

နားလည်မှုဆိုတာ ရာသီဥတုဆိုရင်
နွေခေါင်ခေါင်မှာ သွန်းချသွားတဲ့
မိုးရေစက်ခါးခါးရဲ့ ပွတ်တိုက်ရှတမှုတွေပါတယ်။

နားလည်မှုဆိုတာ ခရီးရှည်ဆိုရင်
ကန္တာရထဲက ရေကြည်တစ်ပေါက်အတွက်
လှီးဖြတ်သောက်သုံးရတဲ့ ဆူးပင်တွေပါတယ်။

နားလည်မှုဆိုတာ ကစားပွဲတစ်ပွဲဆိုရင်
အလျော်အစားမပါတဲ့ လောင်းကြေးနဲ့
မတိုက်ဖြစ်တော့မယ့် ထီလက်မှတ်တစ်စောင်ပါတယ်။

နားလည်မှုဆိုတာ ကဗျာတစ်ပုဒ်ဆိုရင်
စကားလုံးတွေကို ဖောက်သီထားတဲ့
ကြိုးမျှင်တစ်ချောင်းရဲ့ တုန်ခါမှုတွေပါတယ်။

နားလည်မှုဆိုတာ ပန်းတစ်ပွင့်ဆိုရင်
ပန်းနိယာမရဲ့ အကန့်အသတ်ပြင်ပက
ခြွေမှကြွေမယ့် ဆူးမဲ့သက်တမ်းတစ်ခုပါတယ်။

လူဆိုးကြီးရေ…
နားလည်ခြင်းလှိုင်းလုံးတွေ ဖုံးသွားပြီးတဲ့အခါ
ကမ်းစပ်မှာ တင်ကျန်ခဲ့မယ့်
မျက်ရည်တစ်စက်ရဲ့ ခြေရာ
ငါလိုက်ရှာခဲ့ပါတယ်ကွယ်…။


ပန်ဒိုရာ


28 comments:

Anonymous said...

မပန်ရေ နားလည်အောင် ကြိုးစားသွားပါတယ်။ စကားလုံးတွေ သိပ်သည်းတယ်။ ပုံရိပ်နားလည် သလိုပဲ ခံစားသွားတယ်။

ကိုပေါ said...

နားလည်ခြင်းဟာ ပန်ဒိုရာဆိုရင်....
ရှင်သန်ခြင်းတွေ ဖြန့်ခင်းထားတဲ့နေရာမှာ
မှော်ကင်းမဲ့တဲ့ ကဗျာဖတ်သူငချွတ်ရဲ့
လက်ဆော့ပြီး ပွတ်လိုက်တဲ့ ကွန်မန့်တခုတော့ပါတယ်။

လင်းဒီပ said...

နားလည်မှုဆိုတာ ကစားပွဲတစ်ပွဲဆိုရင်
အလျော်အစားမပါတဲ့ လောင်းကြေးနဲ့
မတိုက်ဖြစ်တော့မယ့် ထီလက်မှတ်တစ်စောင်ပါတယ်။

နားလည်မှုအတွက် တိတ်ဆိတ်စွာ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေ များပါတယ်ဗျာ

MANORHARY said...

နားလည်ခြင်းလှိုင်းလုံးတွေဖုံးသွားတဲ့အခါ....
.................
...........................

mirror said...

အစ်မရေ့...လူဆိုးကြီးရေ ဆိုတဲ့ အသုံးလေးသိပ်ကြိုက်တာပဲ...။

Anonymous said...

၂ ခေါက်တိတိ ဖတ်သွားရပါတယ်း)

Anonymous said...

လူဆိုးကြီးရေ.. ဆိုတာကိုဖတ်ပြီး  သွားပါတယ်။

Kaung Kin Ko said...

ထီလက်မှတ်လေးတော့ တိုက်လိုက်ပါဗျာ။

Anonymous said...

နားလည်မှုဆိုတာ အသုံးချခံ ပစ္စည်းတစ်ခုလိုပါပဲး)

မတရားတာမြင်လည်း ..အင်းလေး နားလည်ပေးလိုက်ပါ
မဟုတ်တာ လုပ်နေလည်း.....နားလည်ပေးလိုက်ပါ

အဲ့လို အဲ့လိုနဲ့ နားလည်ရတယ်ဆိုတာကိုတောင် ခပ်ကြောက်ကြောက်ရယ် ဒါမယ့် နားလည်ပါတယ် ။ အဲ့...ထီက ပေါက်နေရင် ဘယ်လိုလုပ်မလဲ တိုက်ကြည့်လိုက်ပါ ကျနော် ထီပေါက်စဉ်ပို့လိုက်မယ် ဒေါ်လေး :)

imaginary clouds no 2 said...

ကဗျာလာဖတ်သွားပါတယ် ၊ မှတ်ချက်တွေလည်း သေချာဖတ်သွားပါတယ် ။ စကားလုံးတွေ သိပ်သည်း လား ၊ မသိပ်သည်းလား ၊ လူဆိုးကြီးရေ ။ လိုင်းလုံးတွေဖုံးလွမ်းသွားတဲ့ အခါ ။ ---စတာတွေကိုသေချာရှာဖတ်သွားပါတယ်

ရွှန်းမီ said...

"နားလည်မှုဆိုတာ ပန်းတစ်ပွင့်ဆိုရင်
ပန်းနိယာမရဲ့ အကန့်အသတ်ပြင်ပက
ခြွေမှကြွေမယ့် ဆူးမဲ့သက်တမ်းတစ်ခုပါတယ်။ "
ဆိုတဲ့ စာပိုဒ်နဲ့ အပေါ်ကပုံထဲက နှင်းဆီပန်းလေးကို ကြိုက်တယ်။

Anonymous said...

လူဆိုးကြီးဆိုမှသဘောပေါက်တော့တယ်..

Unknown said...

မပန်ရေ ကဗျာလေးကိုနှစ်သာစွာဖတ်သွားပါတယ်ဗျာ
တွေးစရာလေးတွေလည်း နှစ်သက်စွာဆင့်ပွားတွေးမိပါတယ်
နားလည်မှုဆိုတာလေးနဲ့ပက်သက်ပြီးတော့ ပါ :)
မပန်ရေးတဲ့ ကဗျာတွေ ဘလော့မရေးခင်ကတည်းကဖတ်ဖူးပါတယ် ကျနော်က ကဗျာတွေ ကိုချစ်တော့ ကဗျာရေးတဲ့ဘလော့တွေတော်
တော်များများတော့ရောက်ဖြစ်ပါတယ် ခုတော့ ခြေရာလေးတွေလိုက်ချရတဲ့ အရသာလေးကိုလည်း ချစ်တတ်လာပြီ မပန်ရေးသမျှ ကဗျာတွေကော အက်ဆေးတွေပါ ဖတ်ဖြစ်တယ် တော်တော်များများကြိုက်တယ်ဗျ :)
အားလုံးပဲအဆင်ပြေပါစေဗျာ ကောင်းသောနေ့ပါ :)

ဆောင်းယွန်းလ said...

နားလည်ခြင်းလှိုင်းလုံးတွေ ဖုံးသွားပြီးတဲ့အခါ
ကမ်းစပ်မှာ တင်ကျန်ခဲ့မယ့်
မျက်ရည်တစ်စက်ရဲ့ ခြေရာ
ငါလိုက်ရှာခဲ့ပါတယ်ကွယ်…။

ကောင်းလိုက်တဲ့ကဗျာ....နားလည်မှုတွေပေးနိုင်မယ့်
လူဆိုးကြီးကို နားလည်စွာ နားလည်ပေးနိုင်ရမယ့်ဘဝ
ဘယ်ချိန်မှရပါ့ မပန်ရေ.....

ကိုအောင် said...

လူဆိုးကြီးကို လူဆိုးအဖြစ်ကနေ ခွဲထုတ်ပြီး
နားလည်ပေးလိုက်ပေါ့ ကဗျာဆရာရယ်။

Apprenticeship said...

နားလည်ခြင်းတွေ နားလည်မှုလွဲတဲ့ အခါ ဘာတွေ ဖြစ်လဲဟင်း :D :) :P

Phyo Evergreen said...

နားလည်မှုသာရှိခဲ့မယ်ဆိုရင် ....
အတွေးနဲ့မျောသွားတယ်..။

Anonymous said...

လူဆိုးကြီးက...
ထီလက်မှတ် မတိုက်တာလား
မျှော်လင့်ချက်တွေ ထက်ပိုင်းချိုးချတာလား....
ဘာပဲဖြစ်ဖြစ် နားလည်ပေးလိုက်ပါ အစ်မ... :D

ATN said...

အင်း..နားလည်ဖို့ဆိုတာကလည်း အရာရာတိုင်း အတွက်တော့မလိုအပ်ပါဘူးလေ။

(အထက်ပါ စာကို ပန်ဒိုရာထံမှ ခွင့်မတောင်းပဲ ပြန်လည် ဖော်ပြပါသည်)

khin oo may said...

မျက်ရည်တစ်စက်ရဲ့ခြေရာ။။

(အတော်ရှာရခက်မယ်။)
တို့လာရင် ပွဲပျက်ပြီသာမှတ်။

khin oo may said...

ဒီနျင်းဆီ ပုံလေးသိတ်လှတယ်။

ရိုက်တဲ့သူက ပန်ပန်ပါ။
(ဘယ်သူရိုက်ရိုက်..လှရင် ပန်ဒိုရာဘဲမှတ်။)

khin oo may said...

သုံ့းခေါက်ဖတ်ပြီး ခံစားကြည့်သွားသည်။

Anonymous said...

မခင်ဦးမေ
အဲဒိပုံကိုရိုက်တာ ပန်ပန်မဟုတ်ပါ။

pandora said...

အဲဒီပုံကိုရိုက်တာ ပန်ပန်ရဲ့ ဆရာမ ဖြစ်ပါသည်။ သိချင်ဝယ်ဖတ်။ ၂ ကျပ်။

khin oo may said...

သိချင်လိုက်တာ.။ ရော့ ဆန်ခွီု့်က်.

Anonymous said...

အမပန်
ခုနက ကွန်မန့် က နောက်တာပါ။ ပန်ဒိုရာရဲ့ ဆရာမဆိုတော့ ပန်ဒိုရာမ ရိုက်တာပေါ့နော်။
:)

Anonymous said...

ဒီကဗျာလေးကို ကော်မန့်ရေးဖို့ အယင်နေ့တွေက အကြာကြီး ကြိုးစားကြည့်ခဲ့တယ်... မအောင်မြင်ခဲ့ဘူး။
အခုတော့ရေးပြီ...
ကဗျာဆိုတဲ့ ဘာသာစကားကို မသီတာ အချိန်တိုင်းမှာ နားမလည်နိုင်ဘူး...ဘာလို့လဲဆိုတော့...
ကဗျာကို ဖမ်းဆုပ်နိုင်ဖို့၊ ဖြန့်လွှတ်နိုင်ဖို့ နှင်းဆီတစ်ပွင့်ရဲ့ အားတွေ လိုတယ်...

သက်ဝေ said...

နားလည်ခြင်း... နားလည်မှု... စတဲ့ စကားလုံးတွေဟာ
တခါတရံမှာ ချစ်စရာ နှစ်သက်စရာကောင်းသလောက် တခါတရံမှာ တော်တော် ကြောက်စရာ ကောင်းတယ်လို့ ခံစားမိပါတယ်...။

ကဗျာလေးက လှတယ်...
ပြောချင်တာတွေကတော့ အများကြီးပဲ...
ဒါပေမယ့် နားလည်လိုက်ပါ....