Friday, March 20, 2009

ဆက်ဆံရေးတွေ ကျဲနေတယ်

ပထမတော့ အလုပ်များလို့ စာမရေးဖြစ်ပါ။ ကိုယ့်ဗွီအိုင်ပီကို အချိန်ပေးနေတာကလည်း တပိုင်းပေါ့။ နောက်တော့ စာရေးဖို့ စိတ်မပါလက်မပါ ဖြစ်နေလို့ မရေးဖြစ်ပါ။ မရေးဖြစ်တဲ့အပြင် အွန်လိုင်းလည်း သိပ်မ၀င်ဖြစ်ပါ။ သတင်းဝက်ဘ်ဆိုက်တွေ အပြင် ဘလော့ဂ် တချို့ကို ဖတ်ဖြစ်ပေမယ့်လည်း ပျောက်လက်စနဲ့မို့ ခြေရာမထားဖြစ်ပါ။ အမြဲလာရှာကြသူတွေကို အားနာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

အွန်လိုင်းပေါ်က လူမှုရေးတွေ ကျဆင်းနေပါတယ်။ ခရီးသွားမယ့်လူကို သေသေချာချာ နှုတ်မဆက်ဖြစ်တာတို့ ဘလော့ဂ်မွေးနေ့ လူမွေးနေ့တွေကို လွတ်သွားတာတို့ ကိုယ့်ကိုလာပြောတဲ့လူတွေကို စကားပြန်မပြောဖြစ်တာတို့။ စာရေးဖို့ စိတ်မရတာ အလုပ်ထဲက ဖိစီးမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အလုပ်တွေ တဖြုတ်ဖြုတ် ပြုတ်တဲ့သူ ပြုတ်နေတဲ့အချိန်မှာ၊ စီးပွားရေးကျဆင်းလာတဲ့ အလုပ်ခွင်တွေမှာ၊ ဟိုလူဒီလူ အပြစ်တင် အပြစ်ရှာနေကြတဲ့ကြားမှာ အပြိုင်အဆိုင်တွေများတဲ့ ကျွန်းကလေးထဲ ကိုယ့်နေရာလေး မပျောက်အောင် သတိထားနေရတာကိုး။ ဒီကြားထဲမှာ ပို့စ်တချို့မှာ အစာမကြေတဲ့ မှတ်ချက်တချို့ကို တွေ့ရတယ်။ ပြေလည်အောင် ပြန်ဖြေကြားပေးပါမယ်။ အကြည်ဓာတ်ကလေးကတော့ ပျောက်သွားပြန်တယ်။

အပြင်မှာ သူများတွေကို နည်းနည်းပါးပါး ကူညီဖြစ်ပါတယ်။ တွေးစရာတွေ ကူစဉ်းစားပေးတာတို့ သူများအလှူကိစ္စ ဆက်သွယ်ပေးတာတို့ပေါ့။ အကျိုးရှိသွားကြတယ် အဆင်ပြေသွားအောင် နည်းနည်းလောက် လုပ်ပေးနိုင်တယ် ဆိုရင်တော့လည်း ၀မ်းသာပီတိဖြစ်စရာပါ။ နောက်ထပ် အကူအညီတောင်းထားတဲ့ တချို့ လုပ်ပေးစရာ အကြွေးလည်း ကျန်နေသေးတယ်။

သူ.. ကတော့ အားပေးပါတယ်။ ၀ါသနာပါတာကို တဖက်တလမ်းက လုပ်မယ်ဆိုရင်လည်း စူးစူးစိုက်စိုက် လုပ်ဖို့။ တန်ဖိုးရှိတဲ့ အချိန်တွေ ကြားမှာ လုပ်ချင်တာတွေ မပြန့်ကျဲဖို့။ သူကတော့ ကိုယ်တခုခု လုပ်မယ်ဆိုရင် မပြောမဆိုနဲ့ လိုက်လိုက်ပံ့ပိုးပါတယ်။ တချို့စာတွေ ကိုယ့်ဘာသာ လေ့လာမလို လုပ်တုန်းက သက်ဆိုင်တဲ့ စာအုပ်တွေ ၀ယ်ပေး။ ကျောင်းဆက်တက်မလို စဉ်းစားတော့ ကျောင်းတွေ လိုက်ရှာပေး။ ပုံတွေဆွဲမလို လုပ်တုန်းက ဆေးတွေ ခဲတံတွေ ပုံဆွဲစက္ကူတွေ ၀ယ်ပေး (အခုထိ မဖောက်ဖြစ်သေး)။ အခုလည်း မြန်မာပြည်မှာ အသစ်ထွက်တဲ့ ကဗျာစာအုပ်တချို့ ပေးလာပြန်ပါတယ်။

ဒါနဲ့ စကားမစပ် တနင်္လာ-သောကြာ အချိန်ဇယားလေး ပြောပြချင်ပါတယ်။ မနက်ဆိုရင် ၆ ခွဲ အိပ်ရာထ။ ရေမိုးချိုးပြီး ရုံးကိုပြေး။ ညနေ ၆ နာရီ ရုံးဆင်းပြီးရင် အိမ်ပြန်ရောက်ချိန်ဟာ ၇ နာရီခွဲလောက် အစောဆုံးပါပဲ။ ညစာချက် ညစာစား ရေချိုး တခြားဗာဟီရကိစ္စတွေနဲ့ ၉ နာရီလောက်မှ စပြီး အချိန်ရပါတယ်။ ည ၁၂ နာရီ အိပ်မယ် ဆိုရင် ၃ နာရီလောက် အချိန်ရတယ် ဆိုပါတော့။ အဲဒီကြားမှာ ဖုန်းပြောစရာတွေ ရှိမယ်။ အွန်လိုင်းဝင်ရင်လည်း သတင်းတို့ တခြားနေ့စဉ် ဖတ်စရာတွေ ရှိမယ်။ တွေးစရာတွေ တွေ့ရင်တော့ ဆက်တွေးမိနေသေးတယ်။ တခါတလေကျတော့လည်း ကိုယ်စကားပြောချင်သူတွေနဲ့ ဆွေးနွေးစရာ ရှိရင် ဖြစ်ဖြစ်၊ relax အနေနဲ့ ဘာရယ်မဟုတ် ဟိုဟိုဒီဒီ ဖြစ်ဖြစ် ခဏတဖြုတ် chat ချင်သေးတယ်။ ရုံးကအလုပ်တွေ အိမ်ပါလာတဲ့ ရက်မျိုးဆိုရင်တော့ အချိန်က ရှားပါးလှတယ်။ အလုပ်နဲ့ပတ်သက်တဲ့ မဖတ်ဖြစ်သေးတဲ့ လေ့လာစရာ စာတွေကလည်း စားပွဲပေါ်မှာ ကျောက်ချနေတယ်။ တီဗွီ ကြည့်တဲ့ အချိန်ကတော့ သိသိသာသာနည်းသွားတယ်။

ဒါပါပဲ။ ညည်းညူတယ်လို့ သဘောမထားပါနဲ့။ ဟိုရောက်ဒီရောက် ရေးရင်း ပြန်ပြီး အင်ထရို ၀င်တဲ့စာ ဆိုပါတော့။

ပန်ဒိုရာ

(ဒီညတော့ အစောကြီး အိပ်သွားပြီးမှ ၁နာရီလောက်မှာ တရေးနိုးပြီး ထရေးပါတယ်။)

30 comments:

ပုံရိပ် / Pon Yate said...

ဆက်ဆံရေးတွေ ကျဲနေတယ်နော် ဟွန်း ... ဟွန်း။ ၁နာရီ ထပြီး ကြိုးစားပမ်းစား ရေးတယ်ဆိုတော့ နည်းနည်း သနားသွားတယ် မပန်ရေ။

khin oo may said...

သတိရနေပါတယ်။ မနျောက်ယှက်ချင်လို့ အသာလေးဘဲနေပါတယ။် အဆင်ပြေသလိုပေါ့။

ကိုရင်နော်ခင်လေးငယ် said...

ပျော်ရွှင်အဆင်ပြေပါစေ..း)

Unknown said...

အစ်မပန်ရေ ဒီလိုပဲပေါ့
:) ဘာပဲပြောပြော အားပေးနေပါတယ်ဗျာ ကောင်းသောနေ့ပါ :)

yehtutnaung said...

သြော်.. ဂလိုဖြစ်နေတာကိုး။ အဆင်ပြေပါစေဗျာ..

ညိမ်းညို said...

နေသားတကျနဲ့ အချိန်တွေ ပိုထွက်လာပါစေ:)

ATN said...

သိနေတယ်လေ...

မေဓာဝီ said...

ပန်ပန် ပျောက်နေတာကြာလို့ ဘလော့ကို ခဏခဏ လာကြည့်တယ်။

ဂျီတော့ခ်မှာ မနက်က ခဏတဖြုတ်တွေ့ရပေမဲ့ ဘီးဇီးဆိုင်း ပြထားတာနဲ့ မခေါ်ဖြစ်တာ။
အဆင်ပြေပါစေ ပန်ပန်ရေ ...

Nu Thwe said...

ကိုယ်ချင်းစာတယ် ညီမရေ။ ခုတောင် google reader ကနေ အသစ်လေး မြင်လို့ အပြေးလာဖတ်ရင်း ဘ၀တူချင်း ၀င်ညည်းသွားတာပါ။ လုံးဝ မပြတ်နိုင်ကြပေမယ့် prioritise တော့ လုပ်ရမှာပဲ။ အဆင်ပြေပါစေ။

လင်းဒီပ said...

တရေးနိုးရေးတဲ့စာကို အစောကြီး လာဖတ်ပါတယ်..
စာတွေပြန်ရေးမယ့်အချိန်ကို စောင့်နေပါတယ် အစ်မပန်.

Anonymous said...

အမကတော့ ဘာတွေလုပ်နေမှန်းချပြစရာ မရှိဘဲ အချိန်တွေ ကုန်နေတာ ပန်ပန်ရေ (ခုလေးတင် ပန်းနွယ်ဆီလည်း ဒီအတိုင်းရေးခဲ့တယ်...ကိုယ့်ထက်ကြီးတဲ့ သူကို ၀ိုင်းမဆူကြကြေးနော်)

Phyo Maw said...

:D cheer!

nu-san said...

မပန်ရေ.. ဆက်ဆံရေး မကျဲပါနဲ့.. ;)
အမတို့လည်း အတူတူပါပဲ.. အလုပ်ကတဖက် စိတ်ရှုတ်တာတွေက တဖက်ဆိုတော့ အလိုလိုနေရင်း Blog ရေးဖို့ကို စိတ်မပါတော့ဘူးပေါ့.. :)

:P said...

အကြည်ဓာတ်လေးတဲ့ခါ၊ အချိန်လည်းရရင် ရေးပါဦး။

Anonymous said...

ပြန်ပြီး အင်ထရိုတဲ့ စာလေးဖတ်သွားတယ် မပန်..
အင်ထရိုတဲ့ စာလေးပဲ ဖြစ်ဖြစ်အသစ်မြင်လိုက်ရလို့ ကျေနပ်သွားပါတယ်..

Anonymous said...

အဖြစ်တွေက တူနေပါတယ် အမရေ.. :D...
တထပ်တည်း ဆိုသလိုပါပဲ။ ပျော်ရွှင်အဆင်ပြေပါစေဗျာ။

ZT said...

အင်း။ ဒါကြောင့် ပျောက်နေပါတယ်လို့။ အားရင် ရေးပေါ့ မပန်ရေ။ မအားတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။

ဆောင်းယွန်းလ said...

သိပ်မကွာခြားလှတဲ့ ဘဝတွေပါမပန်ရေ..ကွာတာဆိုလို့
ကိုယ့်ဖာသာချက်ပြုတ်မစားသောက်ရတာ တခုပဲရှိပါတယ်...

အစစအရာရာ အဆင်ပြေပါစေဗျာ

P.Ti said...

ဘ၀ဆိုတာ ဒီလိုပါပဲလေ... တူတူပဲပေါ့...
တရေးနိုးတဲ့အကြံ စာရေးရန် ဖြစ်သွားတော့ ကောင်းတာပေါ့။

ကြိုးစားပြီးရေး စကားလေးဘာလေးပြောချင်ရင် ညစာကျွေး နားထောင်ပေးမယ်... :P

Moe Cho Thinn said...

ပန်ပန်က လေစိမ်းတွေ တိုက်သော်ငြားလည်း စာလေးနဲ့ လေပြေသွေးလေတော့ ကျေကျေနပ်နပ်ကြီး ကျေအေးလိုက်ကြောင်းပါ။
မအားတာမှ မပြောပါနဲ့တော့..မအားတဲ့အကြောင်းတောင် မဟနိုင်တော့လို့ လက်ပဲ ခါပြလိုက်ရတယ် :D
သူ့အကြောင်းကလဲ ပါသေးသကိုး။ စာလေးနဲ့ အင်ထရို ၀င်ပါအုံးလေ..

kay said...

အဲဒါ- ဘလော့အီခြင်း တမျိုးဖြစ်မယ်ထင်တယ်။
ဘလော့လုပ်ကာစ အရင် ကာလတွေကလည်း..အခု ပြောတဲ့..အချိန်ဇယားတွေ နဲ့ မခြားနား မကွဲပြားလှစွာ လည်ပတ်နေမှာပါပဲ။ ခုမှ ရှုပ်ချင်ဟန် မဆောင်ပါနဲ့နော်။
အဟဲ-
ဒါမှမဟုတ်..ဘလော့အကြည်ဓါတ်ခမ်းခြင်း လား ( ထူးအိမ်သင်စကားယူငှါး)

မမသီရိ said...

ပြန်ရေးတော့မယ် ဆိုလို့ ၀မ်းသာရတယ်
ဘာရေးရေး ဖတ်မဲ့သူတွေ ရှိနေတယ်.
အဆင်ပြေပါစေ

Anonymous said...

လေစိမ်းတွေတိုက်နေတယ်
လေစိမ်းတွေတိုက်နေတယ် အရင်လေ ဒေါ်လေးအပြုံးတွေ မချိုတော့ဘူးဗျာ


ဘာမှာဟုတ်ဘူးစတာ အန်တီမေဆွိသီချင်းသတိရသွားလို့း)

တန်ခူး said...

ထင်သားပဲ… ပန်ဒိုရီအနားမှာ ရှိနေလို့ ပဲ ဖြစ်ရမယ်လို့ … ဘာပဲဖြစ်ဖြစ် တို့ က ဒုတိယနေရာကိုပဲ ကျေနပ်နေမှာပါပန်ရယ် (ချွဲကြည့်တာ)… ပန်ဒိုရီဆီ တို့ အမျိုးသားကို သင်တန်းတက်ခိုင်းလိုက်မယ်… ဂရုစိုက်နည်းလေးတွေ…

flowerworld said...

တစ်ရေးနိုးအကြံလေးနဲ့ လေပြေသွေးတာပေါ့ ဟုတ်တယ်ဟုတ်.......း)

Anonymous said...

နေထိုင်များမကောင်းဖြစ်နေသလား..
ခရီးများသွားနေနေသလားပေါ့...

သူ က...

vip နားကပ်နေရတာ..ကိုး.....

TZA said...

ပေါ်လာသေးတယ်ပေါ့လေ... ပန်ပန်..

သက်ဝေ said...

"ပန်ပန်ရေ... သိနေတယ်လေ..."
ကိုယ်ပြောမယ့်စကား ကိုအောင်သာငယ်က အရင်ဦးသွားပြီ... သို့သော်လည်း ပြောမှာပဲ...
(အခုတလောမှာ ကူးယူဖေါ်ပြတာတွေက ခေတ်စားနေတယ်မဟုတ်လား...) :-P

သစ်နက်ဆူး said...

ပန်ဒိုရေ...
ဆက်ဆံရေး ကျဲတဲ့ အထဲ..အကိုတို့ လဲပါတယ်...အလုပ်များနေလို့ သိပ်မရောက်ဖြစ်တာလဲပါတယ်..
ပန်ဒို့ အချိန်ဇယားဖတ်ရတာ မောလိုက်တာ..ဒါပေမယ့်
သိပ်တော့ အပင်ပန်းမခံပါနဲ့ ...။
ဘေးမှာ အားပေးဖော်ရှိနေတော့ အမောပြေမှာပါ...။
အရာရာကို အဆင်ပြေအောင်မြင်စွာ ကျော်လွှားနိုင်ပါစေပန်ဒိုရေ..။

win latt said...

ဆက်ဆံရေး ဝန်ကြီးမရှိဘူးလား?