Sunday, February 22, 2009

ပန်ဒိုရာနှင့် ဘန်နာများ -၂

ဟိုးအရင်ပို့စ် တစ်ခုမှာ ဘန်နာ တွေအကြောင်းရေးခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်း ထပ်လုပ်ဖြစ်တဲ့ ဘန်နာလေးတွေနဲ့ မူရင်းဓာတ်ပုံတွေကို ပြချင်ပါတယ်။ အဲဒီမှာ ဘန်နာ နံပါတ် (၈) အထိ ပြောခဲ့ပါတယ်။ အခု (၉) ကနေ ဆက်တာပေါ့။

မူလဓာတ်ပုံ (၉)
(မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးထားတဲ့ ဓာတ်ပုံကို ဘန်နာလုပ်ဖို့ ခွင့်တောင်းပြီး လုပ်ပါတယ်။ ရိုက်တဲ့ နေရာကို မသိပါ။ )



ဘန်နာ (၉)


မူလဓာတ်ပုံ (၁၀)
(ဒီဆရာရဲ့ ဘလော့ဂ်က ဓာတ်ပုံတစ်ပုံကို တောင်းယူထားတာပါ။)


ဘန်နာ (၁၀)


မူလဓာတ်ပုံ (၁၁)
(ဒီပုံက ဆြာရဲမွံ အပိုင်ပေးထားတဲ့ ပုံလေးတစ်ပုံပါ။ မောင်းမကန်မှာလို့ ပြောတယ်။ ဒီဆရာက ဓာတ်ပုံရိုက်တော့ တော်ရှာတယ်။ ဘန်နာလုပ်လို့ လှတာလေးတွေ နောက်ထပ် ရှိသေးသည်။ လာမည်။)



ဘန်နာ (၁၁)



မူလဓာတ်ပုံ (၁၂)
(ဒါကတော့ စင်္ကာပူ ငါးခြင်္သေ့ရုပ်နားမှာ ရိုက်ထားတာ။ အုတ်နံရံအပိုင်းကို ဖြတ်ယူထားတာ။ ကိုယ်တိုင်ရိုက်တာပါ။)



ဘန်နာ (၁၂)


မူလဓာတ်ပုံ (၁၃)
(ဒါက စင်္ကာပူ Esplanade Theater အထဲမှာ တရုတ်မီးပုံးလေးတွေကို ရိုက်ထားခဲ့တာကို ဖြတ်ပြီး effect တွေထည့်ထားတာပါ။ ကိုယ်တိုင်ရိုက်တာ။)



ဘန်နာ (၁၃)



မူလဓာတ်ပုံ (၁၄)
(ဒါကတော့ ဖယောင်းတိုင်လှလှလေးတစ်ခုကို မီးထွန်းပြီး ရိုက်ထားတာကို photoshop ထဲမှာ ရောထည့်ထားတာ။ ကိုယ်တိုင်ရိုက်တာပါ။)


ဘန်နာ (၁၄)



မူလဓာတ်ပုံ (၁၅)
(ဒီပုံက စင်္ကာပူ Orchard လမ်းပေါ်မှာ ခရစ်စမတ်အကြို ဆင်ယင်ထားတာကို ကိုယ်တိုင်ရိုက်လာခဲ့တာပါ။)


ဘန်နာ (၁၅)



မူလဓာတ်ပုံ (၁၆)
(ဒီအလုံးလေးတွေ စင်္ကာပူမြစ်ထဲမှာ မျှောထားတာကိုလည်း ကိုယ်တိုင်ရိုက်ထားတာပါ။)



ဘန်နာ (၁၆)



မူလဓာတ်ပုံ (၁၇)
(ဒါကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဆိပ်ကမ်းတနေရာကို နာဂစ်မတိုင်မီ ရက်ပိုင်းအလို လောက်က ရိုက်ထားတာ ဖြစ်တယ်။ ကိုကို ခရီးသွားရင်း ရိုက်ထားတာပါ။ (ကိုကိုဆိုတာ အစ်ကိုဖြစ်ပါတယ်။ စကားမစပ် လူပျိုဂျီးဗျ။ :P ))



ဘန်နာ (၁၇)



ဘန်နာ (၁၈)
(အခုနောက်ဆုံး ဘန်နာကတော့ ဓာတ်ပုံ မဟုတ်ဘူး။ photoshop ထဲမှာ ညီမလေး ဆွဲထားတာပါ။ စာလုံးကတော့ ကိုအောင်သာငယ် နမူနာ ဆွဲပေးထားတဲ့ စာလုံးကို သုံးထားတယ်။)



ဘယ်ဟာကို အကြိုက်ဆုံးလဲ။ ၁ ၂ ၃ ရွေးချင်သေးလား။ ဒီတခါတော့ မဲမလိမ်ပါဘူးလေ။ ဟဲဟဲ။


43 comments:

မေဓာဝီ said...

တမျိုးစီ ကောင်းပါတယ်။
ပန်ပန်က အချိန်အခါ အလိုက် ဘန်နာတွေပြောင်းတင်တတ်တာ သတိထားမိတယ်။ ဒါကြောင့် အားလုံးက သူ့ဟာနဲ့သူ အဓိပါယ်ရှိတာချည်းပဲ။
ထူးထူးခြားခြား မြင်မြင်ချင်း သဘောကျမိတာက ဘောလုံးကလေးတွေ ... ။ ချစ်စရာလဲကောင်း အမြင်လဲ တမျိုးဆန်းနေသလိုပဲမို့။

Anonymous said...

တစ်နေ့ကပြောသလိုပဲ လည်ဖူးသမျှ ဘလော့တွေထဲမှာတော့ ဒေါ်လေး ဘလော့က ဘန်နာလေးတွေ အမိုက်ဆုံးလို့ ဒီတစ်ခါတော့ အကြိုက်ဆုံးက အုတ်လား ဟို ခြင်္သေ့ကြီးအောက်က ပုံလေးရယ် နောက်ဆုံး အပြာရောင်လေးလည်းကြိုက်တယ် ချယ်ရီပန်းနဲ့လည်း လှတာပါ ။ သင်္ကြန်နားနီးရင် ဘယ်လိုပုံလေး လာအုံးမှာပါလိမ့် စောင့်ကြည့်နေမယ်း)

MANORHARY said...

အကုန်လုံး....

Anonymous said...

ဘန်နာ ၁၆ ကိုအကြိုက်ဆုံးပါ။
ဘန်နာ ၁၁ နဲ့ ၁၃ ကတော့ မူရင်းပုံကို ပိုကြိုက်ပါတယ်။
ဘန်နာ ၉ ၊ ၁၀ နဲ့ ၁၇ ကိုလည်းကြိုက်တယ်။

Anonymous said...

အားလုံးလှတယ်.. ဘောလုံးလေးတွေ ကြိုက်တယ်....။

ဘိုင်သဝေးးးး. လင်းရေ.... ပန်ဒိုရာ့အစ်ကို က လူပျိုကြီးတဲ့။
** လင်း လာအော်မှာကြောက်လို့ အနောနီးမတ်စ်နဲ့ မန့်တွားပါသည်....။

__________ထုံ

ကိုပေါ said...

ကြာပန်းပုံက ကျနော်ထင်တာမလွဲဘူးဆိုရင် စင်္ကာပူ Bird park က ကြာကန်မှာ ရိုက်တာပါဗျိုး။ ကျနော့်မှာလည်း အဲသည်လို ရှုထောင့်က ရိုက်ထားတဲ့ ဓါတ်ပုံတပုံ ရှိနေတယ်။ (လွဲသွာရင်တော့...........မှားတဲ့အခါလည်း မှားပေမပေါ့..ဗျာ။)

kay said...

၁၆ ကြိုက်တယ်။
ကြည့်စမ်း ဟိုတခါ.. တို့ရဲ့..ကမ်းခြေပုံ တောင်းတာ..နောက်နေတယ်မှတ်လို့..မပေးဖြစ်တာ..
နောက်မို့ဆို..တို့ပုံလဲ..မှတ်တမ်းဝင်သွားမှာ..

khin oo may said...

စကားမစပ်

http://loveluvv.blogspot.com/2009/02/blog-post_22.html

သူ့ပုံလေးတွေလဲ အတော်လှတယ်။

khin oo may said...

ပုံ ၁၂ အုတ်ခုံကြိုက်တယ။် ခြသေ့ကြီးကို ဘန်ဒါလုပ်မယ်ထင်နေတာ မှားသွားတယ။် အမြင်စူးရှတာသဘောကျသွား။ သဘောကျသွား (ဂျေမောင်မော်င်ကဲ့သီု့ဖတ်ပါ)

khin oo may said...

လူပျိုဂျီးကိုကြိုက်လိုက်ဦးမလို့ဘဲ။
ဒါပေမဲ့ မဲမခိုးပါဘူးဆိုပြီး

khin oo may said...
This comment has been removed by the author.
khin oo may said...
This comment has been removed by the author.
khin oo may said...

အုတ်ခုံကို ကြိုက်တယ်ဆိုတော့ တို့ရဲ့စိတ်ထားဟာ နိမ့်ကျတယ် မမြင့်ဘူးလို့ မင်းသိခ်က ပြောတော့မယ်။

ညိမ်းညို said...

မကြီးပန်ရေ
ကျနော်ကတော့
၉၊ ၁၄၊ ၁၆ ပါဗျို့ :)

မောင်မျိုးပြောသလို သင်္ကြန်နားနီးရင် ဘယ်လိုပုံမျိုးလေးလာမှပါလိမ့်လို့ စောင့်ကြည့်ရမယ်ဗျ

khin oo may said...

အုန်းလက်တော့ပါမှဖြစ်မယ်။

PAUK said...

မမkom ညွှန်းလို့လာကြည့်တာပါ..
အပေါ်ဆုံးပုံကြိုက်ပါတယ်..
ကျနော့မှာ အရွက်စိမ်းစိမ်းတွေချည်းရိုက်ထားတာရှိပါတယ်..
အခု ပုံက ပန်းပါပါတော့ ပိုသဘာဝကျတာပေါ့နော်..
ကျနော်ကတော့ ဘာဘန်နာမှမလုပ်တတ်လို့ မလုပ်ထားဘူး..

nu-san said...

ဒီတခါတော့ အကုန်ကြိုက်တယ်လို့ပဲ ဖြေတော့မယ်.. :) အကြိုက်ဆုံးဆိုရင်တော့ ၁၃၊ ၁၄၊ ၁၆ ကို ရွေးဖြစ်မယ်ထင်တယ်... (တကယ်မဲမလိမ်ဘူးနော်.. :D)

Anonymous said...

ဘန်နာလေးတွေက အရမ်းလှတယ်.. ကဗျာဆန်တယ်... ကျွန်တော် အရမ်းသဘောအကျတယ်ဗျာ။
ကျွန်တော့်ရဲ့ ဘန်နာက ပြောချင်တာတွေ များလွန်းလို့ ရှုပ်သွားတယ်

Nu Thwe said...

ပုံကောင်းတွေ ရှာတတ်တဲ့အမြင်.....
အလှဆုံးအပိုင်းတွေကို ဖြတ်ပြီး banner အဖြစ် တင်တတ်တဲ့ ပညာ......
အဲဒါတွေကို အကြိုက်ဆုံးလို့ ပြောရင်
တရားမ၀င်မဲ ဆိုပြီး
ပယ်ခံရမှာလားး)

Anonymous said...

ပုံတွေအားလုံး တစ်မျိုးကို အဓိပါယ် တစ်ခု စီနဲ့ပါ။ ပုံ (၁၄) ကိုတော့ မူရင်းပုံရော ၊ ဘန်နာပုံပါ ကြိုက်ပါတယ်..

WWKM said...

ဘန်နာလေးက လှတယ် မမ ရေ။
ဝါ၀ါလဲ အသစ်ပြောင်းချင်နေတာ ရှာတုန်း။း)

Phyo Evergreen said...

ဘန်နာ ၁၀ နဲ့ ၁၃ ကိုကြိုက်ပါတယ်..။ ၁၀ ကမူရင်းပုံရော ဘန်နာပါကြိုက်ပါတယ်...။

Anonymous said...

မပန်က ဘန်နာလေးတွေ တော်တော်ရွေးတတ်တယ်။ သေချာလည်း ပြင်တယ်။ နောက်ဆို ပုံရိပ်လည်း ဓာတ်ပုံရိုက်ရင် ဘန်နာ လုပ်ရန်ဆိုတဲ့ စိတ်ထားပြီး ရိုက်မှ ထင်တယ်။

NangNyi said...

မီးပုံးလေးတွေနဲ့ အလုံးလေးတွေကို မတရား သဘောကျသွားတယ်.. ညီ့ကိုလည်း ဘန်နာလုပ်ပေး..
လုပ်ပေး လုပ်ပေး.. :'(

chocothazin said...

အားလုံးကြိုက်ပါတယ်အစ်မရေ

သက်ဝေ said...

အားလုံး လှနေပါတယ်...
အကြိုက်ဆုံးကို ရွေးရမယ်ဆိုရင်တော့...
နံပါတ် ၁၆... အလုံးလေးတွေပုံပါ...

ညီအကိုများ said...

ဖန်တီးမှုများအားခံစာသွားကြောင်းပါ။

မိုးကြယ်

မီယာ said...

အားလုံးကြိုက်တယ် မပန်... မြင်ရသူတွေကို တမျိုးစီ ခံစားမှုရသပေးနိုင်ပါတယ်.. အလျဉ်းသင့်သလို ပြောင်းပေးပါလား... မပန်အတွက် အရုပ်ကလေးတစ်ရုပ် ဓါတ်ပုံရိုက်လာပါတယ်.. အမှတ်တရပါ.. မေးလ်နဲ့ ပို့လိုက်ပါ့မယ်။

အိုင်လွယ်ပန် said...

ဘန်နာတွေ လှတယ်အစ်မရေ

ဝင်းပေါ်မောင် said...

၁၄ ကို ရွေးပါတယ်။ အလင်း, အရောင် နဲ့ ပေါင်းစပ်ပုံ ညက်ညောတယ်။

Anonymous said...

ဆရာမဂျီး....

ဘာလုပ်လုပ်လှတယ်....

ATN said...

ဘူဒူမှ မကြိုက်တဲ့ (၁၈) ကို အနော် ကြိုက်ပါကြောင်း...း)

Anonymous said...

ဘန်နာ၁၆ကိုကြိုက်ပါတယ်။
အဲဒီအလုံးလေးတွေက နှစ်သစ်မှာ ဆုတောင်းလေးတွေ ရေးပြီး မျှောထားတာနဲ့တူတယ်။

imaginary clouds no 2 said...

မောင်းမကန် မှာ ရိုက်တဲ့ပုံမူရင်း ဓါတ်ပုံကို သဘောကျတယ် ။ သာယာလို့ပါ။ မီးပုံးလေးတွေကို ရိုက်ပြီး အရောင်ပြောင်းလိုက်တဲ့ ပုံက မူရင်းပုံနဲ့ အတော်ကွားသွားတယ် ။ ရေပေါ်က ဘောလုံးပုံလဲ အဲသည့်အတိုင်းပဲ ။ ကြိုက်တဲ့ ဘန်နာကတော့ နံပါတ် ၁၁ ပါ ။

တန်ခူး said...

ပန်ရေ…

အကြိုက်ဆုံးတွေက

၁) ဘန်နာ ၁၀
၂) ဘန်နာ ၁၃
၃) ဘန်နာ ၁၈

ဘန်နာ ၁၂ ကို ပန်ကိုယ်တိုင် ဒီဇိုင်းဆွဲထားတယ်လို့ ထင်နေတာ…

shin said...

I like banner 10 the most, 11,13,14 are not bad as well.

JulyDream said...

၁၀ နဲ့ ၁၆ ကို သဘောကျပါတယ်။ အနုပညာ အမြင် အလွန်အားကောင်းနေတာ အားကျသွားပါတယ်။

Anonymous said...

အလုံးလေးက နံပါတ်(၁)ကြိုက်တယ်
နံပါတ်(၂)က ဖယောင်းတိုင်မီး
(၃)က ချယ်ရီပန်း
အခုဟာတော့မကြိုက်ဘူး :)

pandora said...

လာအားပေးကြတယ့်လူတွေကို ကျေးဇူးတင်ပါတယ်
၁၆ အလုံးလေးတွေကို ပိုပြီး လူကြိုက်များတယ်။
ထူးထူးခြားခြား ၁၈ ကိုအားပေးတဲ့ ကိုအောင်သာငယ်နဲ့ အားထုတ်မှုကို မြင်အောင်ကြည့်တဲ့ ကိုဝင်းပေါ်မောင်ကိုလည်း မှတ်တမ်းတင်အပ်ပါတယ်။ (ဟဲ)။ ကျန်တဲ့လူတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။

Anonymous said...

ဒီတစ်ခါ မလိမ်ဘူးဆိုတော့ ၁၄ ကို ရွေးတယ်...။ တကယ် မဲမလိမ်ရဘူးနော်...။

ကိုသားငယ် said...

အကြိုက်ဆုံး ကိုပြောရရင်တော့ ဘောလုံး ပုံလေးပါ ကြာပန်းပုံကတော့ အိန္ဒိယ နိုင်ငံတောင်ပိုင်း တစ်နေရာ မှာရိုက်ထားတာပါ တော်တယ်နော်... :P
http://www.thanlwin.com/new/index.php?option=com_cactus&album=5&Itemid=198

Anonymous said...

ကျွန်တော်က... ၁၇ ကိုအကြိုက်ဆုံး... ပြီးရင် ၁၂၊ ပြီးရင်တော့ ၁၀ ဗျို့

Anonymous said...

အိုင်ဒီယာကတော့ သာပါတယ်ကွာ...