
ကပ်
နေ့လား ညလား
နောက်တနေ့မှာ ကိုယ့်အလှည့်လား
တစက္ကန့်ချင်း တလှုပ်လှုပ် ငုတ်တုတ် စောင့်
ချောက်.. ချား.. စရာ
ဂြိုလ်ပြာပေါ်က တောက်လောင် ပေါက်ကွဲသံများ
အညစ်အကြေးတွေကို သူ့ကျောပေါ်က လှုပ်ခါချချိန်
သွေးရူးသွေးတမ်း ဒဏ်ရာတွေ ယားယံရောင်ရမ်းချိန်
ချစ်သူချင်း နမ်းရှိုက်နိုင်ခွင့်
မိသားစုချင်း ရင်ခွင်အပ်ခွင့်
မိတ်ဆွေချင်း လက်ဆွဲနှုတ်ဆက်ခွင့်
အချိန်.. ဘယ်လောက်ကျန်ပါသလဲ
ရောဂါပိုးမွှားတွေက တမြို့ပြီး တမြို့ သိမ်းပိုက်လာခဲ့
ကုထုံးတွေ ဆေးဝါးတွေ ချွေးဒီးဒီးကျ
တဖျစ်ဖျစ် တာစူနေသော ချော်ရည်ပူများ
လေပြင်းတွေ လှိုက်ဖိုငိုရှိုက် မှုတ်ထုတ်
ရေလှိုင်းတွေ အငန်းမရ ချီတက်ဝါးမျို
မြေကြီးတွေ ကွဲအက် တုန်ခါ ပြတ်ရွေ့
ပြောင်းလဲလာပြီ ပူပြင်းလာပြီ ပျော်ကျလာပြီ
တံပိုးခရာတွေ စူးစူးရှရှ တွန်မြည်သံ
ကစဥ့်ကလျား ပြေးကြလွှားကြ တက်နင်းကြ တွန်းတိုက်ကြ
နစ်မြုပ်ကြ လဲပြိုကြ ကြေမွပျက်စီးကြ လှောင်ပိတ်ကျန်ရစ်ကြ
ဘယ်သူ့ကိုမှ မကမ်းလှမ်းနိုင်တော့ဘူး.. တဲ့
ပန်းပွင့်တွေအားလုံး ပြိုင်တူညိုးရော်ချိန်
ကလေးငယ်တွေအားလုံး တိတ်ဆိတ်ဆွံ့အချိန်
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လက်တွေက
အကျိုးစီးပွား နျူကလီးယားလက်နက် အာဏာစက်
လောင်စာအပြည့်နဲ့ ကျိန်စာတွေ နှောင်ခတ်ထားပြီ
လူတွေ လုပ်မိလို့ မှားတဲ့အမှားတွေနဲ့
လူတွေ မလုပ်မိလို့ မှားတဲ့အမှားတွေနဲ့
တကယ်တမ်း ဖောက်ပြန်နေတာ သဘာ၀၀န်းကျင် ဟုတ်ရဲ့လား
ဘိုးဘေးတွေက ကမ္ဘာကြီးကို အမဲလိုက်ခဲ့တယ်
သားမြေးတွေက ကမ္ဘာကြီးကို အမဲဖျက်ခဲ့တယ်
အခုတော့လည်း သန်းပေါင်းခြောက်ထောင် သားကောင်တွေဖြစ် လို့။
ပန်ဒိုရာ
တရုတ် စတိုင် ဝက်သုံးထပ်သားပေါင်း (Braised pork belly)
-
ဒီနေ့ ဒင်ဒင်ကတော့ တရုတ်ဆိုင်တွေမှာ စျေးကြီးပေးဝယ်စားရတဲ့ Braised Pork
Belly ဝက်သုံးထပ်သား ပေါင်းပေါ့။အလွန်အင်မတန်မှ စားကောင်းလို့ ဘော်ဘော်တွေ
လုပ်စားရအောင...
1 week ago





20 comments:
ချစ်သူချင်း နမ်းရှိုက်နိုင်ခွင့်
မိသားစုချင်း ရင်ခွင်အပ်ခွင့်
မိတ်ဆွေချင်း လက်ဆွဲနှုတ်ဆက်ခွင့်
အချိန်.. ဘယ်လောက်ကျန်ပါသလဲ
အချိန်.. ဘယ်လောက်ကျန်ပါသလဲ
အချိန်.. ဘယ်လောက်ကျန်ပါသလဲ
ကဗျာတပုဒ်လုံးမှာ အဲဒီစာကြောင်းတွေက မျက်လုံးထဲကို တန်းကနဲ ဝင်လာတယ်...
အချိန်.. ဘယ်လောက်ကျန်ပါသလဲ...
တကယ်တမ်း ဖောက်ပြန်နေတာ သဘာ၀၀န်းကျင် ဟုတ်ရဲ့လား
တွေးစရာပဲ။ နယူတန် ရဲ့ တွက်ချက် အရဆို..၂၀၆၀ ဆိုတော့.. နှစ် ၅၀ ကျန်အုံးမယ်..။
စူးစူးရှရှ.. ကဗျာလေးတပုဒ်။
ဒီကဗျာကို ဖတ်နေချိန်မှာ အပြင်မှာ လေတွေ ဟူးဟူးရားရား တိုက်ခတ်နေတယ်။ မုန်တိုင်းအဖျားခတ်တယ်ထင်ပါရဲ့။ အခုတလော ငလျင်အဖျားခတ်တာကိုလည်း ခံစားလိုက်ရသေးတယ်။
ဂြိုဟ်ပေါ်မှာ လူဖြစ်လာကြတော့လည်း ဂြိုဟ်မွှေတာလေးတွေကို ခံစားရပေဦးမပေါ့။
ကောင်းလိုက်တာ၊ တကယ်ကို တရား သံဝေဂ ရစရာ ကဗျာလေးပါပဲ။
ချောက်ချားမိပါရဲ့..........
မပူပါနဲ့ မပူပါနဲ့ မပူပါ.....နဲ့
ဒီတောင်ကိုမောင်ဖြိုမယ် မြင့်မိုရ်မို့လား
သန်းပေါင်းခြောက်ထောင်သော သားကောင်တွေ ...
ကပ်ဆိုက်နေသော ကမ္ဘာကြီးရဲ့ ငိုညည်းသံ ...
ပန်ပန်ရေ ...
ကလိယုဂ်ခေတ်မှာ လူဖြစ်လာရတာ ၀ဋ်ကြွေးပါလို့ ထင်ပါရဲ့။
မရေ..ကြောက်လည်း ကြောက်နေဆဲ ဒါပေမယ့် ...
အမည်မသိက မယ်ကိုးပါ။ ဘယ်လိုလုပ် sign in မဝင်ရသေးဘဲ နှိပ်မိသွားတာ =)
ဂြိုဟ်ပြာကြီးမှာ အချိန် ဘယ်လောက် ကျန်ပါသလဲ...
အရီး
စိတ်ထိခိုက်စရာတွေ..
ကျန်သေးလား...
စိတ်ပျက်စရာတွေတော့ ကျန်သေးတာအမှန်ပဲ..။
Cool...thx
I B try 2 time management 4 ur sweet poem :)
Captivating. Thoughtful transformation of current affairs into art... :)
ဆုတ်ယုတ်လာတယ်ပြောမလား..
တိုးတက်နေတယ်ပြောမလား..
အဆန်းတကြယ် တိုးတက်တီထွင်မှုတွေနဲ့
အစမ်းသပ်ခံတွေ..
ဆန်းဆန်းပြားပြား..တောက်လောင်လို့..
စတေးခံနေရတဲ့ဘ၀တွေပေါ်မှာ..
လက်ခမောင်းခတ်သူတွေရဲ့ ဟန်ရေးတပြပြဆက်တင်က
ရွံရှာစရာ...
ကောင်းကင်တောင်...
မပြာနိုင်တော့ဘူးးးး
သွေးခြည်ရိပ်ရိပ်ဥနေပေါ့..
ပန်ပန်..
သိပ်ကြိုက်သွားပါကြောင်း..
ဘယ်အချိန်ရင်ဆိုင်ရမလဲ
ဘယ်အချိန်ကျော်သွားမလဲ
ရင်ထဲတထိတ်ထိတ်နဲ့
ဘာများတတ်နိုင်ကြမှာလဲ......
မနက်ဖြန်နေသာမှာပါ
မနက်ဖြန်မှာနေမသာရင် မနက်ဖြန်ရဲ့ မနက်ဖြန်မှာ နေသာလိမ့်မယ်။
“အချိန်.. ဘယ်လောက်ကျန်ပါသလဲ” ဆိုတဲ့နေရာမှာ လန့်နိုးသူတစ်ယောက်လို ခံစားလိုက်ရပါတယ် အစ်မ။ “တကယ်တမ်းဖောက်ပြန်နေတာ သဘာဝပတ်ဝန်းကျင်” တစ်ခုထဲ မဟုတ်တာ သေချာပါတယ်လေ။ တကယ်တော့ သဘာဝပတ်ဝန်းကျင် ကိုယ်တိုင်ကပါ သားကောင် ဖြစ်နေရှာသေးတာနော်...
ကပ်ကဗျာမှာ စိတ်ကိုလာ ကပ် သွားတယ်။
အစ်ပန်ရေ ... ကဗျာလေး ဖတ်ပြီး ကပ်သုံးပါး အကုန်ကျရောက်နေတဲ့ ဒီလေထုထဲ .... အသက်တောင် ရှုလို့ မဝတဲ့အ ဖြစ်ကို မြင်သွား မိခံစားသွားမိပါတယ် ....
ခင်တဲ့
ရန်ကုန်သား :)
စိတ်တွေ ကစဥ့်ကလျား ဖြစ်လုမတတ်ပဲ။ ကပ် တဲ့လား။။။ အသက်တောင် မရှုနိုင်တော့ဘူး။ ဟူးးးးးးးးးး
Post a Comment