Saturday, July 25, 2009

ကောင်မလေးပုံ



ဘာရယ်မဟုတ်ပါဘူး။ ကွန်ပြူတာထဲမှာ လူပုံလေး ဆွဲကြည့်တာပါ။ ဘယ်သူ့ပုံတူမှလည်း မဟုတ်ပါဘူး။ ဒီလိုပဲ လျှောက်ဆွဲလေ့ရှိပါတယ်။

ပထမပုံက paint ထဲမှာ pencil tool ကိုသုံးပြီးဆွဲတာ။ မောက်စ်နဲ့ မဟုတ်ဘူး။ မောက်စ်တပ်ရမှာ တိုးလို့တန်းလန်းမို့ ရှုပ်လို့ မသုံးတာကြာပြီ။ touchpad မှာ လက်ညိုးလေး ထောက်ပြီးတော့ပဲ ဆွဲပါတယ်။

ဒုတိယပုံကတော့ အဲဒီပုံကို photoshop ထဲထည့်ပြီး filter > artistic အောက်က poster edges ဆိုတဲ့ effect ထည့်လိုက်တာပါ။


စာတွေ မတင်သေးခင်စပ်ကြား ပုံလေးတွေ ကြည့်ထားကြပါ။ ;)

(ဒီအောက်က ပုံလေးတွေကတော့ ပန်ဒိုရာဆွဲထားတာ စောင်းနေတဲ့အတွက် ကိုအောင်သာငယ်က ပြန်တည်းဖြတ် ပေးထားတာပါ။ ပိုလှသွားပြီ။ ကျေးဇူးပါ အလှဖန်တီးရှင် ကိုအောင်သာငယ်။း))





ပန်ဒိုရာ

25 comments:

:P said...

ပုံအောက်က နာမည်က ပုံထဲက ကောင်မလေးနာမည်လား :D

နွေဆူးလင်္ကာ said...

ပုံလေးက လှပါတယ်။ အရောင်လေးပါလိုက်ရင် ပိုလှသွားမှာပါ

လင်းဒီပ said...

ပုံလေးတွေ အရင်ကြည့်ထားပါဦးဆိုတော့လည်း
ဟုတ်ကဲ့ ကြည့်ရင်းစောင့်နေပါတယ်....
ဒါလည်း Cover Girl လေးပဲပေါ့....:)

rose of sharon said...

လှသားဘဲ.... ပုံတူထင်ရဲ့

သက်ပိုင်သူ said...

မမပန်က လက်ညှိုးလေးထောက်ဆွဲတတ်တယ်
ကျွန်တော်ကတော့ မဆွဲတတ်သေးဘူး

Rita said...

အပြင်မှာလဲ အဲလိုလေးပဲနေမှာလို့ တွေးသွားတယ်။

MANORHARY said...

အဲပုံကို
စတေးတပ်စ တစ်ခုမှာတွေ့တော့
ကာလာနဲ့ပါ...
ခုကျ ကာလာလည်းမပါဘူး
ပြန်ထည့်ပေး ...
း)

ကိုအောင် said...

ပုံလေးကို ကြည့်ရူသွားပါတယ်။

မေဓာဝီ said...

ပန်ပန့်လက်ညှိုးလေး လိုချင်လိုက်တာ။
မမေလက်ညှိုးဆို ကိုယ်သွားစေချင်တဲ့ နေရာ ဘယ်တော့မှ မသွားဘူး။
ပန်ပန်ကတော့ လက်ညှိုးညွှန်ရာ ပုံဖြစ်တာပဲ။
တော်ပေစွ ....

Moe Cho Thinn said...

အေးချမ်း ငြိမ်သက်ပုံပဲ။ ချစ်စရာလေး..

တန်ခူး said...

အဲဒီကောင်မလေးက တို့ သိတဲ့ကောင်မလေးလိုပဲ... မျက်လုံးလေးတွေ... နှုတ်ခမ်းလေးတွေ... မှန်ကြည့်ပြီးဆွဲတာလား ပန်

pandora said...

စင်ဒဏ်လား> ပုံအောက်ကနာမည်က ကောင်မလေးမဟုတ်ဘူး။ အဲဒီနာမည်ပိုင်ရှင်က ကောင်မလေးထက် ပိုလှတယ် ဆိုပဲ။

နွေဆူးလင်္ကာ> ပျင်းလို့ မထည့်တော့ဘူးနော်။ အရောင်ပါတဲ့ မျက်မှန်လေး တပ်ကြည့်လိုက်။

လင်းဒီပ> စောင့်ပါ စောင့်ပါ။

rose of sharon > သန်းခြောက်ထောင်မှာ တယောက်ယောက်နဲ့တော့ တူနိုင်ပါတယ်။ :)

သက်ပိုင်သူ> ဒါဆို လက်သန်းလေးနဲ့ ဆွဲကြည့်ပါလား။

Rita> အပြင်မှာ... ပုံဆွဲသူကို ပြောတာလားဟင်.. ဒီ့ထက် လှတာပေါ့ ဟဲဟဲ

မနော် > ဟိုဟာက နောက်ထပ် တပုံပါ။ မွှားနေဘီ။

ကိုအောင် > ပုံလေးကြည့်သွားတာ ကျေးဇူးပါ

မမေ> အင်္ဂုလိမာလကိုသွားမပြောနဲ့နော်။

မမိုးချိုသင်း > ဟုတ်မယ်နော်။ သူလေးက ချစ်စရာလေးပါ။ ;)

မတန်ခူး.> ဟုတ်သေးဝူး ထင်တယ်နော်။

ခင်မင်းဇော် said...

တို့ကတော့ ပထမ အစောင်းပုံလေးကို ပိုကြိုက်တယ်။ တည့်လိုက်တာ တမျိုးကြီးဖြစ်သွားသလိုပဲ။

Anonymous said...

ပုံလည်း ပြင်ပေးရသေးတယ်...
အလှဖန်တီးရှင်လို့လည်း အပြောခံရသေးတယ်...
တော်သေးတာပေါ့လေ...
နံမည်က မပြောင်းသွားလို့...

ATN

tin min htet said...

Paint နဲ့ကို ဒီလောက် ဆွဲနိုင်တာပဲ။ ArtRage 2 ဆိုတာ သုံးကြည့်ပါလား တကယ် စုတ်တံနဲ့ ဆွဲရသလိုပဲ။ Freeware။ ကျွန်တော်ဆွဲတတ်လို့တော့ မဟုတ်။ သမီးသုံးတာ။

ဂျစ် said...

ပုံလေးက ရိုးရိုးရှင်းရှင်းလေးနဲ့
ကြည့်လို့ ကောင်းတယ်နော် ။

ခင်မင်စွာဖြင့်
ဂျစ်တူး

ရွှန်းမီ said...

ပန်းချီလည်း ဆွဲတော့မယ်ပေါ့လေ =)

littlebrook said...

အကိုကတော်လှချည်လား pencil tool နဲ့ လက်ငြိမ်ငြိမ်ထားဖို့ဆိုတာ တော်တော့ကို မလွယ်ဘူး
လှတယ်ဗျ

littlebrook said...

ဆောရီး အမရေ ... ကျွန်တော်က ပုံလေးပဲကြည့်ပြီး
မန့်မိတာ ဟီးဟီး

ကိုလူထွေး said...

တော်တော်လက်ငြိမ်တယ် ပြောရမယ်...
အရေးအကြောင်းတွေကို လိုသလိုဆွဲယူနိုင်တယ်ဆိုတာ အရည်အချင်းပဲ...
တော်တော်လေ့ကျင့်နိုင်မှ ဖြစ်တာ...

ကြည်ဖြူပိုင် said...

တော်လိုက်တာ။ အရမ်းကို လှတဲ့ပုံလေး ။မမချိုသင်းပြောသလိုပဲ အေးချမ်းငြိမ်သက်ပုံ။ ချစ်စရာလေး။ အပြင်မှာဆိုရင်လဲ အဲဒိကောင်မလေးက အဲလိုလေးပဲနေမှာနော်။ ပါရမီရှင်လေးပန်ဒိုရာ

ရွှေပြည်သူ (ShwePyiThu) said...

ကောင်မလေးက ချစ်စရာလေး အစ်မ။ ဒါပေမယ့် (မမြင်ဖူးပေမယ့်) ဆွဲတဲ့သူက ပိုလှမယ် ထင်တာပဲး)

မလေး said...

ပန်ဒိုရာဆွဲထားတဲ့ ပုံလေးက ဒို့သမီးလေးကျောင်းမှာ သူ့ပုံတူဆွဲလာတဲ့ ပုံနဲ့ခပ်ဆင်ဆင်ပါလား။
အဲ့ဒီပုံလေးတုန်းကလဲ အဲ့ဒီလိုပဲချစ်စရာလေးရယ်..
သမီးနဲ့တော့ မတူခဲ့ပါဘူး..
သူကတော့ ဆရာမတွေနဲု့ ပုံတူဆွဲလေ့ကျင့်တာလို့ပြောတာပဲကွယ်..သူဆွဲတာကလက်နဲ့
ရိုးရိုးပါ။

Winkabar said...

ပုံတူဆွဲပေးမလား အစ်မ :D

ကိုရင်နော်ခင်လေးငယ် said...

အတော်ချစ်စရာကောင်းတဲ့ ကောင်မလေး..... လို့
ကောင်မလေးကို ပြောပြပေးပါလား..။
း))

မျက်နှာလေးက အေးချမ်းလိုက်တာ...