Friday, March 27, 2009

ပန်ဒိုရာရဲ့ မတ် ၂၇

မတ်လ ၂၇ ရက်ဟာ ဘာနေ့လဲ လို့မေးကြရင်
တခါတလေတော့ ပုဂ္ဂလိကဆန်ဆန် သီးသန့်နေထိုင်ပါရစေ။
လေရူးနဲ့ ရွက်ဝါတွေကြားက ယမ်းငွေ့တွေ သွေးစက်တွေ
သမိုင်းတွေ အမှန်တွေ အမှားတွေ ခဏဘေးဖယ်ထားလိုက်ပါရစေ။
အေးစက်နေတဲ့ လက်နက်တွေ တောင့်တင်းနေတဲ့ တူညီဝတ်စုံတွေ
သံပြိုင်အော်သံတွေ ခြေသံတဖြောင်းဖြောင်းတွေ
အနိုင်တွေ အရှုံးတွေ အငြင်းပွားမှုတွေ မရေရာမှုတွေ
အားလုံးကိုလည်း ခဏ မေ့ထားပါရစေ။
ဒီနေ့ဟာ ပန်ဒိုရာ ဘလော့ဂ်ရေးခဲ့တာ ၂ နှစ်ပြည့်တဲ့နေ့ ဖြစ်တယ်။

ဒီဘလော့ဂ်ကို လာလည်တဲ့ လူတွေ ဘယ် source ကနေ လာဖတ်ကြလဲ လို့ google analytics ကနေ ကြည့်မိပါတယ်။

google analytics ကို ဘလော့ဂ် စရေးရေးချင်းက ထည့်မထားသေးပါဘူး။၂၀၀၇ သြဂုတ် လောက်ကမှ အဲဒါကို တပ်ခဲ့တယ်။ အဲဒီကနေ အခုအချိန်အထိ စုစုပေါင်းကို ကြည့်ရင် ဒီဘလော့ဂ်လင့်ခ်ကို တိုက်ရိုက် လာတာက ၁၅.၀၅ % ရှိတယ် ပြောတယ်။ Referral ကနေ လာတဲ့အထဲမှာ wesheme က ၇.၅၆ % ဆုံဆည်းရာက ၅.၆၈ % နိုင်းနိုင်းစနေဘလော့ဂ်က ၅.၄၈ % ဖြစ်တယ်။ ကျန်တာတွေက တခြား ဘလော့ဂ်နဲ့ တခြား sources တွေကပါ။ ဒါက တစ်နှစ်ကျော် စုစုပေါင်း စာရင်း ကိုပြောတာပါ။

လတ်တလော နောက်ပိုင်း အချိန်တွေမှာတော့ မနိုင်းနိုင်းဆီက တဆင့် လာတာ များပါတယ်။ ဆုံဆည်းရာကတော့ လင့်ခ် မရှိတော့တာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၇ ကနေ မတ်လ ၂၆ အထိဆိုရင် ဘလော့ဂ်ကို တိုက်ရိုက်လာတာ ၁၅.၅၂%၊ နိုင်းနိုင်းစနေက ၁၁.၆၂%၊ နဲ့ ကိုပေါက ၇.၇၆%၊ whesheme က ၆.၆၁% ဖြစ်ပါတယ်။ ကျန်တာတွေကတော့ တခြားဆိုဒ်တွေကပေါ့။

မနိုင်းနိုင်း၊ ကိုပေါ၊ ကိုအန်ဒီမြင့်၊ ဆုံဆည်းရာ အပါအ၀င် တခြားလင့်ခ်ပေးထားတဲ့ လူတွေ၊ လာဖတ်ကြတဲ့လူတွေ၊ ဝေဖန်အကြံပြုသွားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ စာရေးတယ်ဆိုတာ ရေးချင်လို့ ရေးတာက တပိုင်း ဆိုပေမယ့် ဝေမျှဖတ်ရှုခြင်းကလည်း အရေးကြီးနေပါတယ်။ တချို့ရင့်ကျက်မှု အဆင့်တခုကို ရောက်သွားရင်တော့ ဘယ်သူခံစားစား မစားစား ကိုယ့်ဘာသာ ဖန်တီးနေရတာကိုပဲ ပျော်မွေ့နေတယ် လို့ ကြားဖူးပါတယ်။ ကိုယ်တိုင်ကတော့ အဲဒီအဆင့်နဲ့ မနီးစပ်သေးပါဘူး။ လာဖတ်ကြတဲ့ အတွက် ကိုယ်ရေးတာလေးတွေကို ဝေမျှခံစားခွင့်ရလို့ ကျေနပ်ပါတယ်။

ဘာလို့ဒီဘလော့ဂ်ကို လာသလဲ ဆိုတာကိုလည်း စစ်တမ်းလေး ကောက်ခဲ့သေးတယ်။ အများစုက စာဖတ်ချင်လို့ လာတယ် လို့ ဖြေပါတယ်။ အချိန်တွေ ရှားပါးလွန်းတဲ့ အတွက် စာဖတ်ပြီး စာရေးတဲ့ ဘက်ကို ပိုများများသုံးဖြစ်မှာမို့ လာဖတ်သူတွေကို ဧည့်ဝတ်မကျေနိုင်တဲ့အခါ ခွင့်လွှတ်စေလိုပါတယ်။

ဆက်လက်ရှင်သန်နေပါဦးမယ်။
ကျေးဇူးတင်ပါတယ်။

ပန်ဒိုရာ

(မနှစ်က တနှစ်ပြည့် ရေးခဲ့တဲ့ ကဗျာ)

49 comments:

Nyein Chan Aung said...

Congratulation for your 2nd year anniversary!

ဒီပိုစ့်ကို အစောကြီးထတင်တာလား၊ မအိပ်သေး တာလား။ ဘလောဒ့်ပိုင်ရှင်ရဲ့ ဆန္ဒအတိုင်း ဆက်ပြီး ဘလောဒ့်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...

ခင်မင်စွာဖြင့်..

yehtutnaung said...

တော်လှန်ရေးနေ့ နဲ့  တိုက်ဆိုင်တာ အံ့သြမိပါတယ်..။ ထူးခြားသော နေ့ ၊ ဤ ၂ နှစ်ပြည့်မှသည် စိတ်သွားတိုင်း ကိုယ်ပါသည်အထိ blogging လုပ်နိုင်ပါစေဗျာ..။
၁ နှစ်ပြည့် ကဗျာကိုလဲ ခံစားသွားပါသည်။

M.Y. said...

ထာဝရရှင်သန်နေပါစေ

Moe Cho Thinn said...

ညီမပန်ပန်ရဲ့ ကဗျာလေးတွေ စာလေးတွေ တခုတ်တရ လာဖတ်နေအုံးမှာပါ။
၂နှစ်ပြည့်တာ ၀မ်းသာတယ်။ နောင်နှစ်တွေလဲ လာအုံးမယ်။ (သင်္ကြန်သံကြပ်တွေလိုတောင် ဖြစ်သွားပြီ) :))

MANORHARY said...

နှစ်ပတ်လည်ပေါင်းများစွာတိုင်ပါစေ
ကဗျာကောင်းလေးတွေလည်းများများတင်နိုင်ပါစေ
(ဆိုလိုတာက ကဗျာတွေတင်ဦး၊ရေးဦးလို့ပြောတာ..
ဒီစစ်ပွဲကြီးပြီးရင်..လိုကဗျာမျိုးတွေ..)

Anonymous said...

နှစ်နှစ်မှသည် နောင်နှစ်ပေါင်းများစွာအထိ အမပန်ဝေမျှမယ့် စာတွေကို ဖတ်ရှုချင်ပါတယ်ခင်ဗျာ

သက်ဝေ said...

လွတ်လပ်စွာ ဆက်လက် ပျံသန်း ရှင်သန်နိုင်ပါစေ...

Anonymous said...

၂နှစ်ပြည့်မှသည်...
ရှင်သန်ခြင်းတွေ
ဆက်လက်ဖြန့်ခင်းနိုင်ပါစေလို့...
ဆန္ဒမွန်ဖြင့်~

မေဓာဝီ said...

လောလောဆယ်ကတော့ မေးလ်ထဲကနေ လာခဲ့တာ ပန်ပန်ရေ ...
မေးလ်က ရောက်တာ အမြဲနောက်ကျလို့ တခါတခါဆိုရင် တိုက်ရိုက်ဝင်တယ်။ ကွတ်ကီးတွေ ဖျက်ထားမိလို့ တိုက်ရိုက်ဝင်မရရင် ပန်ဒိုရာလို့ ရိုက်ထည့်ပြီး ဂူဂဲလ်ကတဆင့်ဝင်တယ်။
တခါတခါတော့လည်း တခြားဘလော့ဖတ်ရင်း အသစ်တက်နေတာမြင်ရင် ၀င်လိုက်မိတာပဲ။ ဟဲဟဲ ... လမ်းကြောင်းတွေ စစ်တမ်းကောက်နေလို့ လာရာလမ်းကြောင်းတွေ ပြောပြတာပါ။

ပန်ပန့်ဘလော့လေးတောင် ၂-နှစ်ပြည့်သွားပြီနော်။ အချိန်တွေကုန်တာ မြန်လွန်းသလိုပဲ။

ရှင်သန်ခြင်းတွေ ဖြန့်ခင်းထားတဲ့ ပန်ဒိုရာရဲ့ ဘလော့လေးနဲ့တကွ ... ချစ်သော ပန်ဒိုရာ ... ဆက်လက်ပြီး ရှင်သန်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Anonymous said...

မပန်.. ၂နှစ်မှ နှစ်ပေါင်းများစွာ စာတွေအများကြီးရေးနိုင်ပါစေ..

မမသီရိ said...

မပန်လေးက ၂ နှစ်တောင်ပြည့်ပြီကိုး...း)
ဒါဆို.. လမ်းကောင်းကောင်းလျှောက်တတ်ပြီ..း)
ဂျတားတွေလဲ ပေါတတ်ပီပေါ့...း)
...
ချစ်လို့ စတာပါ မပန်ရေ..
အသက်နဲ ကိုယ် မြဲနေသရွေ့ .. လူတွေရဲ့ ခံစားချက်တွေ အတွက် အားဆေး ဖြစ်တဲ့.. စာပေ အနုပညာတွေ ဖန်တီး သွား နိုင်ပါစေ လို့ ဆုတောင်းပေးတယ်နော်...
...
ချစ်စရာ ၂ နှစ်သမီလေး ရဲ့ မွေးနေ့ ကို ဂုဏ်ပြုပါတယ်

မမသီရိ

ပုံရိပ် / Pon Yate said...

နှစ်နှစ်ပြည့်ကနေ သုံးနှစ်ပြည့် လေးနှစ်ပြည့်တွေ လုပ်နိုင်ပါစေ မပန်ရေ။ ပုံရိပ် စဖတ်ကတည်းကပဲ တကယ်ကို နှစ်နှစ်သက်သက် ဖတ်ဖြစ်တဲ့ မပန်ရဲ့စာတွေကို အမြဲ ဆက်ဖတ်ချင်ပါတယ်။

နိုင်းနိုင်းစနေ said...

ဘာနေ့၊ ဘာလဲတော့ သိပ်မသိဘူးပေါ့နော်

ကျောင်းတစ်ရက်ပိတ်လို့ ပျော်တယ်
ဗန်ဒိုရာ နှစ်နှစ်ပြည့်လို့ ဝမ်းသာတယ်

ဒီထက် စာတွေ၊ ကဗျာတွေ၊ ပန်းချီတွေ များများရေးနိုင်၊ ဆွဲနိုင်ပါစေလို့..း)

Phyo Evergreen said...

၂ နှစ်တောင်ပြည့်သွားပြီး အချိန်တွေကလည်းမြန်လိုက်တာ အားပေးခဲ့တာလည်း ၂နှစ်ပြည့်ပါတော့မယ်

Anonymous said...

အမ .. အမြဲပြောခဲ့သလို အမတယောက်ကောက်ရခဲ့ရတဲ့ ဒီနေရာလေးကို အမြဲအားပေးနေမှာပါ ။ တနေ့ စာရေးဆရာမကြီး ပန်ဒိုရာရဲ့ စာအုပ်ကို ဖတ်ဖို့ မျှော်လင့်ရင်း ...း)

-ညီမ-

စိုးဇေယျထွန်း said...

နှစ်သားဆိုတော့ လူဆိုရင် စကားမပီကလာ ပီကလာ ပြောတတ်နေလောက်ရောပေါ့

Anonymous said...

စာတွေအများကြီးဆက်ရေးနိုင်ပါစေ ဒေါ်လေးရေ့...နေ့ရက်တွေတော်တော်များများဘလော့
လေးနဲ့ အဖော်ပြုခဲ့တာပဲ ကျေနပ်တယ်ဟုတ်..။
လူကိုလည်းခင်လို့လာတာ စာလည်းဖတ်ချင်လို့လာတာပါး)

Congratulation

kay said...

အဲ- တို့နဲ့.. တလ ကွာ အမွာပူး ညီအမတွေပေါ့..ဒါဆို-
၂ နှစ် စာ ဘလော့ သက်ပြင်းလေး မချလိုက်မိဘူးလား။
တကယ်တော့..ဘလော့ဂင်းမှာ curve လေးတခု ရှိတယ်။
သေချာ ကြည့်ရင် အားလုံး အဲဒီ curve trend လေး အတိုင်းပါပဲ။
ဘာပဲပြောပြော- ၂ နှစ်စာ မျှဝေ ပျော်ရွှင်ခဲ့တာတွေက..အလကားမဟုတ်ခဲ့သလို.. ရှေ့ကိုလဲ.. စိတ်စေတနာ..ပျော်ရွှင် ကျေနပ်စရာ ခံစားချက်တွေနဲ့ အတူတူ ဆက်သွားကြအုံးမယ်လေ..း)

nu-san said...

မပန်ရဲ့ ဘလော့ခ်က ၂ နှစ်တောင်ပြည့်သွားပြီနော်.. Blogspot ရှိနေသရွေ့“ရှင်သန်ခြင်းတွေ ဖြန့်ခင်းထားတဲ့ နေရာလေး” မှာ မပန် ပို့စ်အသစ် အသစ် တွေ အများကြီး ရေးဖြစ်ပါစေ.. :)

ZT said...

၂ နှစ်ပြည့်က စပြီး သားသမီး မြေးမြစ်များ ရသည့်တိုင် ဘလော့ခ်အရေး မပျက်ပဲ ရှိနိုင်ပါစေ။

:P

ခင်မင်းဇော် said...

ဒီနေ့ တော်လှန်ရေးနေ့လေ...
၂ နှစ်ပြည့်မှသည်.... နှစ်ပေါင်းများစွာ ရှင်သန်ခြင်းတွေ ဖြန့်ခင်းနိုင်ပါစေ....

Anonymous said...

I can't go online. I am using my friend's PC.
Anyway March is a significent Month in Burmese history. Your blog is one of a kind in this blogosphere. It is significent enough for us. Wish this blog longlasting. From the 2nd anniversary to the centennial.

ATN

Anonymous said...

Congrats, aunty!!!

လင်းဦး(စိတ်ပညာ) said...

ဆက်ပြီး မျှဝေ Blogging နိုင်ပါစေ...
ဆက်လက် ဖတ်ပါ့မယ်.... မပန်ဒိုရာရေ....
ဘာလိုလိုနဲ့ (၂)နှစ်ပြည့်ခဲ့ပြီပေါ့.... ကျွန်တော်တို့ စရေးတုန်းကတော့ ဘလောဂ်ကတော့ သိပ်မရှိဘူးနော်.... ဒီလူနဲ့ ဒီလူတွေပဲ

tututha said...

အစ်မဆီကိုလာပြီး အကြံပြု ဖျက်ရှုသွားတဲ့အတွက် ကျေးဇူးနော် .. ဒါနဲ့ ပန်က မိန်းမကြီးလေးယောက်ထဲမှာ ဘယ်တယောက်လဲဟင်။

Anonymous said...

၂ နှစ်ပြည့် နေ့မှသည် နောင်နှစ်များမှာလည်း များများရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် စောင့်မျှော်လျက်ပါ အစ်မ။

ကိုပေါ said...

အမြဲတမ်း ရှင်သန်နေပါစေလို့ (ကျမ) ဆုတောင်းလိုက်ပါတယ်။း-)

အသစ်တက်နေတာတွေ့ရင် လာဖတ်ဖြစ်ပါတယ်။

strike said...

လိုအင်ဆန္ဒအပေါင်းနှင့်ပြည့်စုံနိုင်ပါစေ

မီယာ said...

မပန် အမြဲ စောင့်ဖတ်ပါတယ်

လင်း said...

အမြဲတမ်းရှင်သန်နိုင်ပါစေ မပန်။

ရွှန်းမီ said...

မမပန်ဒိုရာတောင် ၂နှစ် ပြည့်ပြီကိုး ...
ညီမလေးလည်း ရှေ့ကမမကို ငေးရင်း ပေကပ်ပေကပ်နဲ့ လိုက်လာပါတယ် =)
မမကြီး လိုရာခရီးတိုင်းကို ရောက်ပါစေ..

လင်းဒီပ said...

မကြီးပန် ဆက်လက်ရှင်သန်ပါ..
အမြဲ အားပေးနေပါတယ်..။
ကျန်းမာချမ်းသာ စာများများ ရေးနိုင်ပါစေ..။

Anonymous said...

ဟယ်...

ကိုယ့်ထက်ကြီးတာပဲ...
၁နှစ်နဲ့၇လတိတိ.

ပန်ဒိုရာ...ရေ....
ဒီ့ထက်စူးရှတဲ့ အတွေးအရေးတွေနဲ့
ဒီ့ထက်မကအောင်မြင်ပါစေ..လို့...။

ခင်မင်လေးစားစွာ

GreenGirl said...

နောက်ထပ် နှစ် နှစ်ဆယ်မက စာတွေရေးနိုင်ပါစေ

လွမ်းသုရင် said...

အနုပညာတွေ ဆက်လက်ရှင်သန်နိုင်ပါစေ...

Unknown said...

အစ်မပန်ရေ အားပေးလျက်ပါ ကောင်းသောနေ့ဗျာ :)

Anonymous said...

ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့
ရေးတဲ့စာတွေကို
့ဘလော့လောကထဲ ရှိနေသ၍
အားပေးနေအုံးမှာပါ၊
ဒီထက်
မပြောတတ်ဘူး။

@}-/--------------

နှစ်နှစ်ပြည့်မြောက် ပန်းလက်ဆောင်ပါ။

တန်ခူး said...

ဒီဘလော့ဂ်လေး မွေးနေ့ ရောက်တိုင်း စိတ်ထဲမှာ ခံစားနေရတာထက် အတော်ငယ်တယ်လို့  အမြဲထင်နေမိတယ်… ဘာလို့ လဲဆိုတော့ ဖတ်ရတဲ့စာတွေက အရမ်းလူလားမြောက်နေလို့ ရယ် ရင်းနှီးမှုက ၂ နှစ်မက လို့ ရယ်ပါ… မဘလော့ဂ်ခင်ကတည်းက အားကျမိတဲ့ ဘလော့ဂ်လေးမို့  သက်တော်ရာကျော်ရှည်ပါစေ ကျန်းမာပါစေလို့ ဆုတောင်းပေးမိတယ်… စာဖတ်နေရရင်ကို ကျေနပ်နေပါပြီလေ… စိတ်လက်ပေါ့ပါးစွာ ဘလော့ဂ်ပါ ပန်ရေ… အမြဲအားပေးနေမှာပါ…

Anonymous said...

၂ နှစ်ပြည့် ဘလော့ဂါအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ...။
ကျောက်စာ ၊မှင်စာ၊ ပေစာ၊ ပုရပိုက်စာ၊ ပုံနှိပ်စာ၊တိုနဲ့
စာပေတာဝန်၊ အမျိုးသားရေးတာဝန်၊ လူသားမျိုးနွယ်တာဝန်တို့ကို
ကျေပွန်ခဲ့သော စာဆိုတို့အတိုင်း ယခု ၂ နှစ်ပြည့် ဘလော့ဂါ
မပန်ဒိုရာ ၏ အင်တာနက်စာပေအပေါ် တာဝန်ယူမှု ကျေးဇူးပြုမှုတို့အတွက်
အတိုင်းအဆမဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်... ဆရာမပန်ဒိုရာ...
နောင်နှစ်ပေါင်းများစွာ အနုပညာ စာပေမျိုးစုံကို စိတ်အေးချမ်းသာစွာ
ဆက်လက်ရေးဖွဲ့သွားနိုင်ပါစေလို့ ဆုမွန်မေတ္တာ ပိုသရင်းနဲ့

ခင်မင်လေးစားခြင်းများစွာဖြင့်
မိုးလှိုင်ည

Anonymous said...

27 Mar 09, 08:11
Dr Saw: Happy Birthday PANDORA...Long live on blog!!!

27 Mar 09, 14:38
Pinkgold: ပန်ပန်ရေ comment ပေးလို့လည်း အရ၀ူး.. 2 နှစ်မှသည် နောင်နှစ်ပေါင်းများစွာအထိ creation များများ လုပ်နိုင်ပါစေ

28 Mar 09, 09:47
Orange Chit Thu: ၂နှစ်မှ နှစ်ပေါင်းများစွာ စာတွေအများကြီးရေးနိုင်ပါစေ.

28 Mar 09, 02:21
နှင်း: နှစ်နှစ်ပြည့် ဘလော့လေး နှစ်ပေါင်းများစွာ.... အောင်မြင်မှုပေါင်းများစွာ...အဓွန့်ရှည်ပါစေ။

ဟန်သစ်ငြိမ် said...

ကျွန်တော်တို့ လေးစားရတဲ့ ဘလော့ဂ်တစ်ခုက ၂ နှစ်ပြည့်သွားပြီဆိုတော့ အားရကျေနပ်မိတယ်ဗျို့...။

နောင်နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန် အကျိုးပြုနိုင်ပါစေဗျာ။

ဇနိ said...

ဆက်လက်ပြီး... ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ

သစ်နက်ဆူး said...

ခင်မင်ရတဲ့ ...
ပထမဆုံး ကွန်မန့် ရှင် ပန်ဒိုရေ...
ကျနော့်ဘလော့ဂ်လေးကို ပထမဆုံး လာအားပေးခဲ့ တာကို မမေ့နိုင်ပါဘူး...
ပန်ဒိုရဲ့ ဘလော့ဂ် ၂နှစ်ပြည့်အထိမ်းအမှတ်လေးကို ဂုဏ်ပြုပါတယ်ဗျာ...
လှိုက်လှုက်လှဲလှဲပါ...
၂ နှစ်မှသည်...နှစ်ပေါင်းးးးးးးးများစွာ။

TZA said...

နောက်နှစ်ပေါင်းများစွာအထိ ဖတ်လိုပါတယ်ခင်မျာ။ အိမ်ရှင်မပန်ပန် ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက်ဘလော့နိုင်ပါစေ။

ကလူသစ် said...

ယုံကြည်ရာခရီး ဆက်နိုင်ပါစေဗျား

Andy Myint said...

မပန်က ကျွန်တော့်ထက် ၁လ လောက် စောရေးတာ။ ဘလော့မှာ သက်သက် ပြောပါတယ်။ ဖိုရမ်တွေမှာတော့ ကျွန်တော် မသွားဖြစ်ခဲ့ပါဘူး။
ဘလော့မှာ ၂ နှစ်ဆိုတာ အတော် မနည်းမှန်း ကိုယ်တွေ့ပါပဲ။ မနည်းဘူးဆိုပေမည့်လည်း အခုထိ ဘလော့ရေးတာ ဖတ်တာဟာ ထမင်းစား ရေသောက်ကို မဖြစ်သေးဘူး။ ရည်းစားထားတာတောင် ၂ နှစ်အကြာမှာ အတော် စိတ်မလှုပ်ရှားတော့ပေမည့် ဘလော့မှာတော့ ၂ နှစ်ကြာလည်း အရင်ကလောက်တော့ အရှိန် မကောင်းတော့ ပေမယ့် ပိုးမသေသေးဘူး ဖြစ်နေတယ်။ မပန်ရော .. အဟီး။

ကလိုစေးထူး said...

တမိနစ်နောက်ကျသွားပြီ။ နှစ်နှစ်လဲ ပြည့်လို့သွားပြီ။ အဟဲ... နောက်ကျ ဘရာဗိုလေး လာပေးတာပါဗျာ။ ဘလော့ဖက် ဘလော့ဖက် မမလေးဒိုရာတယောက် အေပရယ်လ်ဖူးမှာ..ရူး...အဲ၊ နောက်ထပ်ပို့စ်ပေါင်းများစွာ ဆက်ဘလော့ဂ်နိုင်ပါစေ။
ခင်မင်စွာ

pandora said...

30 Mar 09, 22:27
YoungGun: မောင်ငယ်သေနတ်ကလေးမှ နောက်ကျှဆန္ဒပြုသွားကြောင်းပါ
30 Mar 09, 22:26
YoungGun: မပန်ဒိုရာ .. ညာလက်နဲ့ရေးရေး၊ ဘယ်လက်နဲ့ရေးရေး အသွေးသားမှာ အနုပညာတွေ စက္ကန့်မလပ် ဆက်လက်စီးဆင်းနိုင်ပါစေ
30 Mar 09, 22:24
YoungGun: မည်သို့ဆိုစေ ကျွန်တော်ကတော့ ပန်းလှေတစ်စီးထံမှ ကြဲချမည့် ဝတ်မှုံများကို ယုံကြည်ရဲရင့် မျှော်လင့်လျက် ..


30 Mar 09, 15:05
Wai Lwin Zaw: အစ်မရေ နှစ်နှစ်ပြည့်မှာပျော်ရွှင်နိုင်ပါစေ။
30 Mar 09, 15:04
ထက်ဇော်: စာလာဖတ်သွားပါတယ်.. ဆက်လက်လျောက်လှမ်းနိုင်ပါစေ။
30 Mar 09, 14:15
ဒူကဘာ: ၂နှစ်မြောက်မှသည် ထင်သလောက် ဘလော့ဂ်ဂင်းနိုင်ပါစေ ...လိုအပ်ရင် လမ်းပြမြေပုံပါဆွဲ ပြီးချီတက်နိုင်ပါစေ။


အားပေး ဆုတောင်းသွားတဲ့ သူငယ်ချင်းတွေ မောင်နှမတွေ အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်။
ပန်ဒိုရာ

Taungoo said...

ပျော်ရွှင်ဖွယ် နှစ်နှစ်ပြည့် မွေးနေ့မှစ၍ ဆက်လက်ချီတက်နိုင်ပါစေ မပန်ရေ